ဗဟုသုတ

သင့်ကလေးတွေကို ပွေ့ဖက်ပေးလေလေ ၎င်းတို့ရဲ့ ဦးနှောက်များ ဖွံ့ဖြိုးမှု အားကောင်းလာလေလေဖြစ်ကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့

နွေးထွေးတဲ့ ပွေ့ဖက်ခြင်းကို ခံယူတာထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။ ၎င်းဟာ စိတ်ခံစားမှုဆိုင်ရာ အကျိုးကျေးဇူးများနှင့်အတူ ပါ၀င်ကြောင်းလူအများသိကြပေမဲ့လည်း ၎င်းဟာ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုနိုင်ကြောင်း လေ့လာမှုတစ်ခုက သက်သေပြခဲ့ပါတယ်။

2011ခုနှစ်ထုတ် Developmental Cellတွင်ထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုမှာ Weizmann Institute မှ Dr.Gil Levkowitzဦးဆောင်သော သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ Oxytocinသို့မဟုတ်ချစ်ခြင်းမေတ္တာဟော်မုန်းဟုအများသိထားတဲ့ဟော်မုန်းဟာမိခင်ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

Dr.Levkowitz ၏ အဆိုအရ Oxytocin ဟာ ကလေး၏ ဦးနှောက်အတွင်းရှိ သွေးကြောအသစ်များ ဖွဲ့စည်းခြင်းကိုထိန်းချုပ်ပေးပြီး၊ အထူးသဖြင့် စိတ်ဖိစီးမှု၊ ကြီးထွားမှုနှင့်မျိုးပွားမှုကဲ့သို့သောဇီဝကမ္မဖြစ်စဉ်များကိုထိန်းချုပ်ပေးသည့် pituitary gland ပါရှိပါတယ်။ ထို့ပြင်အစ္စရေးနိုင်ငံရှိ Bar-Ilan တက္ကသိုလ်မှ ပြုလုပ်သောစိတ်ပညာသိပ္ပံဆိုင်ရာAssociation for Psychological Scienceဂျာနယ်တွင်ထုတ်ဝေသည့်နောက်ထပ်လေ့လာမှုတစ်ခုမှာ Oxytocin ရဲ့အဆင့်ဟာ မိခင်နှင့်ကလေးကြား ဆက်ဆံရေးအဆင့်နှင့် အပြုသဘောဆောင်သော ဆက်နွယ်မှုရှိကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

၎င်းတို့ရဲ့လေ့လာမှုမှာ ဟော်မုန်းအဆင့်မြင့်တဲ့ မိခင်တွေဟာ မွေးပြီးနောက်ပိုင်း မွေးကင်းစကလေးတွေနဲ့ ပိုရင်းနှီးပြီးသားသမီးတွေကို ပိုကာကွယ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပြီးလေ့လာမှုများစွာအရဟော်မုန်းဟာဆင်တူသောလက္ခဏာများရှိသည့်သူများကြားပေါင်းစပ်မှုတွင် အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်နေကြောင်း ထင်ရှားပေမဲ့လည်း Oxytocin ဟာ မမွေးမီ ကျွန်တော်တို့ရဲ့အသက်နှင့် ကြာမြင့်စွာ ပတ်သက်ဆက်နွယ်နေပါတယ်။နာမည်လေးအတိုင်း၊ “ချစ်ခြင်းမေတ္တာဟော်မုန်း” သို့မဟုတ် Oxytocin ဟာ ရင်းနှီးသောဆက်ဆံရေးအားလုံးတွင် မရှိမဖြစ်လိုအပ်သည့် ပျော်ရွှင်မှုနှင့် ယုံကြည်မှုခံစားချက်များကို လှုံ့ဆော်ပေးပါတယ်။

၎င်းဟာ ကျွန်တော်တို့အား စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းရန်နှင့် စွဲလမ်းစေတဲ့ အပြုအမူများကိုဖျက်စီးခြင်းမှရှောင်ကြဉ်ရန်ကူညီပေးသည့်တူညီသောဟော်မုန်းလည်းဖြစ်ပြီး Oxytocin ထုတ်လွှတ်မှုကိုလှုံ့ဆော်ရန်အလွယ်ကူဆုံးနည်းလမ်းမှာပွေ့ဖက်ခြင်းသို့မဟုတ်ချစ်ခင်ကြင်နာသောထိတွေ့ခြင်းကဲ့သို့သော ကျန်းမာရေးနှင့်ညီညွတ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြန်အလှန်တုံ့ပြန်မှုများမှတဆင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်ကလေးအတွက် အပိုပညာရေးအရုပ်တွေဝယ်ပေးဖို့ ဒါမှမဟုတ် နွေးထွေးတဲ့ပွေ့ဖက်မှုတွေနဲ့ နေ့တိုင်းရေချိုးဖို့ စဉ်းစားနေတယ်ဆိုရင်သင့်ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် Oxytocin ရဲ့နက်နဲတဲ့အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားလိုက်ပါဗျာ ။

Reference : goodtimes