Local News

ဆီလာထည့်သူတိုင်းအား ပျော်ရွှင်မှုပေးစွမ်းဖို့အတွက် ဓာတ်ဆီဆိုင်ပိုင်ရှင်ထံမှ နာမည်ကဒ်ပြားနဲ့အတူ တရားဝင်ခန့်အပ်ခံထားရတဲ့ ခွေးလေး

ဘရာဇီးနိုင်ငံ Mogi das Cruzes မြို့ရှိ Shell အမည်ရှိ အသေးစားဓာတ်ဆီဆိုင်မှာ အလုပ်လုပ်နေတဲ့ Negão အမည်ရှိအနက်ရောင်ခွေးလေးတစ်ကောင်ဟာ ဖောက်သည်တွေအတွက် ဓာတ်ငွေ့ထည့်ပေးနိုင်တဲ့စွမ်းရည်မရှိပေမဲ့လည်း ဖောက်သည်များအားပျော်ရွှင်မှုပေးစွမ်းနိုင်သူဘဲဖြစ်ပါတယ်။ Negão ကို လွန်ခဲ့တဲ့ ၂ နှစ်က Sabrina Plannerer အမည်ရှိ Shell ဓာတ်ဆီဆိုင်ပိုင်ရှင်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ထိုအချိန်မှာ Plannerer က ၎င်းရဲ့Shell ဓာတ်ဆီဆိုင်ကိုဆောက်လုပ်နေစဉ်ဖြစ်သလို ၎င်းရဲ့ဆိုက်တဝိုက်နားမှာ Negão လေးကအမြဲတမ်းလေလွင့်နေတာကိုတွေ့ရှိခဲ့တာဖြစ်ပြီး ၊ Negão ကလည်း ၎င်းရဲ့သခင်ဟောင်းက စွန့်ပစ်ထားခဲ့တဲ့ အဲဒီနေရာကနေထွက်သွားဖို့ အရမ်းကြောက်ပုံရနေခဲ့ပါတယ်။

ဒါ့ကြောင့် Plannerer က အရွယ်မရောက်သေးတဲ့ ထိုခွေးပေါက်စလေးကိုမွေးစားလိုက်ပြီး ကာကွယ်ဆေးထိုးပေးကာကောင်းမွန်စွာ ပြုစုပျိုးထောင်းလာပေးခဲ့ပါတယ်။ ဒါ့ကြောင့် ၎င်းရဲ့ဓာတ်ဆီဆိုင်ဖွင့်တဲ့အခါမှာတော့ Negão လေးက ဆိုင်ရဲ့ဝန်ထမ်းဖြစ်လာခဲ့တာပါဘဲ။ဖော်ရွေတဲ့ဖောက်သည်များကလည်း Negão ကို ချစ်ကြပြီး ဆိုင်ဝန်ထမ်းများကိုလည်း Negão က အမြဲပျော်ရွှင်စေခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် ၎င်းတို့က Negão လေးကို ချစ်ခြင်းမေတ္တာများစွာပေးကြပြီး အလုပ်ခွင်မှာ လုံခြုံစေရန်အမြဲသေချာစေခဲ့ပါတယ်။Negão မှာ သူ့နာမည်တံဆိပ်ပါရှိတဲ့ဝန်ထမ်းကဒ်ရှိနေပြီး ထိုဓာတ်ဆီဆိုင်ရဲ့တရားဝင်ဝန်ထမ်းလေးလည်းဖြစ်ပါတယ်။

ထို့ပြင် Negão လေးဟာ သာမန်အိမ်တွေကိုရှာမတွေ့တဲ့ခွေးလေခွေးလွင့်များအတွက် Shell ဓာတ်ဆီဆိုင်ကဲ့သို့သောအခြားစီးပွါးရေးလုပ်ငန်းများကိုကူညီရှာဖွေပေးတဲ့ Grupo FERA လို့ခေါ်တဲ့ ပရဟိတလုပ်ငန်းတစ်ခုအတွက်လည်း ပရိုမိုးရှင်း ဆင်းပေးနေလျက်ရှိပါသေးတယ်။

Reference : fascinating

crd