Local News

မိခင်ဆင်မကြီးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရ၍ ဝမ်းနည်းကြေကွဲစွာဖြင့် ၅နာရီအကြာ ငိုကြွေးခဲ့သော ဆင်ပေါက်လေ

တိရစ္ဆာန်လေးများသည်လည်း လူသားတို့နီးပါး စိတ်ခံစားချက်ရှိကာ ဝမ်းနည်းပူဆွေးနေချိန်မှာမျက်နှာလေးညှိုးနွမ်းနေတတ်ပြီး အချို့မှာမျက်ရည်များပင် ကျတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Shandong ပြည်နယ် Shendiaoshanတောရိုင်း တိရစ္ဆာန်ရုံတွင် ဆင်ပေါက်လေးတစ်ကောင်သည် ရုတ်တရက် မိခင်ဖြစ်သူဆင်မကြီးရဲ့ နင်းခြင်းကို ခံရကာ ဝန်ထမ်းများမှ ခေါ်ယူပြီး ဆေးကုသပေးခဲ့ရသည်။

ဝန်ထမ်းများသည်လည်း ဆင်ပေါက်လေးအားမိခင်ဆင်မကြီးမှမတော်တဆနင်းမိသည်ဟုထင်ပြီးဆေးကုသပြီးနောက် ၂နာရီအကြာတွင်မိခင်ဖြစ်သူထံ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

သို့သော်လည်း ဆင်မကြီးသည်သူ့ကလေးကိုရက်စက်စွာတမင်သက်သက်နင်းကာအနားကနေမောင်းထုတ်ခဲ့တာကြောင့် ဝန်ထမ်းများသည် မိခင်မှဘာကြောင့်ယခုလို ကိုယ့်ကလေးကို ပြုမူဆက်ဆံနေရခြင်းအကြောင်းကိုမသိရပေမယ့် ဆင်ပေါက်လေးကို မိခင်ဆီကနေ အမြန်ခွဲထုတ်ခဲ့သည်။

ထိုအချိန်မှ ဆင်ပေါက်လေးသည် မိခင်ဆင်မကြီးရဲ့မလိုချင်စွန့်ပစ်ခြင်းကို ခံခဲ့ရသည်ကိုနားလည်သွားပြီး ဝမ်းနည်းစွာဖြင့် ၅နာရီကြာအောင် ငိုကြွေးခဲ့သည်။

Zawgyi

မိခင်ဆင်မကြီးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရ၍ ဝမ်းနည်းကြေကွဲစွာဖြင့် ၅နာရီအကြာ ငိုကြွေးခဲ့သော ဆင်ပေါက်လေး





crd