ဗဟုသုတ

အငြိမ်းစားယူတော့မည့် ဆရာဖြစ်သူကို ပိုက်ဆံလေးတွေလိုက်စုကာ ဇိမ်ခံကားသစ်တစ်စီးအား လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သည့် တပည့်လေးများ

ကျောင်းနေဖူးသောသူများအတွက် သူတို့ရဲ့ရင်ထဲမှာ တစ်သက်တာ မမေ့နိုင်သော ဆရာ၊ ဆရာမကောင်းဆိုတာ ရှိကြလိမ့်မည်ဟု ထင်မိပြီး အမြဲသတိရကာ တဖန်ပြန်သွားချင်သည့်နေရာသည် ကျောင်းတော်ကြီးပင် ဖြစ်သည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အသက်၅၈နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် TKCအမည်ရှိ စာသင်ကျောင်းတစ်ခုမှာ သင်္ချာဘာသာရပ်ကို ၃၅နှစ်ကျော်အကြာ သင်ကြားပေးခဲ့သည်။

ဆရာဖြစ်သူသည် တပည့်လေးတွေအပေါ် စိတ်ရှည်ကာ သွန်သင်ဆုံးမပြီးသူသင်သည့်ဘာသာရပ်အားကလေးတွေတစ်ခါတည်းသဘောပေါက်နားလည်အောင် သင်ကြားပေးခြင်းဖြင့် တပည့်လေးတွေဆီကနေ လေးစားမှုများစွာ ခံခဲ့ရသည်။

သို့သော်လည်း ဆရာဖြစ်သူသည် အသက်ကြီးလာပြီဖြစ်၍ အငြိမ်းစားပင်စင်ယူရတော့မည်ဖြစ်ကာ တပည့်လေးတွေသည် သူတို့စုဆောင်းထားတဲ့ ငွေလေးနှင့် နှုတ်ဆက်ပွဲအခမ်းအနားတွင် ဆရာဖြစ်သူအတွက် ဇိမ်ခံကားသစ်တစ်စီးကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ကြသည်။

Zawgyi






crd