Local News

ကလေးငယ် လမ်းလျှောက်တတ်အောင် ကိုယ်တိုင်သင်ကြားပေးခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

ကလေးငယ် လမ်းလျှောက်တတ်အောင် ကိုယ်တိုင်သင်ကြားပေးခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

ကိုယ့်ရဲ့ ကလေးငယ် ပထမဆုံးအနေနဲ့ လမ်းလျှောက်တတ်ဖို့ မိဘတွေအနေနဲ့ အတော်လေးကို စိတ်ရှည်သည်းခံပြီးသင်ကြားပြသပေးခဲ့ရတာပါ ။ကံကောင်းစွာနဲ့ပဲ ဒီတစ်ခေါက်ဖော်ပြမဲ့ လမ်းမလျှောက်တတ်သေးတဲ့ကောင်လေးကို အိမ်မှာမွေးထားတဲ့ကြောင်လေးကလမ်းလျှောက်တတ်အောင်ကူညီသင်ကြားပေးခဲ့ပါတယ် ။

Video ထဲမှာ ဖော်ပြထားတဲ့အတိုင်း တွန်းလှည်းလေးကိုအားပြုပြီး လမ်းလျှောက်ရတာကို အရင်ဆုံးကြောင်လေးကပြုလုပ်ပြခဲ့ပါတယ် ။ ခဏမှာပဲကလေးငယ်က ကြောင်လေးလို တွန်းလှည်းကိုအမှီပြုပြီး လမ်းလျှောက်ကာ လိုက်လံတုပခဲ့ပါတယ် ။ကြောင်လေးရဲ့အပြုအမှုကိုကြည့်ရုံနဲ့ သူဟာကလေးငယ်ကိုလမ်းလျှောက်တတ်အောင် သက်ကြားပြသပေးနေမှန်း သိသာနေခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို ကလေးငယ်ရဲ့မိဘက video ရိုက်ယူထားပြီးsocial mediaပေါ်ဝေမျှပေးခဲ့တာပါ ။တစ်ကယ့်ကိုကလေးငယ်အပေါ်ချစ်ခင်ပြီး သိတတ်လိမ္မာလွန်းတဲ့ ကြောင်လေးလို့ ပြောရမှာပါပဲလေ ။

Zawgyi





crd