Local News
တစ်ရက်ကို ဖောက်သည်အယောက် ၅၀၀ခန့် လာရောက်စားသုံးတဲ့ လမ်းဘေးကြက်သားထမင်းဆိုင်
ယက်နမ်နိုင်ငံ ဆိုင်ဂုံရှိ ထမင်းဆိုင်များမှာ ထူးခြားတဲ့ ဟင်းချက်ပြုတ်နည်းများစွာ ရှိပါတယ် ။ ဒါပေမဲ့ အန်ကယ်နမ်ရဲ့ ကြက်သားထမင်းဆိုင်ကတော့ တစ်နေ့တစ်နေ့ လူတွေ အဆက်မပြက်ဘဲ လာရောက် စားသုံးနေပါတယ် ။ အန်ကယ်ဟာ မီးဖိုချောင်မှာ သူကိုယ်တိုင်လုပ်ကိုင်ခဲ့ပြီး အထူးဆွဲဆောင်မှုဖြင့် ပန်းကန်ကို ရှူရှိုက်စေတဲ့ ငံပြာရည်တစ်မျိုးကို လက်တစ်ဖက်ဖြင့် တီထွင်ခဲ့ပါတယ် ။
နေ့စဉ် နံနက် ၁၀ နာရီဆိုရင် ဧည့်သည် အများအပြား လာရောက်ကြပြီး အချို့ရက်များမှာ တန်းစီတာက မီတာများစွာ ရှည်လျားပြီးအလွန်အလုပ်များတာကြောင့် ဖြတ်သွားဖြတ်လာသူ အများအပြားကို အံ့အားသင့်စေပါတယ် ။
ဆိုင်အတွင်းရော အပြင်မှာပါ အားလုံးပြည့်နေတာကြောင့် အန်ကယ်နမ်းရဲ့မိသားစု၅ယောက်ကမလောက်လို့ဘေးအိမ်ကသတင်းစာရောင်းတဲ့ ဦးလေးကိုတောင် ခေါ်ခဲ့ရပါတယ် ။ယခင်ကဦးလေးနမ်ဟာလုံခြုံရေးအစောင့်တစ်ဦးဖြစ်ခဲ့ပေမယ့်အဲ့အလုပ်ဟာသူအတွက်မသင့်တော်ဘူးလို့ထင်ပြီးထမင်းရောင်းတဲ့စားသောက်ဆိုင်ဖွင့်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။
အန်ကယ်နမ်ကနေ့စဉ်ဖောက်သည်၃၀၀-၅၀၀ခန့်ကိုကြိုဆိုပြီးဖောက်သည်အများစုကသူတို့ရဲ့မိတ်ဆွေတွေကို ပြန်လည်မိတ်ဆက်ပေးသောကြောင့် ဖောက်သည်အချို့က ထိုအချိန်မှစပြီး ပုံမှန်ဖောက်သည်များ ဖြစ်လာကြပါတယ် ။
Reference : bestie
Zawgyi
crd
JRose (KB Chimmy one)