Local News

ကမ္ဘာ့တတိယအကြီးဆုံး ၁,၀၉၈ ကာရက်ရှိတဲ့ အကြည်ရောင်စိန်တုံးကြီးကို ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ကုမ္ပဏီလုပ်သားများ

Debswana လို့ခေါ်တဲ့ စိန်ကုမ္ပဏီကြီးတစ်ခုဟာ Botswana နိုင်ငံ၌ကမ္ဘာ့တတိယအကြီးဆုံးစိန်တုံးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းယုံကြည်ထားရပါတယ်။ ကုမ္ပဏီဟာ အလေးချိန် 1,098ကာရက်ရှိစိန်တစ်လုံးကိုတွေ့ရှိခဲ့ပြီးနှစ်ပတ်အကြာမှာသမ္မတ Mokgweetsi အားပြသခဲ့ပါတယ်။ ၎င်းဟာ 2015 ခုနှစ်၌ Botswana တွင် ရှာဖွေတွေ့ရှိခဲ့သည့် Lucara Diamonds ကုမ္ပဏီမှတူးဖော်တွေ့ရှိခဲ့သောဒုတိယအကြီးဆုံး 1,109 ကာရက် Lesedi La Rona စိန်ထက် အနည်းငယ်သာ အလေးချိန် ပေါ့ပါးပါတယ်။

ဒီအကြည်ရောင်စိန်တုံးကြီးကို ရှာဖွေတွေ့ရှိပြီးနောက် ၊Debswana Diamond Company ရဲ့ မန်နေးဂျင်းဒါရိုက်တာ Lynette Armstrong က “ဒီကျောက်တုံးဟာ လည်ပတ်မှုသမိုင်းမှာ နှစ် 50 ကျော်အတွင်း Debswana ကုမ္ပဏီက ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးဆုံးစိန်ပါပဲ။ ကျွန်တော်တို့ရဲ့ ကနဦးဆန်းစစ်ချက်အရ ဒါဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အရည်အသွေးရှိတဲ့ ကျောက်မျက်ရတနာ ဖြစ်နိုင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Debswana ကုမ္ပဏီဟာ အစိုးရနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ဘီလူးကြီး De Beers တို့ကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ရောင်းချမှုမှ ရရှိသည့်၀င်ငွေ၏ ၈၀ ရာခိုင်နှုန်းဟာ အမြတ်ဝေစုများ ၊မူပိုင်ခွင့်များနှင့် အခွန်များမှတစ်ဆင့် နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ရောက်သွားပါတယ်။လက်ရှိမှာတော့ Debswana ကုမ္ပဏီဟာ De Beers သို့မဟုတ် အစိုးရပိုင် Okavango Diamond ကုမ္ပဏီမှတဆင့် ဒီ “ရှားပါးပြီး ထူးကဲတဲ့ အကြည်ရောင်ကျောက်တုံးကြီး” ကိုရောင်းချလိုခြင်း ရှိ၊မရှိ မဆုံးဖြတ်ရသေးပါဘူး။

ကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ဈေးကွက်က ကူးစက်ရောဂါဘေးမှ ပြန်လည်နာလန်ထူလာနိုင်ပြီဖြစ်တာကြောင့်၊ရောဂါမဖြစ်ပွါးမီကရည်ရွယ်ထားခဲ့တဲ့ ကာရက် ၂၃ သန်းအထိ ထုတ်လုပ်မှုကို ၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် စီစဉ်ထားပြီး ကူးစက်ရောဂါနှင့် ပတ်သက်သည့် စည်းကမ်းကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးထားပါတယ်။ ထို့အပြင် ၎င်းကျောက်တုံးကြီးရဲ့တရားဝင်အမည်ကိုတော့ မဆုံးဖြတ်ရသေးကြောင်းလည်း သိရှိရပါတယ်။

Reference : goodtimes

crd