ဗဟုသုတ

နံ့စော်နေတဲ့ သခင်ဖြစ်သူရဲ့ခြေထောက်ကို စပ်စုပြီး ရှုကြည့်ရင်း ထိတ်လန့်သွားခဲ့တဲ့ ကြောင်လေးရဲ့ရယ်စရာတုံ့ပြန်မှု (ရုပ်သံ)

တစ်ခါတစ်ရံမှာ အထူးသဖြင့်တစ်နေကုန် ရှူးဖိနပ်စီးပြီးနောက်နံစော်နေတဲ့သင့်ခြေထောက်တွေကိုပြန်ရှုကြည့်ဖူးလားဗျာ ။ ဂျပန် YouTuber တစ်ဦးဟာ မကြာသေးမီက ၎င်းရဲ့ အနံ့အသက်ဆိုးရွားနေတဲ့ခြေဖဝါးများကို ရှုကြည့်လိုက်ပြီးနောက် ရယ်မောဖွယ် တုံ့ပြန်ခဲ့တဲ့ ၎င်းကြောင်လေးရဲ့ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ပေးခဲ့ပါတယ်။ ဗီဒီယိုအစကိုတော့ ကြောင်လေးက ထိုအမျိုးသားရဲ့ခြေထောက်ကို ဆော့ကစားနေခြင်းဖြင့် စတင်ထားပါတယ်။ တွန့်လိမ်နေတဲ့ခြေချောင်းတွေရဲ့ထိတွေ့မှုကို ခံရပြီးနောက်မှာ ကြောင်လေးက အဲဒီ့မှာ ဘာတွေဖြစ်နေလဲဆိုတာကိုစစ်ဆေးရှူကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ထို့နောက် တစ်ခုခုတော့ မှားနေပြီဆိုတာကို ကနဦး သဘောပေါက်လာတဲ့ကြောင်လေးက စပ်စုပြီး ၎င်းခြေချောင်းတွေကို လျှာနဲ့ ယက်ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ခေါင်းကို နောက်ပြန်မော့ပြီး ခြေချောင်းတွေနဲ့ ဝေးရာကိုခေါင်းရှောင်သွားခဲ့ပါတယ်။အဆိုပါအမျိုးသားရဲ့ခြေချောင်းတွေကဘယ်လောက်တောင် အနံ့ဆိုးထွက်နေလဲဆိုတာ ကြောင်လေးရဲ့မျက်နှာအမူအရာက သက်သေပါဘဲ။

အံ့သြစရာကောင်းတာက၊၎င်းကြောင်လေးရဲ့တုံ့ပြန်မှုကို ကင်မရာမှာဖမ်းယူထားခဲ့မိပြီး ၎င်းကသင့်ကိုရယ်မောစေနိုင်ပါတယ်။ ဒီတော့သင်ကိုယ်တိုင် ကြောင်လေးရဲ့သရုပ်ဆောင်မှုနှင့် ဒရာမာဇာတ်လမ်းကို အောက်ဖော်ပြပါပုံတွေမှာ ကြည့်ရှုနိုင်ပြီး ကြောင်လေးရဲ့တုံ့ပြန်မှုက အဖိုးမဖြတ်နိုင်အောင်ဖြစ်နေတာကို တွေ့မြင်နိုင်ပါတယ်။

crd

Zawgyi




crd