Local News

ဆိုင်ကယ်ဦးထုပ်မဆောင်းသလို အဝတ်မပါဘဲ ကိုယ်လုံးတီးဖြင့် စိတ်လွတ်ကိုယ်လွတ် ဆိုင်ကယ်စီးပြီး မြို့ပတ်နေခဲ့တဲ့ အမျိုးသားတစ်ဦး

မကြာသေးမီက ဦးထုပ်မဆောင်းဘဲ စင်ကာပူလမ်းများပေါ်တွင် ဆိုင်ကယ်စီးလာသည့် ဆိုင်ကယ်သမားတစ်ဦးကိုကင်မရာဖြင့်ဖမ်းမိခဲ့ပါတယ်။ Jalan Eunos မြို့ရဲ့ Masjid Darul Aman ဗလီကျောင်းအနီးရှိမီးပွိုင့်တစ်ခု၌ ကိုယ်လုံးတီးနဲ့ ခါးထောက်နေသည့် ဆိုင်ကယ်ယာဉ်မောင်းသူတစ်ဦး၏ဓာတ်ပုံများဟာအွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ Pan Island Expressway လမ်းတစ်လျှောက် ဆိုင်ကယ်မောင်းလာသည့် အလားတူ ဆိုင်ကယ်သမားတစ်ဦးက လမ်းကြားတစ်ခုမှ ထွက်လာသည့် အဆိုပါ ကိုယ်လုံးတီးနဲ့ အမျိုးသားကို တွေ့လိုက်ပြီးနောက် ၎င်းဗီဒီယိုအား အွန်လိုင်းပေါ်တင်ခဲ့တာပါ။

အဝတ်မပါတဲ့ ဆိုင်ကယ်သမားအား နောက်ကနေလိုက်နေတဲ့ အခြားဆိုင်ကယ်သမားမှ ရိုက်ကူးထားသည့် ဗီဒီယိုတွင်၎င်းတို့နှစ်ဦးစလုံးဟာ Bedok North Road လမ်းပေါ်ကနေ အတူမောင်းနှင်နေကြတာကိုတွေ့မြင်နိုင်သလို အဆိုပါနောက်ကလိုက်နေတဲ့ဆိုင်ကယ်သမားက အခြားလမ်းပေါ်က ယာဉ်မောင်းတွေကို ၎င်းတို့ရှေ့မှမြင်လိုက်ရတဲ့မြင်ကွင်းအကြောင်း လက်ဟန်ပြနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

ထို့နောက် ဗီဒီယိုထဲတွင် အဝတ်မပါတဲ့ ကိုယ်လုံးတီးနဲ့ ဆိုင်ကယ်သမားကလမ်းတစ်ခုမှာ ဂငယ်ကွေ့ဝင်သွားတာကို ပြသခဲ့ပြီးနောက်မှာတော့ထိုနောက်ကလိုက်နေတဲ့ဆိုင်ကယ်သမားကလည်း ၎င်းအား မလိုက်တော့ဘဲ သူ့လမ်းကြောင်းနဲ့သူ သွားလိုက်ပါတော့တယ်။ စင်္ကာပူနိုင်ငံရဲ့ဥပဒေအရ မော်တော်ဆိုင်ကယ်စီးစဉ် ဦးထုပ်မဆောင်းပါက ပြစ်ဒဏ်သုံးမျိုးနှင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၅၀ ပေးဆောင်ရမည်ဖြစ်သလိုအများပြည်သူပိုင်နေရာတွေမှာကိုယ်လုံးတီးနဲ့ ပေါ်လာသူတွေကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခွင့်ရှိပါတယ်။

Crd

Zawgyi




Crd