Local News

ပင်လယ်သမုဒ္ဒရာရဲ့ လှပမှုပေါ်လွင်အောင် ရေအောက်မှာ 6 နာရီခန့်ကြာသည်အထိ ပန်းချီရေးဆွဲခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

ပင်လယ်သမုဒ္ဒရာရဲ့ လှပမှုပေါ်လွင်အောင် ရေအောက်မှာ 6 နာရီခန့်ကြာသည်အထိ ပန်းချီရေးဆွဲခဲ့တဲ့ အမျိုးသမီး (ရုပ်သံ)

အနုပညာရှင်တွေက ပန်းချီကားကို ပတ်ဝန်းကျင်အလှတရားတွေ၊ တောင်တန်းတွေ နဲ့ ကမ်းခြေတွေကို ရေးဆွဲကြပေမဲ့လည်း ရုရှားနိုင်ငံက၎င်းအနုပညာရှင်ဟာ ပန်းချီအနုပညာကို ထူဆန်းတဲ့နည်းစနစ်နဲ့ ရေးဆွဲခဲ့ပါတယ် ။ Olga Belka အမည်ရှိ ပန်းချီအနုပညာရှင်အမျိုးသမီးတစ်ဦးဟာသမုဒ္ဒရာရဲ့နက်နဲတဲ့နေရာမှာ ပထမဦးဆုံး ပန်းချီရေးဆွဲတဲ့ အနုပညာရှင်ဘဲ ဖြစ်နိုင်ပါတယ် ။

၎င်းပန်းချီဆရာဟာအခြားစိတ်အားထက်သန်မှုနဲ့ပေါင်းစပ်ခြင်းအားဖြင့် သူမဟာရေအောက်နစ်နေစဉ်မှာ အမျိုးသမီးတစ်ဦးရဲ့ ပုံတူပန်းချီကားနဲ့ ရေအောက်အလှတရားတွေကို ဆွဲခဲ့တာပါ ။သူမက မှော်ဆန်တဲ့ ပင်လယ်ရဲ့အလှတရားကို ဓာတ်ပုံရိုက်ခြင်းအားဖြင့် ချွတ်စွပ်မတူနိုင်ဘူးလို့ ယုံကြည်ခဲ့တာကြောင့် ပန်းချီရေးဆွဲခြင်းဖြင့် ပင်လယ်ရဲ့လှပမှုကို တိုက်ရိုက်ဖမ်းယူနိုင်ခြင်းဟာ အကောင်းဆုံးဖြစ်တာပါ လို့ ဆိုပါတယ် ။

ပင်လယ်သမုဒ္ဒရာအောက်မှာ ပန်းချီဆွဲခြင်းအထူးနည်းစနစ်ကို အသုံးပြုပြီး အနုပညာလက်ရာများပြီးစီးရန် သူမဟာ ၂နာရီမှ ၆နာရီခန့်ကြာလေ့ရှိပါတယ် ။ သူမရဲ့ ပန်းချီကားကိုစိတ်ဝင်စားပါသလား ။ သူမရဲ့ အနုပညာလက်ရာများကို ကမ္ဘာအနှံ့ရောင်းချလျက်ရှိပြီး စတင်ဈေးနှုန်းမှာ ဒေါ်လာ ၃၀၀၀ ဖြစ်ပါတယ် ။

Zawgyi





crd