Local News

ဘဲပေါက်စလေး ၇၆ ကောင်ကို တစ်ပြိုင်တည်းထိန်းကျောင်းပြုစုနေရတဲ့ အံ့သြဖို့ကောင်းလောက်တဲ့ အာဂ ဘဲမေမေ (ရုပ်သံ)

ဘဲပေါက်စလေး ၇၆ ကောင်ကို တစ်ပြိုင်တည်းထိန်းကျောင်းပြုစုနေရတဲ့ အံ့သြဖို့ကောင်းလောက်တဲ့ အာဂ ဘဲမေမေ (ရုပ်သံ)

Brent Cizek အမည်ရှိ အမျိုးသားဟာ Minnesota မြောက်ပိုင်း Bemidji မြို့ရဲ့ အခြေစိုက်တောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ် ။ သူဟာ သူ့ရဲ့ ဓာတ်ပုံလုပ်ဆောင်မှုများအားလုံးကိုဖော်ပြတဲ့ Websiteတစ်ခုရှိပြီးသူလုပ်တဲ့အရာတွေကအလွန်အထင်ကြီးစရာကောင်းပါတယ် ။ ပြီးခဲ့တဲ့ဆောင်းရာသီက သူဟာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ လူတွေကို အာရုံစိုက်စေခဲ့ပါတယ် ။

သူဟာ တိရိစ္ဆာန်များကိုပိုမိုနီးကပ်စွာရိုက်ကူးနိုင်ရန် ပလပ်စတစ်လှေငယ်တစ်စင်းဝယ်ခဲ့ပါတယ် ။ဇွန်လမှာ သူ့ရဲ့ဝယ်ယူမှုကို စမ်းသပ်ရန် ပြည်နယ်ရဲ့အကြီးဆုံးရေကန်ဖြစ်တဲ့ Bemidji ရေကန် သို့ သွားခဲ့ပါတယ် ။ Brent ကလှေငယ်နဲ့ အိုင်ကမ်းခြေတစ်လျှောက် နင်းလျှောက်နေစဉ် အုပ်စုလိုက်လှည့်လည်နေတဲ့ ဘဲအစုအဝေးတစ်ခုပေါ်မှာ သူ့မျက်လုံးတွေကို မှေးမှိန်သွားစေခဲ့ပါတယ် ။

လှေကိုသူတို့နဲ့ ပိုမိုနီးကပ်စွာလှော်နေစဉ်ဘဲကလေးငယ်များကမိခင်နောက်လိုက်နေကြတာကိုသူတွေ့လိုက်ရပါတယ် ။သူတို့ကသူတို့အမေကို သေသပ်ဖြောင့်တန်းစွာ တန်းစီပြီး လျှောက်လှမ်းနေခဲ့ကြပါတယ် ။ အဲဒီအချိန်မှာပဲ Brent ဟာ ရိုက်ချက်တွေ ဘယ်လောက်ထူးခြားမယ်ဆိုတာကို သဘောပေါက်လာပါတယ် ။

သူရဲ့အကောင်းဆုံးရိုက်ချက်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီး သံသယမရှိဘဲ ချက်ချင်းပင်ကမ္ဘာတစ်လွှားကအာရုံစိုက်မှုကိုရရှိခဲ့ပါတယ် ။ဘဲတစ်ကောင်ဟာ ဘဲများစွာကို တစ်ချိန်တည်းမှာ မွေးဖွားနိုင်ခဲ့တယ်လို့ လူအများက ထင်မြင်ယူဆခဲ့ကြပါတယ် ။ နောက်ပိုင်းတွေ့ရှိချက်အရ ဘဲကလေးတွေကမတူကွဲပြားတဲ့မိသားစုများဖြစ်နိုင်ပြီး ၎င်းဘဲမိခင်ကသာ သူတို့ကိုထိန်းကျောင်းနေတာပါ ။

Zawgyi

ဘဲေပါက္စေလး ၇၆ ေကာင္ကို တစ္ၿပိဳင္တည္းထိန္းေက်ာင္းျပဳစုေနရတဲ့ အံ့ၾသဖို႔ေကာင္းေလာက္တဲ့ အာဂ ဘဲေမေမ (႐ုပ္သံ)

Brent Cizek အမည္ရွိ အမ်ိဳးသားဟာ Minnesota ေျမာက္ပိုင္း Bemidji ၿမိဳ႕ရဲ႕အေျခစိုက္ေတာ႐ိုင္းတိရစာၦန္ဓာတ္ပုံဆရာတစ္ေယာက္ ျဖစ္ပါတယ္ ။ သူဟာ သူ႔ရဲ႕ ဓာတ္ပုံလုပ္ေဆာင္မႈမ်ားအားလုံးကို ေဖာ္ျပတဲ့ Website တစ္ခုရွိၿပီး သူလုပ္တဲ့အရာေတြကအလြန္အထင္ႀကီးစရာေကာင္းပါတယ္ ။ ၿပီးခဲ့တဲ့ေဆာင္းရာသီက သူဟာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္းမွာ လူေတြကို အာ႐ုံစိုက္ေစခဲ့ပါတယ္ ။ သူဟာ တိရိစာၦန္မ်ားကိုပိုမိုနီးကပ္စြာ႐ိုက္ကူးႏိုင္ရန္ ပလပ္စတစ္ေလွငယ္တစ္စင္းဝယ္ခဲ့ပါတယ္ ။

ဇြန္လမွာ သူ႔ရဲ႕ဝယ္ယူမႈကို စမ္းသပ္ရန္ ျပည္နယ္ရဲ႕အႀကီးဆုံးေရကန္ျဖစ္တဲ့ Bemidji ေရကန္သို႔ သြားခဲ့ပါတယ္ ။Brent က ေလွငယ္နဲ႔ အိုင္ကမ္းေျခတစ္ေလွ်ာက္ နင္းေလွ်ာက္ေနစဥ္ အုပ္စုလိုက္ လွည့္လည္ေနတဲ့ ဘဲအစုအေဝးတစ္ခုေပၚမွာသူ႔မ်က္လုံးေတြကို ေမွးမွိန္သြားေစခဲ့ပါတယ္ ။ေလွကိုသူတို႔နဲ႔ ပိုမိုနီးကပ္စြာ ေလွာ္ေနစဥ္ ဘဲကေလးငယ္မ်ားက မိခင္ေနာက္ လိုက္ေနၾကတာကို သူေတြ႕လိုက္ရပါတယ္ ။

သူတို႔က သူတို႔အေမကို ေသသပ္ေျဖာင့္တန္းစြာ တန္းစီၿပီး ေလွ်ာက္လွမ္းေနခဲ့ၾကပါတယ္ ။ အဲဒီအခ်ိန္မွာပဲ Brent ဟာ ႐ိုက္ခ်က္ေတြ ဘယ္ေလာက္ထူးျခားမယ္ဆိုတာကို သေဘာေပါက္လာပါတယ္ ။သူရဲ႕အေကာင္းဆုံး႐ိုက္ခ်က္ကို အြန္လိုင္းေပၚမွာ တင္ခဲ့ၿပီး သံသယမရွိဘဲ ခ်က္ခ်င္းပင္ ကမာၻတစ္လႊားကအာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္ ။

ဘဲတစ္ေကာင္ဟာ ဘဲမ်ားစြာကို တစ္ခ်ိန္တည္းမွာ ေမြးဖြားႏိုင္ခဲ့တယ္လို႔ လူအမ်ားက ထင္ျမင္ယူဆခဲ့ၾကပါတယ္ ။ ေနာက္ပိုင္းေတြ႕ရွိခ်က္အရ ဘဲကေလးေတြက မတူကြဲျပားတဲ့မိသားစုမ်ားျဖစ္ႏိုင္ၿပီး ၎ဘဲမိခင္ကသာ သူတို႔ကိုထိန္းေက်ာင္းေနတာပါ ။

crd