Local News

အနားယူရမဲ့အချိန်ရောက်လာပြီဆိုပေမဲ့ ရွာထဲရှိ ကလေးများအား ကိုယ့်စရိတ်ကိုယ်စိုက်ပြီး အခမဲ့ စာသင်ကြားပေးနေတဲ့ ၉၁ နှစ်အရွယ် အဘိုးအို

လူတိုင်းအတွက် အချိန်ဟာ အဖိုးတန်ပါတယ်။ ပေါများပြီး အခမဲ့ဖြစ်နိုင်ပေမဲ့လည်း ၎င်းကသင်မဖြုန်းတီးသင့်တဲ့အရာပါဘဲ။သက်ကြီးရွယ်အိုတွေအတွက်တော့ ဘဝဟာမခက်ခဲတော့ဘဲသက်တောင့်သက်သာနဲ့အပန်းဖြေနေထိုင်နိုင်ပါတယ်။သက်ကြီးရွယ်အိုတွေရှိပေမယ့်သူတို့နှစ်သက်တဲ့အရာကိုပျော်ပျော်ပါးပါး ဖြတ်သန်းနေကြတဲ့သူတွေလည်း ရှိနေမှာပါဘဲ။

ဤသည်မှာ တရုတ်နိုင်ငံ၊ Jiangxi ပြည်နယ်ရှိ အနားယူရမဲ့အချိန်မှာ သူ့ရွာရှိကလေးများအား စာသင်ပေးရင်း ဖြတ်သန်းနေတဲ့ အဘိုးတစ်ဦးရဲ့ဇာတ်လမ်းပါဘဲ။ အဆိုပါ အသက် ၉၁ နှစ်အရွယ် အဘိုး Miao Yanxiang ဟာ သူ့စရိတ်နဲ့သူ သူ့အိမ်မှာ ရွာက ကလေးတွေကို ဆယ်နှစ်ကျော်ကြာ အခမဲ့ စာသင်ပေးလာခဲ့သူပါဘဲ။

ကလေးများကို အခကြေးငွေမယူဘဲ သင်ခန်းစာများစွာ ပေးပြီး လက်ဆောင်တွေတောင်ဝယ်ပေးသလိုအပြန်အလှန်အားဖြင့်ကလေးတွေကလည်းလုံ့လစိုက်ထုတ်ပြီး ကျောင်းစာတွေကို ကောင်းကောင်းလုပ်ကြရပါတယ်။ အဘိုး Miao ကအစကတော့ သူ့အိမ်ကအငြိမ်းစားယူပြီးအနားယူဖို့တွေးထားတာပါ။ဒါပေမယ့် ကလေးတွေဟာ ၎င်းတို့၏မိဘများ အလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရပြီး မိဘတွေရဲ့ကြီးကြပ်မှုမရှိဘဲ ကျောင်းတက်ဖို့မတတ်နိုင်တာကို သတိပြုမိသွားခဲ့ပြီးနောက် အဘိုးက ကလေးအများစုရဲ့ အင်တာနက်ကဖေးဆိုင်သွားခြင်း သို့မဟုတ် လမ်းများပေါ်မှာ အခြားကလေးများနှင့် ဆော့ကစားကြခြင်းမျိုးကအချိန်ဖြုန်းတာဖြစ်ပြီး အရမ်းအန္တရာယ်ရှိကြောင်း တွေးခဲ့ပါတယ်။

ထို့နောက် အဘိုးဟာ သူ့အိမ်ကို ကလေးများ စာသင်ခန်းများ သင်ယူနိုင်သည့် စာသင်ခန်းအဖြစ် ပြောင်းလဲလိုက်ပြီး စားပွဲ ၊ ကုလားထိုင်များမှအစ နံရံပေါ်ရှိ ကျောက်သင်ပုန်းများအထိ အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အဘိုးဟာ ကလေးများအတွက် သင့်လျော်တဲ့ကစားကွင်းမရှိတဲ့အတွက်လမ်းများပေါ်မထွက်စေရန် စာသင်ခန်းမှာ ပျော်စရာကောင်းအောင် လုပ်ပေးခဲ့ပါတယ်။

အဘိုးဟာ ကလေးများ၏ကျောင်းစာအတွက်လိုအပ်သောစာကြည့်တိုက်တစ်ခုလည်း ရှိပြီး၎င်းစာအုပ်စင်တစ်ခုတည်းကအမေရိကန်ဒေါ်လာ ၃၁၇.၀၀ ကျော်ကုန်ကျသလို အချို့စာအုပ်က သူ့ပိုက်ဆံနဲ့သူဝယ်တာဖြစ်ပြီးအချို့ကလည်း စေတနာကောင်းတဲ့သူတွေက လှူဒါန်းခဲ့ကြောင်း ဆိုပါတယ်။

ကလေးတွေက ကိုယ့်ဆန္ဒအလျောက်စာအုပ်တွေယူပြီးပြန်ပေးလို့မရပါဘူး။ငှားရမ်းထားသောစာအုပ်တိုင်းကိုမှတ်တမ်းတင်ထားပြီးပြန်လည်ပေးပို့ရန် ရက်သတ်မှတ်ပေးထားပါသေးတယ်။ အဘိုး Miao ဟာ အလွန်ရိုးရှင်းတဲ့ ဘဝဖြင့် နေထိုင်လာခဲ့ပြီး အသား ၊ ငါးမစားတဲ့သတ်သတ်လွတ်သမားလည်းဖြစ်ကြောင်း သားဖြစ်သူက ဆိုထားပါတယ်။

အဘိုးဟာ ကလေးအချို့က ပေးထားသည့်ငွေအားလုံးဖြင့်အတန်းအတွက် လိုအပ်တဲ့ကျောင်းသုံးပစ္စည်းများဖြစ်သည့် မှတ်စုစာအုပ်များနှင့် ဖောင်တိန်များဝယ်ယူခဲ့ပြီး ၊သူသင်ပေးတဲ့ အတန်းတိုင်းအတွက် အိမ်စာကောင်းကောင်းလုပ်တဲ့ ကလေးတွေနဲ့ ကျောင်းစာတွေမှာတိုးတက်အောင်မြင်တဲ့ ကလေးတွေကိုလည်း ဆုချတတ်ပါသေးတယ်။

နံရံတွင် ရိုးရိုးကျောက်သင်ပုန်းတစ်ခုကို တပ်ဆင်ထားပြီး ဂီတသင်တန်းများအတွက် TV ကိုအသုံးပြုပါတယ်။အဘိုး Miao တည်ထောင်ထားတဲ့၎င်းဖြည့်စွက်သင်တန်းများဟာ ဆယ်နှစ်တိုင်တိုင် ဆက်လက်လုပ်ဆောင်နေဆဲပါဘဲ။ ဤကာလအတွင်းမှာ ကလေး ၃၀၀၀ ကျော်က သူ့ရဲ့အတန်းများကို တက်ရောက်ခဲ့ပြီးဖြစ်ပြီး အများစုမှာ သူ့ထံမှ များစွာအကူအညီရရှိခဲ့ကြောင်း ယုံကြည်ထားကြပါတယ်။

crd

Reference : goodtimes