Local News

ရေနစ်နေတဲ့ သမင်လေးကို ကယ်တင်ဖို့ အသက်စွန့်ပြီး မြစ်ထဲကို ခုန်ဆင်းကာ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့ ခွေးကလေး

မကြာသေးမီက ရွှေရောင်ခွေးလေးတစ်ကောင်ဟာ မြစ်နက်ရေထဲမှာ ရေနစ်နေတဲ့ သမင်ကို ကယ်တင်ရန် မြစ်ထဲသို့ခုန်ချကာအသက်စွန့်ခဲ့ပါတယ် ။ ဒါကိုမြင်ပြီး တိရစ္ဆာန်တွေက တစ်ခါတလေ လူတွေလို ခံစားချက်တွေ ရှိတယ်ဆိုတာ နားလည်မိပါတယ် ။ ဒီရွှေရောင်ခွေးလေးက မစ္စတာ Ralph Dorn အမည်ရှိအမျိုးသားက မွေးစားပြီး သူ့ရဲ့ခွေးလေးကို Harley လို့ အမည်ပေးခဲ့ပါတယ် ။

ပုံမှန်အားဖြင့်တော့ ခွေးလေးဟာ သူ့ဘေးမှာ ခြေတစ်လှမ်းမှ မခွာဘဲ အမြဲရှိနေတတ်ပေမဲ့ ဒီနေ့မှာတော့ ခွေးကို ရှာမတွေ့တော့ဘဲ အိမ်နောက်ဘက် ရေကန်ကမ်းစပ်မှာ သူ့ခွေးလေးကို ရှာတွေ့ဖို့ အချိန်အတော်ကြာအောင် ရှာခဲ့ပါတယ် ။

Ralph Dorn က တိရစ္ဆာန်ငယ်လေးရဲ့ဘေးမှာ မြစ်ထဲရေကူးနေတဲ့ သူ့ခွေးကို ရာဖွေတွေ့ရှိခဲ့ပါတယ် ။အနီးကပ်ကြည့်လိုက်တော့ရေနစ်နေတဲ့သမင်ငယ်တစ်ကောင်ကို တွေ့လိုက်ရပြီး သူ့ခွေးက သမင်ကို ကမ်းပေါ်ဆွဲတင်ဖို့ ကြိုးစားနေတာကို သူတွေ့ရှိခဲ့ပါတယ် ။ကမ်းနားကို ချဉ်းကပ်ပြီးနောက် ပိုင်ရှင်ဆီကိုနဲ့ အရင်ပြေးမယ့်အစား ခွေးက သမင်ကလေး ကမ်းပေါ်တက်ရလွယ်ကူစေဖို့အတွက် နှာခေါင်းနဲ့ နောက်ဘက်ကနေ တွန်းကာ ကူညီခဲ့ပါသေးတယ် ။

ပင်ပန်းသော်လည်း Harleyကသမင်ငယ်လေးကိုမမေ့သေးဘဲ အအေးဒဏ်ကြောင့် တုန်လှုပ်နေတဲ့သမင်အတွက်အမွေးကို လျှာနဲ့လျက်ပေးခဲ့ပါတယ် ။ သမင် ကလေးသည် အလွန်ငယ်သေးတာကြောင့် မိခင်ရဲ့ ပြုစုစောင့်ရှောက်ခြင်းခံရတဲ့ အရွယ်မှာပင် မိခင်ကအကြောင်းတစ်စုံတစ်ရာကြောင့် သူ့ကလေးကို ရေနစ်ရာမှ ကယ်တင်ရန် အနီးနားမှာ မတွေ့ရှိခဲ့ပါ ။ အချိန်အတော်ကြာစောင့်ဆိုင်းပြီး မိခင်သမင်က သူ့ရင်သွေးကို လာမရှာဘဲ မစ္စတာ Ralph က သမင်လေးကို ပြုစုရန် အိမ်သို့ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ပါတယ် ။

နောက်တစ်နေ့မှာ မိခင်သမင်က သူတို့ရဲ့အိမ်အနီးပေါ်လာပြီး မစ္စတာ Ralph က သမင်လေး သူ့ရဲ့မိခင်ထံ ပြေးသွားစေရန် တံခါးကိုဖွင့်ပေးခဲ့ပါတယ် ။ ခွေးက သမင်လေး ထွက်သွားတော့မှာကိုသဘောပေါက်ပြီး Harley က ပြတင်းပေါက်မှ အပြေးအလွှား ပြေးသွားကာ ကယ်တင်လိုက်တဲ့သမင်ကလေးရဲ့ နှာခေါင်းကို ထိရန် အောက်သို့ ငုံ့ကာ နှုတ်ဆက်လိုက်ပါတယ် ။ Mr. Ralph က သူ့ခွေးလေးရဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီး Harley ကို ချီးကျူးဂုဏါပြုခဲ့ပါတယ် ။

crd

Reference : bestie