Local News

အေးစက်နေတဲ့ ဆီးနှင်းများကြား ဖြတ်သွားရတဲ့ ကျွဲများရဲ့အေးခဲနေတဲ့ပုံရိပ်ကိုကြည့်ပြီး လူအများအပြား စိတ်မကောင်းဖြစ်ခဲ့ရ

ပုံမှန်အားဖြင့် ဗီယက်နမ်နိုင်ငံ မြောက်ဘက်တောင်တန်းများရှိ Lao Cai မှာ ယနေ့ကဲ့သို့ နှင်းများနဲ့ ရေခဲများဖုံးလွှမ်းနေတဲ့ သာမန်ကျွဲများရဲ့ ပုံရိပ်ကို ရိုက်ကူးထားတဲ့ ကလစ်တစ်ခုက ဗီဒီယိုထဲမှာကျွဲများရဲ့သားမွေးများကဆီးနှင်းများကအပိုင်းပိုင်းများအုပ်ထားကာ ကြည့်ရှုသူများကိုသနားစရာဖြစ်စေပါတယ် ။ ယေဘူယျအားဖြင့် တောင်သူလယ်သမားများနဲ့ အထူးသဖြင့် တောင်တန်းဒေသများမှာ နေထိုင်ကြသူများ အတွက်ကျွဲက သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတစ်ခုပါ ။

ဘာကြောင့်ဆိုတော့ ကျွဲက သူတို့ရဲ့ မိသားစုကို ထောက်ပံ့ရန် စည်းစိမ်ဥစ္စာများ ဖန်တီးပေးရုံသာမက တောင်တန်းသားများရဲ့ ရိုးရာယဉ်ကျေးမှု အသွင်အပြင်များစွာနဲ့လည်း ဆက်စပ်နေသောကြောင့် ဖြစ်ပါတယ် ။ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဒီလိုမျိုး ဒုက္ခရောက်နေတာကို မြင်ရင် လူတော်တော်များများက မစိုးရိမ်ဘဲ မနေနိုင်ကြပါဘူး ။

ကျွဲများဟာ ရှေးယခင်ကတည်းက လယ်သမားများရဲ့ မိတ်ဆွေများဖြစ်ပြီး လယ်သမားများ စပါးအပြည့်ရရှိစေရန် လုံ့လစိုက်ထွန်ယက်ခြင်းဖြင့် ကူညီခဲ့ပါတယ် ။ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ အများအပြားမှာ အေးခဲကျွဲများရဲ့ ပုံရိပ်ကို မြင်လိုက်ရသောအခါ မတတ်နိုင်ဘဲ မျက်ရည်ကျခဲ့ရပါတယ် ။

Reference : bestie

Zawgyi




crd

JRose (KB Chimmy one)