Local News

အနားယူတော့မယ့် အိမ်အကူအမျိုးသမီးအတွက် ဇာတိမြေမှာ ကိုယ်ပိုင်ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဝယ်ပေးခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးနည်းပြတစ်ဦး

အိမ်ရှင်မ သို့မဟုတ် အိမ်အကူအတွက်ဘဲဖြစ်ဖြစ် နေ့စဉ် အိမ်မှုကိစ္စတွေကိုကိုင်တွယ်ရတဲ့အလုပ်ကမလွယ်ကူလှပါဘူး။ Thomas Tuchelအမည်ရှိ ကမ္ဘာကျော် ဘောလုံးနည်းပြမန်နေဂျာတစ်ဦးဟာ ဇာတိမြေမှာ အငြိမ်းစားပြန်ယူတော့မည့် ၎င်းရဲ့ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးတစ်ဦးရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ Tuchel ဟာ ကြင်နာတတ်တဲ့အလုပ်ရှင်များထဲမှ တစ်ဦးဖြစ်ပြီး၎င်းသတင်းက 2021 ခုနှစ်မှာပေါက်ကြားခဲ့ပေမယ့်သူ့ရဲ့ဖိလစ်ပိုင်အိမ်အကူ အပေါ်ထားတဲ့ Tuchel ရဲ့သိသာထင်ရှားတဲ့ကြင်နာမှုအမူအရာများက Chelsea အတွက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးပြီးနောက်မှာ တစ်ဖန် အာရုံစူးစိုက်မှုပိုမိုရရှိလာခဲ့ပါတယ်။

အိမ်အကူအမျိုးသမီးက Tuchel ရဲ့အကူအညီနှင့်အကြီးကျယ်ဆုံးလက်ဆောင်ကသူမရဲ့ဘဝကိုဘယ်လိုပြောင်းလဲသွားခဲ့တာကိုလည်းပြန်ပြောပြခဲ့ပါတယ်။ Tuchel ဟာပြင်သစ်ဘောလုံးကလပ်Paris Saint-Germain ရဲ့မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ပြင်သစ်နိုင်ငံမြောက်ဘက် Hauts-de-Seine မြို့ရှိ ၎င်းမိသားစုရဲ့နေအိမ်ကို ကြည့်ရှုစောင့်ရှောက်ရန် အဆိုပါအိမ်အကူအား ငှါးရမ်းခဲ့တာပါ။

ထို့ပြင် သူမကလည်း သားဖြစ်သူရဲ့ ခွဲစိတ်မှုစရိတ်ကြီးမြင့်မှုကြောင့် ၎င်းတို့အိမ်မှာ အချိန်ပိုအလုပ်တွေလုပ်ရင်း Tuchel ကသူမရဲ့အခက်အခဲများကို ကြားသိတာနဲ့ ချက်ချင်း လက်မှတ်ထိုးပေးပြီး ဆေးရုံစရိတ်အတွက် ချက်ချင်းပေးချေပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အောင်မြင်တဲ့ခွဲစိတ်မှုအပြီးမှာ Tuchel ကသူမရဲ့အနာဂတ်အတွက်မျှော်လင့်ချက်များဆွေးနွေးရန် သူမနဲ့အချိန်အတန်ကြာစကားစမြည်ထိုင်ပြောခဲ့ပြီး နောက်ပိုင်းမှာ သူမအား ဖိလစ်ပိုင်ရှိသူမမိသားစုနှင့်အတူ အနားယူရန်ကြီးကျယ်ခမ်းနားတဲ့အိမ်ပိုင်တစ်လုံးဝယ်ယူပေးဖို့၎င်းတို့လျင်မြန်စွာဆောင်ရွက်ပေးနေတာကို သူမ သိခဲ့ရပြီး Tuchel ဟာ Chelsea F.C မှာ ၎င်းရဲ့လက်ရှိတာဝန်ကိုမထမ်းဆောင်မီအချိန်မှာ သူမအားထိုကိုယ်ပိုင်ဇိမ်ခံအိမ်ကြီးရဲ့သော့များကို ပေးအပ်ခဲ့ပြီး Chelsea အသင်းမှ Tuchel ကိုခန့်အပ်တဲ့အခါ Tuchel တို့မိသားစုနှင့် အဆိုပါအိမ်ထိန်းကြီးတို့ကလည်း 2021 ခုနှစ်မှာ လမ်းခွဲခဲ့ကြပါတယ်။

2021 ခုနှစ်အင်္ဂလန်ဘောလုံးအသင်း၌ ခန့်အပ်ခံရပြီးကတည်းကTuchel ဟာ အောင်ပွဲ(3)ကြိမ်အထိ ဦးဆောင်နိုင်ခဲ့ပြီးသိပ်မကြာသေးခင်ကလည်း အဆိုပါဘောလုံးအသင်းကိုတစ်ဖန် UEFA Super Cup လားနဲ့ ပြန်လည်ဂုဏ်ပြုလာစေခဲ့ပါတယ်။

ဘောလုံးမန်နေဂျာတစ်ဦးအနေနဲ့ သူ့ရဲ့လစာမြင့်မားတဲ့ အသက်မွေး ဝမ်းကျောင်းက ထိုကဲ့သို့သောရက်ရောမှုလုပ်ရပ်ကို လုပ်နိုင်မှာပေါ့လို့တွေးမိနိုင်ပေမဲ့ သူ့ရဲ့လုပ်ရပ်ဟာကျွန်တော်တို့အားလုံးမှာ ငွေကြေး၊လက်ဆောင် (သို့) ရိုးရှင်းတဲ့နည်းလမ်းနဲ့ အခြားသူရဲ့တစ်သက်တာကိုအဆင်ပြေစေတဲ့ ထူးခြားတဲ့ကိုယ်ပိုင်စွမ်းရည်ရှိနေတာကိုသိစေသလို ကျွန်တော်တို့အားလူအချင်းချင်းအားကူညီတတ်ရန်နည်းလမ်းများကို အမြဲရှာဖွေသင့်တယ်ဆိုတဲ့ အရေးကြီးတဲ့သတိပေးချက်တစ်ခုလိုပါဘဲ။

Mia (KB Chimmy one)

Reference : mustsharenews