Local News

သားသမီးတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ရောင်းဖို့လုပ်ထားတဲ့ဒူးရင်းသီးတွေနဲ့ အရုပ်တွေကို အလဲအလှယ်လုပ်ခွင့်ရလိုက်လို့ ဝမ်းသာကျေနပ်နေခဲ့တဲ့ ဖခင်

လတ်တလောမှာတော့ သားသမီးတွေ ပျော်ရွှင်နေစေဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ ချစ်လှစွာသော ဖခင်တစ်ဦးရဲ့ ဇာတ်လမ်းက လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။ ဒီဇာတ်လမ်းကို Mohamad Fakhrullah အမည်ရှိအရုပ်ရောင်းသူအမျိုးသားတစ်ဦးက ၎င်းရဲ့ဖေ့စ်ဘုတ်ခ်ပို့စ်တစ်ခုမှာမျှဝေပေးခဲ့ပါတယ်။ ”၎င်းအဖေနဲ့ သူ့ကလေးတွေက ဆိုင်တစ်ဆိုင်မှာ စားသောက်အပြီးမှာ ကျွန်တော်တို့ဆိုင်သို့ ရောက်လာခဲ့တယ်။

ဖခင်ဖြစ်သူက သူ့ကလေးတွေအတွက်ကစားစရာအရုပ်အချို့ဝယ်ပေးချင်ပေမဲ့လည်းသူ့မှာပိုက်ဆံမလောက်လို့ဆိုပြီးဒူးရင်းသည်တစ်ယောက်အနေနဲ့သူ့ရဲ့ဒူးရင်းသီးတွေကို အရုပ်တွေနဲ့ လဲလှယ်ပေးနိုင်မလားလို့ ကျွန်တော်တို့ကို မေးခဲ့တယ်။

ဖောက်သည်တစ်ဦးရဲ့အဲ့လိုကမ်းလှမ်းချက်ကိုကြားလိုက်ရတော့ ကျွန်တော်တို့ အံအားသင့်သွားခဲ့ကြတယ်။ ထိုဖခင်က သူ့ကလေးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကိုသိလိုက်ရလို့ ကျွန်တော်တို့ရဲ့နှလုံးသားတွေ အရည်ပျော်သွားခဲ့ရတယ်။ကျွန်တော်တို့မှာဈေးဆစ်တဲ့ ဖောက်သည်တွေဘဲရှိခဲ့ဖူးပေမယ့် ဘယ်သူကမှ ဒူးရင်းသီး ဒါမှမဟုတ် သူတို့ရဲ့ပစ္စည်းတွေနဲ့ အရုပ်တွေကို မလဲလှယ်ခဲ့ကြဘူး၊ဒါမဲ့ သူ့သားသမီးတွေရဲ့လိုအင်ဆန္ဒကိုဖြည့်ဖို့အတွက် ဒီဖခင်တစ်ဦးရဲ့လုပ်ရပ်ကိုမြင်တော့ ကျွန်တော်တို့ အဲ့ကမ်းလှမ်းချက်ကို မငြင်းဆန်ရက်ခဲ့ဘူး ” လို့ ၂၉ နှစ်အရွယ် Fakhrullah က ဆိုပါတယ်။

Fakhrullah တို့က ထိုကမ်းလှမ်းချက်ကိုလက်ခံလိုက်ပြီးနောက် အဆိုပါဖခင်က၎င်းရဲ့ဒူးရင်းသီးတွေယူလာရန် အိမ်သို့ ချက်ချင်းပြန်သွားခဲ့ပြီး“ ပြီးကျ့ သူက ဒူးရင်းသီးတွေနဲ့ ပြန်ရောက်လာပြီး ဒရုန်းတွေ ၊ အဝေးထိန်းကားတွေ ၊RM 200 ကျော်တန်တဲ့အခြားအရုပ်တွေနဲ့ လဲလှယ်ခဲ့တယ်။ သူကဒူးရင်းသီးငါးလုံးခြောက်လုံးထက်မက ပေးခဲ့ပြီး ကလေးတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ရလို့နွေးထွေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ထိုဖခင်ရဲ့အပြုံးမျက်နှာကိုလည်း မြင်ခဲ့ရသလိုကလေးတွေကလည်း ပျော်ရွှင်နေခဲ့ကြတယ်။ အခုတော့ ဖခင်တစ်ယောက်ရဲ့ စွန့်လွှတ်အနစ်နာခံမှုက ဘယ်လောက်တောင်လဲဆိုတာကို သေချာသိလိုက်ရပြီ” လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

Fakhrullah က ဒီဇာတ်လမ်းကိုမျှဝေခြင်းဖြင့် စျေးသည် (သို့) အခြားသူတွေကိုကူညီလိုသူတိုင်းထံ အပြုသဘောဆောင်တဲ့ သတင်းစကားတစ်ခုအဖြစ် ပေးပို့နိုင်မယ်လို့မျှော်လင့်ပြီး “ ဝမ်းရေးကို ဝေမျှဖို့ မကြောက်ပါနဲ့။ ယုံကြည်ပါ၊ ဝမ်းရေးအတွက် အလ္လာဟ်အရှင်မြတ်က စီစဉ်ပေးထားပါတယ်၊ အဲဒါကိုရဖို့အတွက်သာ ကျွန်တော်တို့လုပ်ဆောင်ရမှာပါ ”လို့လည်း ဆိုခဲ့ပါတယ်။

Fakhrullah နဲ့ သူ့စီးပွါးရေးလုပ်ဖော်ကိုင်ဖက်များက မလေးရှားနိုင်ငံPenang ကျွန်း ၊Bayan Lepas မြို့ရှိ Jalan Kampung Bukit စျေးမှာ Wael Toys လို့ခေါ်တဲ့အရုပ်ဆိုင်ကို ဖွင့်လှစ်ထားပြီး ၎င်းတို့ရဲ့ခရီးစဉ်ကို ၎င်းတို့ရဲ့Facebook စာမျက်နှာဖြစ်တဲ့ Harga Rapat မှာ တက်ကြွစွာ မျှဝေပေးလေ့ရှိပါတယ်။

crd