Local News

၈ နှစ်ကြာ သံကြိုးချည်ပိတ်လှောင်ခံထားခဲ့ရာကနေ ပျော့အိနေတဲ့ကိုယ်ပိုင်အိပ်ရာခင်းကိုရလိုက်လို့ မယုံမကြည်ဖြစ်နေခဲ့တဲ့ မျက်မြင်ခွေးလေး

အမေရိကန် South Carolina ပြည်နယ်ရှိ အိမ်နောက်ဖေးခြံတစ်ခုမှာ သူ့ဘဝရဲ့ရှစ်နှစ်တာလုံး သံကြိုးဖြင့်ချည်နှောင်ထားခံခဲ့ရတဲ့ Stevie အမည်ရှိမျက်မမြင်ခွေးတစ်ကောင်ကို New York ရှိ Diamonds in the Ruff အပါအဝင် အခြားကယ်ဆယ်ရေးများက ကယ်တင်ပေးခဲ့ပါတယ်။ Stevie က Diamonds ရဲ့စောင့်ရှောက်မှုတွင် ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့အခါ ပြုစုစောက်ရှောက်မူများစွာ ပြုလုပ်ပေးခဲ့ရပါတယ်။

ထို့ပြင် Stevie ရဲ့အူထဲမှာ အသားမာတစ်တုံးပိတ်မိနေမှန်း သိလိုက်ရပြီး ၎င်းကို ဖယ်ရှားဖို့ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ” Stevie က အိမ်မှာ အများစု အိပ်တယ်၊ ဒါမယ့် သူ့ဖာလေးထဲမှာ မကြာခဏ ဟောက်သံ ထွက်လာတတ်တယ် ” လို့ Stevie ရဲ့မွေးစားမိခင် Erin Boyd က ဆိုခဲ့ပါတယ်။

“ သူ ကိုယ့်ကိုကိုယ် ကာကွယ်နေတယ်ဆိုတာ ငါတို့သိတယ်။ အိမ်ပြန်ရောက်တော့ သူ့ဖာလေးထဲကနေ အပြင်လည်းမထွက်ဘူး။ သူ့ကို မမြင်နိုင်သလို ငါတို့ကို သူ သေချာမသိသေးတဲ့အတွက် အထူးသတိထားရတယ် ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါ ကုသပေးလာသည်နှင့်အမျှ Stevie လေးက ကျန်းမာတဲ့ ခွေးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာခဲ့ပါတယ်။

Stevie လေးရဲ့မွေးစားမိသားစုက ယခင်က ခွေးအိပ်ရန် အပျော့စား အိပ်ရာမရှိမှန်းသိလို့ Stevie အတွက် ၎င်းကိုဝယ်ပေးခဲ့ပါတယ်။Stevie က အပျော့စား အိပ်ရာပေါ်တက်တဲ့အခါ သူ့ခြေထောက်တွေ ပျော့ခွေသွားတာကို ခံစားလိုက်ရတာနဲ့ တပြိုင်နက် ရင်တွေခုန်ပြီး ဝမ်းသာအားရစွာ ခုန်ပါတော့တယ်။

အခုတော့ Stevie က သူ့အတွက် သက်တောင့်သက်သာရှိစေမယ့်အရာတစ်ခုရလိုက်လို့ အရမ်းကို ပီတိဖြစ်နေပါတယ်။ “ Stevie ကစမတ်ကျတဲ့ခွေးတစ်ကောင်ပါ။ ငါ့အိမ်ကို ဘယ်လို သွားလာရမလဲဆိုတာမြန်မြန်ဆန်ဆန်သိလာတယ်။နောက်ပြီး သူကအိပ်ရတာ အရမ်းကြိုက်တဲ့ပြင်ပွေ့ဖက်ပေးတာ၊ လမ်းလျှောက်ထွက်တာ၊ လှုပ်စိလှုပ်စိတုန်နေတဲ့ အရုပ်တွေကို ဝါးပြီး နမ်းရတာကိုကြိုက်တယ် ” လို့ Boyd က ဆိုပါတယ်။ Stevie က လက်ရှိမှာ မွေးစားရန်ရှိနေပြီး၊ သူဘယ်လောက်ထူးခြားသည်ကို အသိအမှတ်ပြုတန်ဖိုးထားပေးသည့် ဒေသခံမိသားစုကို ရှာဖွေနေပါတယ်။

Stevie လေးက အခြားအိမ်မွေးတိရိစ္ဆာန်များမရှိတဲ့အိမ်တစ်လုံးကိုလိုအပ်ပြီးအကောင်းဆုံးမှာ အိမ်မှာအနေများသူနှင့်သူ့ရဲ့ပထမရှစ်နှစ်တာကာလအတွင်း သူလွဲချော်ခဲ့တဲ့အချိန်အားလုံးကို ပြန်ပေးနိုင်တဲ့သူဆို ပိုအဆင်ပြေနိုင်ပါတယ် ။ “တစ်စုံတစ်ယောက်က သူနဲ့အတူဆိုဖာပေါ်မှာ အတူထိုင်ခြင်း၊လမ်းလျှောက်ထွက်ခြင်း စတဲ့ သူ့ကို အချစ်များစွာ ပေးနိုင်မယ်လို့မျှော်လင့်ပါတယ် ” လို့ Boyd က ဆိုခဲ့ပါတယ်။

Stevie ဟာ ခက်ခဲမှုများစွာဖြင့်ဖြတ်သန်းလာခဲ့ရပေမယ့် အခုတော့ သူ့မှာ သက်တောင့်သက်သာရှိတဲ့ ခွေးကုတင်တွေ ရှိပြီး သူ့ကို ချစ်တဲ့လူသားတွေ အများကြီးရှိတဲ့အတွက် အရာအားလုံး အဆင်ပြေသွားမယ်ဆိုတာ သိနေပါတယ်ဗျာ။

Reference : thedodo