Local News

သားသမီး 8 ယောက်စီကနေ မထင်မှတ်ထားတဲ့ လက်ဆောင်ရရှိခဲ့ပြီး ဝမ်းသာလွန်းလို့ ငိုကြွေးခဲ့တဲ့ ဖခင်

သားသမီး 8 ယောက်စီကနေ မထင်မှတ်ထားတဲ့ လက်ဆောင်ရရှိခဲ့ပြီး ဝမ်းသာလွန်းလို့ ငိုကြွေးခဲ့တဲ့ ဖခင်

ဖခင်တွေဟာ သားသမီးတွေအပေါ် အနစ်နာခံစွန့်လွှတ်ပေးကြတဲ့ မေတ္တာရှင်ကြီးတွေပါ ။သားသမီးတွေအရွယ်ရောက်လို့လက်ထပ်ထိမ်းမြားပြီးတဲ့အထိ ၊ မြေး ၊ မြစ် တွေရတဲ့အထိ သားသမီးတွေအပေါ် အဆုံးထိ တာဝန်ကျေပွန်ကြသူတွေပါ ။ဖခင်ရဲ့ကြီးမြတ်တဲ့မေတ္တာကို သိရှိနာလည်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံက မိသားစုတစ်ခုကတော့ တတ်နိုင်သလောက်ဖခင်ကို ကျေးဇူးပြန်ဆပ်ခဲ့ပါတယ် ။ အဆိုပါ video ကိုတော့ Nilo Dela Cruz အမည်ရှိတဲ့အမျိုးသားက ရိုက်ကူးထားပြီး Facebook စာမျက်နှာပေါ်မှာ ပြန်လည်ဝေမျှပေးခဲ့တာပါ ။

Video ထဲမှာတော့ Dela Cruz တို့မောင်နှမတွေဟာ ကားပါကင်မှာစကားများနေကြလို့ ဖြောင်းဖျကူပေးဖို့ ဖခင်ဖြစ်သူကိုကားပါကင်သို့ ခေါ်ဆောင်လာခဲ့ကြပါတယ် ။ ဖခင်ဖြစ်သူ ကားပါကင်ဆီရောက်လာခဲ့ချိန်မှာတော့မောင်နှမတွေစကားများနေကြတာမျိုးမဟုတ်ဘဲရယ်မောကာဖခင်ဖြစ်သူကို ကားသော့ပေးခဲ့ပါတယ် ။

ဖခင်ဖြစ်သူကို လက်ဆောင်အနေနဲ့ SUV ကားတစ်စီးကို မောင်နှမတွေစုပေါင်းပြီး တစ်နှစ်ခန့်အတူ ငွေစုကြကာ ဖခင်အတွက် ဝယ်ပေးခဲ့ကြတာပါ ။ ဖခင်ဖြစ်သူမှာလည်း ကားသော့ကိုနှိပ်လိုက်ချိန် သားသမီးတွေ သူ့ကို ကားအသစ်တစ်စီးလက်ဆောင်ဝယ်ပေးလိုက်ကြမှန်း သိလိုက်ရလို့ ဝမ်းသာမျက်ရည်ကျသွားခဲ့ပါတယ် ။

Dela Cruz တို့ဟာ မောင်နှမ 8 ယောက်ရှိကြပြီး ယောင်္ကျာလေး 6 ယောက်နဲ့ မိန်းကလေး 2 ယောက်ပါရှိတဲ့ မောင်နှမတွေပါ ။ သူတို့မိသားစုပျော်ရွှင်နေကြတဲ့ video လေးကို ဝေမျှခဲ့ချိန်မှာတော့ ဖခင်အပေါ် သိတတ်တဲ့ သူတို့မောင်နှမရဲ့ လုပ်ရပ်ကို လူအများက ချီးကျူးဝမ်းမြောက်စကား ပြောဆိုခဲ့ကြကြောင်း သိရပါတယ် ။

Zawgyi

သားသမီး 8 ေယာက္စီကေန မထင္မွတ္ထားတဲ့ လက္ေဆာင္ရရွိခဲ့ၿပီး ဝမ္းသာလြန္းလို႔ ငိုေႂကြးခဲ့တဲ့ ဖခင္

ဖခင္ေတြဟာ သားသမီးေတြအေပၚ အနစ္နာခံစြန႔္လႊတ္ေပးၾကတဲ့ ေမတၱာရွင္ႀကီးေတြပါ ။ သားသမီးေတြ အ႐ြယ္ေရာက္လို႔ လက္ထပ္ထိမ္းျမားၿပီးတဲ့အထိ ၊ ေျမး ၊ ျမစ္ ေတြရတဲ့အထိ သားသမီးေတြအေပၚ အဆုံးထိ တာဝန္ေက်ပြန္ၾကသူေတြပါ ။ ဖခင္ရဲ႕ႀကီးျမတ္တဲ့ေမတၱာကို သိရွိနာလည္ၾကတဲ့ ဖိလစ္ပိုင္ႏိုင္ငံကမိသားစုတစ္ခုကေတာ့တတ္ႏိုင္သေလာက္ဖခင္ကို ေက်းဇူးျပန္ဆပ္ခဲ့ပါတယ္ ။အဆိုပါ videoကိုေတာ့ Nilo Dela Cruzအမည္ရွိတဲ့အမ်ိဳးသားက႐ိုက္ကူးထားၿပီး Facebook စာမ်က္ႏွာေပၚမွာ ျပန္လည္ေဝမွ်ေပးခဲ့တာပါ ။

Video ထဲမွာေတာ့ Dela Cruz တို႔ေမာင္ႏွမေတြဟာ ကားပါကင္မွာစကားမ်ားေနၾကလို႔ ေျဖာင္းဖ်ကူေပးဖို႔ ဖခင္ျဖစ္သူကိုကားပါကင္သို႔ ေခၚေဆာင္လာခဲ့ၾကပါတယ္ ။ ဖခင္ျဖစ္သူ ကားပါကင္ဆီေရာက္လာခဲ့ခ်ိန္မွာေတာ့ ေမာင္ႏွမေတြ စကားမ်ားေနၾကတာမ်ိဳးမဟုတ္ဘဲ ရယ္ေမာကာ ဖခင္ျဖစ္သူကို ကားေသာ့ေပးခဲ့ပါတယ္ ။

ဖခင္ျဖစ္သူကို လက္ေဆာင္အေနနဲ႔ SUV ကားတစ္စီးကို ေမာင္ႏွမေတြစုေပါင္းၿပီး တစ္ႏွစ္ခန႔္အတူ ေငြစုၾကကာ ဖခင္အတြက္ ဝယ္ေပးခဲ့ၾကတာပါ ။ ဖခင္ျဖစ္သူမွာလည္း ကားေသာ့ကိုႏွိပ္လိုက္ခ်ိန္ သားသမီးေတြ သူ႔ကို ကားအသစ္တစ္စီးလက္ေဆာင္ဝယ္ေပးလိုက္ၾကမွန္း သိလိုက္ရလို႔ ဝမ္းသာမ်က္ရည္က်သြားခဲ့ပါတယ္ ။

Dela Cruz တို႔ဟာ ေမာင္ႏွမ 8 ေယာက္ရွိၾကၿပီး ေယာက်ၤာေလး 6 ေယာက္နဲ႔ မိန္းကေလး 2 ေယာက္ပါရွိတဲ့ ေမာင္ႏွမေတြပါ ။ သူတို႔ မိသားစုေပ်ာ္႐ႊင္ေနၾကတဲ့ video ေလးကို ေဝမွ်ခဲ့ခ်ိန္မွာေတာ့ ဖခင္အေပၚ သိတတ္တဲ့ သူတို႔ေမာင္ႏွမရဲ႕ လုပ္ရပ္ကို လူအမ်ားက ခ်ီးက်ဴးဝမ္းေျမာက္စကား ေျပာဆိုခဲ့ၾကေၾကာင္း သိရပါတယ္ ။

crd