Local News

သခင့်ရဲ့ကြက်ဥကို မကြာခဏခိုးယူပြီး သခင်ဖြစ်သူဖမ်းမိသွားတဲ့အခါ ခွေးလေးရဲ့အမှုအရာ

မကြာသေးမီက ကောင်လေးတစ်ယောက်ဟာ “အိမ်က ဥတွေ ခဏခဏ ပျောက်တယ်။ အဲ့တော့ သူခိုးဖမ်းဖို့ စီစဉ်လိုက်တဲ့အခါမှာ လူတိုင်းကို အံ့သြစေမယ့် တရားခံက ငါ့အိမ်ကခွေးခိုးလိုက်တာပါ ” လို့ အင်တာနက်မှာ ဝေမျှတဲ့အခါ ချက်ချင်းဆိုသလို အံ့သြနေကြပါတယ် ။ဒီကောင်လေးကဟင်းသီးဟင်းရွက်စိုက်ပျိုးရန်နဲ့ ကြက်၊ ဘဲများကို မွေးမြူနေတာပါ ။ အစပိုင်းမှာတော့ သူအရမ်းသက်တောင့်သက်သာရှိပြီး အေးချမ်းနေပါတယ် ။

ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ကြက်ဥတွေ မကြာခဏ ပျောက်နေတာကို တွေ့ရှိသောကြောင့် လူဆိုးသူခိုးလို့ သူထင်ခဲ့ပါတယ် ။ထို့နောက် သခင်က တရားခံကို ဖမ်းရန် ချက်ခြင်း ကြံစည်ကာ လှေခါးဘေးမှာ အခြေအနေကို စောင့်ကြည့်ရန် အနီးနားမှာ ပုန်းနေလိုက်ပါတယ် ။ ညနေ ၅ နာရီ၊ ၆ နာရီလောက်မှာကောင်လေးက လူမဟုတ်ဘဲ တိရစ္ဆာန်သူခိုးဖြစ်တဲ့ သူ့ရဲ့ခွေးကို ဖမ်းမိပြီး အံ့သြတုန်လှုပ်သွားခဲ့ပါတယ် ။

အမှန်အတိုင်းပြောရရင်တော့ အဓိကတရားခံက သူ့ရဲ့ အချစ်ဆုံးခွေးပါပဲ ။ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပြီးနောက်မှာတော့ လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ် ။ လူအများစုက ခွေးရဲ့ အပြုအမူကြောင့် မရယ်ဘဲ မနေနိုင်ကြပါ ။

crd

Zawgyi




crd