ဗဟုသုတ

ဆံပင်အမျိုးအစားပေါ်မူတည်ပြီး ဆံပင်ကို ဘယ်နှလတစ်ခါ ညှပ်သင့်လဲ

ဆံပင်အဖျားလေးတွေကို ခဏခဏညှပ်ပေးရင် ဆံပင်အရှည် မြန်တယ်လို့ ပြောကြပါတယ်။တကယ်တော့ကိုယ့်ရဲ့ဆံပင်အမျိုးအစားပေါ်မူတည်ပြီးမှသာ ညှပ်သင့်တာပါ။ အဲဒါကြောင့် အချိန်ဘယ်လောက်ကြာရင် တစ်ခါညှပ်သင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ တွန့်လိမ်ကောက်ကွေးနေတဲ့ ဆံပင်

ဆံပင်ကောက်နေတာကြောင့် ရှည်လာရင်တောင် အရမ်းမသိသာပါဘူး။ ဆံပင်ကောက်သူတွေကဆံပင်တိမယ်ဆိုရင် ၆လတစ်ကြိမ်တိပေးနိုင်ပါတယ်။ လက်ရှိအရှည်နဲ့ ပုံစံကို ဆက်ထိန်းထားချင်ရင်တော့ ၃ လတစ်ကြိမ် ညှပ်ပေးလို့ ရပါတယ်။

၂။ ရစ်ခွေပြီး ကောက်နေတဲ့ဆံပင်

ဒီလို ဆံပင်တွေက အများအားဖြင့် ဆံသားခြောက်ကြပါတယ်။ လက်ရှိအကောက်လေးကို ထပ်မရှည်ချင်ရင်တော့ ၁၂ ပတ်တစ်ခါလောက်အဖျားတွေကို ညှပ်ပေးပါ။ သင့်ဆံပင်က အပူပေးထားလို့ ပျက်နေတယ်ဆိုရင်၊ အရောင်ဆိုးထားတယ်ဆိုရင် အရောင်ထပ်ဆိုးပြီးတိုင်း အဖျားလေးကို ညှပ်သင့်ပါတယ်။

၃။ ဆံပင်အဖြောင့် သို့မဟုတ် လှိုင်းရှိတဲ့ဆံပင်

ဆံပင်အဖြောင့်သို့မဟုတ် လှိုင်းရှိတဲ့ဆံပင်ကို ပုံမပျက်လှနေစေဖို့ဆိုရင်ဆံပင်အဖျားတွေကိုခဏခဏမညှပ်လိုက်ဖို့ကအရေးကြီးဆုံးပါပဲ။ ၁၀ပတ်တစ်ခါ သို့မဟုတ် ၃ လတစ်ခါလောက်ညှပ်ရင် မူရင်းပုံမပျက်ဘဲ လှနေမှာပါ။

၄။ ထူထဲတဲ့ ဆံပင်

ဆံပင်ထူသူက အချိန်အကြာကြီး မညှပ်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ဆံပင်ထူတာကြောင့် ဆံပင်ငြိတာ၊ စိတ်ရှုပ်တာတွေတော့ တွေ့ကြုံရပါတယ်။ ဆံပင်ထူသူတွေက ဆံပင်အရှည် မြန်လာအောင်၊ ဆံပင်အရမ်းမရှုပ်အောင် ၆ လတစ်ကြိမ် အဖျားတွေ ညှပ်ပေးလို့ရပါတယ်။

၅။ ဆံပင်ပါးသူ

ဆံပင်ပါးသူတွေက ဆံပင်ခဏခဏ ကျိုးလေ့ရှိပါတယ်။ ဒါ့အပြင် ဆံပင်ပုံသွင်းထားရင်လည်းခဏလေးနဲ့ပျက်လွယ်ပါတယ်။ အဲဒါကြောင့် ဆံပင်ကျိုးတာတွေတွေကို ကာကွယ်နိုင်အောင် ၂ လတစ်ကြိမ် ညှပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၆။ ဆံသားမကောင်းတဲ့ ဆံပင်

ဆံပင်တွေက နှစ်ခွဖြစ်နေရင်၊ အပူပေးပြီး ပုံသွင်းထားရင်၊ ပုံမှန်ဆံပင်အရောင်ဆိုးရင်ဆံပင်အဖျားတွေကို ၈ပတ်တစ်ကြိမ်တိပေးသင့်ပါတယ်။ဆံသားမကောင်းရင် ဆံဖျားတွေကို ခဏခဏညှပ်ပေးတာက ဆံပင်အတွက် ပိုကောင်းပါတယ်။ ဆံပင်ကျိုးတာတွေ၊ အရောင်ခဏခဏဆိုးလို့ဆံသားပျက်တာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

crd