Local News

သဝန်တိုစိတ်ကြောင့် ဇနီးသည်ကို နှစ် 20 ခန့်စကားမပြောဘဲ စိတ်ဆိုးနေခဲ့တဲ့ အမျိုးသား (ရုပ်သံ)

သဝန်တိုစိတ်ကြောင့် ဇနီးသည်ကို နှစ် 20 ခန့်စကားမပြောဘဲ စိတ်ဆိုးနေခဲ့တဲ့ အမျိုးသား (ရုပ်သံ)

လင်မယားတွေဆိုတဲ့အမျိုးက စကားကတောက်ကဆဖြစ်ပြီး ရက်အနည်းငယ်စိတ်ဆိုးဒေါသထွက်ကြတာမျိုးရှိကြမှာပါ ။သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဂျပန်နိုင်ငံကအမျိုးသားကတော့ ဇနီးသည်ကို နှစ် 20 ခန့် မခေါ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာပါ ။Otou Yumi နဲ့ ဇနီး Katayama တို့ဟာ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း 25 နှစ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် သူတို့မှာ သားသမီး 3 ယောက်ရှိပြီး ၊ အငယ်ဆုံး 18 နှစ်အရွယ်သားငယ်လေးက ရုပ်သံအစီအစဉ်ကိုအကြောင်းကြားပြီး မိဘနှစ်ဦးကြားကပြသာနာကို ဝိုင်းပြီးဖြေရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ် ။

Otou Yumi ဟာ သူ့ရဲ့သားသမီးတွေနဲ့ အမြဲစကားပြောဆိုလေ့ရှိပေမဲ့လည်း ၊ ဇနီးသည်ကိုတော့ ကိုယ်အမှုအရာ ဒါမှမဟုတ်စာတိုလေးသာရေးပြီးပြောဆိုခဲ့တာပါ ။ ဇနီးဖြစ်သူကတော့ စိတ်ရှည်သည်းခံပြီး ခင်ပွန်းစကားပြန်ပြောလာမဲ့အချိန်ကိုသာ စောင့်မျှော်နေခဲ့တာပါ ။ အသက် 21 နှစ်အရွယ် နဲ့ 25 နှစ်အရွယ် သမီးကြီးနှစ်ယောက်မှာတော့ မိဘတွေစကားပြောခဲ့ကြတဲ့ အမှတ်တရမျိုးတောင် မမှတ်မိတော့ကြောင်း ပြောပြခဲ့ပါတယ် ။

ဒါကြောင့် ရုပ်သံအစီအသဉ်က မိဘနှစ်ပါးကိုပန်းခြံထဲမှာတွေ့ဆုံအောင်ချိန်းပေးခဲ့ပြီးစကားတွေပြောဆိုခိုင်းခဲ့ပါတယ် ။ထိုအချိန်မှ Otou Yumi က ‘ အကြောင်းတစ်ခုခုကြောင့် ငါတို့စကားမပြောတာ အတော်ကြာပြီ ၊ မင်းက ကလေးတွေအပေါ်အတော်လေး တာဝန်ကျေပွန်ခဲ့တယ် ၊ အခုချိန်ထိ အခက်အခဲတွေကို မင်းအတော်လေး သည်းခံပေးခဲ့တယ် ၊ အရာရာတိုင်းအတွက် မင်းကိုအရမ်းကျေးဇူးတင်တယ်ဆိုတာတော့ မင်းကိုသိစေချင်တယ် ‘ဆိုပြီး ဇနီးသည်ကို စကားပြန်ပြောခဲ့ပါတယ် ။

သားသမီးတွေမှာတော့ မိဘတွေရဲ့အဖြစ်ကို အဝေးတစ်နေရာကနေချောင်းကြည့်နေပြီး ဝမ်းသာမျက်ရည်တွေကျခဲ့ပါတယ် ။ သူတို့ဇနီးမောင်နှံလည်း နောက်ပိုင်းမကြာခဏစကားတွေ ပြောကြဖို့ကတိပေးခဲ့ကြပါတယ် ။

Zawgyi

သဝန္တိုစိတ္ေၾကာင့္ ဇနီးသည္ကို ႏွစ္ 20 ခန႔္စကားမေျပာဘဲ စိတ္ဆိုးေနခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

လင္မယားေတြဆိုတဲ့အမ်ိဳးက စကားကေတာက္ကဆျဖစ္ၿပီး ရက္အနည္းငယ္ စိတ္ဆိုးေဒါသထြက္ၾကတာမ်ိဳးရွိၾကမွာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဂ်ပန္ႏိုင္ငံကအမ်ိဳးသားကေတာ့ ဇနီးသည္ကို ႏွစ္ 20 ခန႔္ မေခၚမေျပာဘဲ ႏႈတ္ဆိတ္ေနခဲ့တာပါ ။Otou Yumi နဲ႔ ဇနီး Katayama တို႔ဟာ လက္ထပ္ခဲ့ၾကတာ ႏွစ္ေပါင္း 25 ႏွစ္ေက်ာ္ခဲ့ပါၿပီ။ ဒါေၾကာင့္ သူတို႔မွာ သားသမီး 3 ေယာက္ရွိၿပီး ၊ အငယ္ဆုံး 18 ႏွစ္အ႐ြယ္သားငယ္ေလးက ႐ုပ္သံအစီအစဥ္ကိုအေၾကာင္းၾကားၿပီး မိဘႏွစ္ဦးၾကားကျပသာနာကို ဝိုင္းၿပီးေျဖရွင္းေပးဖို႔ အကူအညီေတာင္းခံခဲ့ပါတယ္ ။

Otou Yumi ဟာ သူ႔ရဲ႕သားသမီးေတြနဲ႔ အၿမဲစကားေျပာဆိုေလ့ရွိေပမဲ့လည္း ၊ ဇနီးသည္ကိုေတာ့ ကိုယ္အမႈအရာ ဒါမွမဟုတ္ စာတိုေလးသာေရးၿပီး ေျပာဆိုခဲ့တာပါ ။ ဇနီးျဖစ္သူကေတာ့ စိတ္ရွည္သည္းခံၿပီး ခင္ပြန္းစကားျပန္ေျပာလာမဲ့အခ်ိန္ကိုသာ ေစာင့္ေမွ်ာ္ေနခဲ့တာပါ ။ အသက္ 21 ႏွစ္အ႐ြယ္ နဲ႔ 25 ႏွစ္အ႐ြယ္ သမီးႀကီးႏွစ္ေယာက္မွာေတာ့ မိဘေတြစကားေျပာခဲ့ၾကတဲ့ အမွတ္တရမ်ိဳးေတာင္ မမွတ္မိေတာ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ဒါေၾကာင့္ ႐ုပ္သံအစီအသဥ္က မိဘႏွစ္ပါးကို ပန္းၿခံထဲမွာ ေတြ႕ဆုံေအာင္ ခ်ိန္းေပးခဲ့ၿပီး စကားေတြေျပာဆိုခိုင္းခဲ့ပါတယ္ ။ ထိုအခ်ိန္မွ Otou Yumi က ‘ အေၾကာင္းတစ္ခုခုေၾကာင့္ ငါတို႔စကားမေျပာတာ အေတာ္ၾကာၿပီ ၊ မင္းက ကေလးေတြအေပၚအေတာ္ေလး တာဝန္ေက်ပြန္ခဲ့တယ္ ၊ အခုခ်ိန္ထိ အခက္အခဲေတြကို မင္းအေတာ္ေလး သည္းခံေပးခဲ့တယ္ ၊ အရာရာတိုင္းအတြက္ မင္းကိုအရမ္းေက်းဇူးတင္တယ္ဆိုတာေတာ့ မင္းကိုသိေစခ်င္တယ္ ‘ ဆိုၿပီး ဇနီးသည္ကို စကားျပန္ေျပာခဲ့ပါတယ္ ။

သားသမီးေတြမွာေတာ့ မိဘေတြရဲ႕အျဖစ္ကို အေဝးတစ္ေနရာကေနေခ်ာင္းၾကည့္ေနၿပီး ဝမ္းသာမ်က္ရည္ေတြက်ခဲ့ပါတယ္ ။ သူတို႔ဇနီးေမာင္ႏွံလည္း ေနာက္ပိုင္းမၾကာခဏစကားေတြ ေျပာၾကဖို႔ကတိေပးခဲ့ၾကပါတယ္ ။

crd