Local News

စားသောက်ဆိုင်ရဲ့ထိုင်ခုံတစ်ခုပေါ်မှာ ခေါင်းလေးတင်ပြီး အစာကြွင်းကျန်တွေကိုစားရန်စောင့်နေခဲ့တဲ့ ခွေးလေး

စားသောက်ဆိုင်ရဲ့ထိုင်ခုံတစ်ခုပေါ်မှာ ခေါင်းလေးတင်ပြီး အစာကြွင်းကျန်တွေကိုစားရန်စောင့်နေခဲ့တဲ့ ခွေးလေး

Twitter အသုံးပြုသူ @SuavesLomitos ကဆာလောင်မွတ်သိပ်နေတဲ့ခွေးတစ်ကောင်ရဲ့ မျက်နှာအနေအထားကိုတွေ့ပြီးဓာတ်ပုံရိုက်ကာ Twitter ပေါ် တင်လိုက်တဲ့အခါမှာအများပြည်သူတို့ရဲ့နှလုံးသားကိုထိမိစေခဲ့ပါတယ် ။ Tweet postတွင်တွေ့ရတဲ့အတိုင်းဆာလောင်နေတဲ့ခွေးတစ်ကောင်ဟာစားသောက်ဆိုင်တစ်ဆိုင်ရဲ့ ထိုင်ခုံတစ်ခုပေါ်မှာ သူ့ခေါင်းလေးတင်ကာ မှေးမှိန်ပြီး ငေးနေတာကိုတွေ့ရပါတယ် ။ စားစရာတစ်စုံတစ်ခုတောင်းရန်စားသူတွေရဲ့ အစားအစာကြွင်းကျန်ကို စောင့်နေတဲ့ အနေအထားနဲ့ ငေးနေခဲ့တာပါ ။

၎င်းအဖြစ်အပျက်ကို မျှဝေသူက ထိုအချိန်မှာဖောက်သည်များထဲမှတစ်ဦးဖြစ်ပြီးအချို့သောဖောက်သည်များကဆာလောင်မွတ်သိပ်နေတဲ့ခွေးလေးကို လျစ်လျူရှုထားကြတာပါ ။ ဒီ post ဟာ netizens တွေရဲ့ နှလုံးသားကို ကြေကွဲစေပြီး ဝေဖန်ချက်များစွာနဲ့ စာဖတ်သူများက ထိုဆာလောင်မွတ်သိပ်နေတဲ့ခွေးရဲ့ အစာများကိုကျွေးပေးကြပါရန် တောင်းဆိုနေကြပါတယ် ။

ဒီခွေးကလေးဟာ သူဘယ်လောက်တောင်ဆာလောင်လွန်းတာကို သူ့ခန္ဓာကိုယ်ပေါ်က နံရိုးတွေက ကပ်လျက်ဖြစ်နေတာကို ကြည့်ရုံနဲ့ သိ သာထင်ရှားနေပါတယ် ။ တစ်စုံတစ်ဦးက သူ့ကိုကျွေးမွေးရုံ သာမက မွေးစားခြင်းနဲ့ သူရထိုက်တဲ့ ချစ်ခြင်းမေတ္တာကို ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။

Zawgyi





crd