Local News

လမ်းမကြီးပေါ်က ကလေးငယ်အတွက် သူ့ရဲ့အရုပ်လေးကို ထားရစ်ပေးခဲ့တဲ့ သဘောကောင်းလွန်းတဲ့ကောင်လေး

လမ်းမကြီးပေါ်က ကလေးငယ်အတွက် သူ့ရဲ့အရုပ်လေးကို ထားရစ်ပေးခဲ့တဲ့ သဘောကောင်းလွန်းတဲ့ကောင်လေး

အခုတစ်ခေါက်ဖော်ပြပေးမဲ့ ဗီဒီယိုလေးဟာ ကမ္ဘာပေါ်မှာ အခြေအနေများစွာက ဒီလောကမှာကောင်းမွန်တဲ့တန်ဖိုးရှိတဲ့လူတွေ ရှိနေသေးကြောင်း သက်သေပြနေပါတယ် ။ လတ်တလော လူမှုရေးကွန်ယက်က ဗွီဒီယိုတစ်ခုမှာ ကောင်လေးတစ်ယောက်ဟာ လမ်းပေါ်မှာ သူတွေ့မြင်ခဲ့ရတဲ့ အိုးမဲ့အိမ်မဲ့ကောင်လေးတစ်ယောက်ကို သူ့ရဲ့ ကစားစရာအရုပ် ပေးနေတာကို ပြသခဲ့ပါတယ် ။

ဗီဒီယိုထဲမှာ McLiez ဆိုသူက သူ့ရဲ့ Facebook အကောင့်မှာမျှဝေခဲ့ပြီးအကြိမ်ပေါင်း ၁ သန်းနီးပါး Like ရရှိခဲ့ပြီး မတူညီတဲ့ဆိုရှယ်မီဒီယာစာမျက်နှာမှာလည်း အကြိမ်ပေါင်း ၁၆၉၀၀၀ ကျော် မျှဝေခဲ့ကြပါတယ် ။ ဒီမိနစ်တစ်မိနစ်ဗီဒီယိုထဲမှာ အို့မဲ့အိမ်မဲ့ကလေးငယ်တစ်ဦးဟာ ယာဉ်ရပ်နေပုံရတဲ့ကားတစ်စီးနား ချဉ်းကပ်နေတာကို တွေ့ရပါတယ် ။ကားနောက်ဘက်ထိုင်ခုံမှာ ထိုင်နေတဲ့ကောင်လေးတစ်ယောက်က ပြတင်းပေါက်မှလှန်းကြည့်ခဲ့ပြီးအိုးအိမ်မဲ့တဲ့ကောင်လေး နဲ့ စကားစပြောခဲ့ပါတယ် ။

အဲ့ဒီနောက် သူ့မှာရှိသော ကားအရုပ်ကို ပေးခဲ့ပါတယ် ။ သူ့ရဲ့ လုပ်ရပ်ဟာအိုးမဲ့အိမ်မဲ့ကောင်လေးကို ပျော်ရွှင်စေပြီးလမ်းပေါ်မျာ ကားအရုပ်လေး နဲ့ ကစားနေခဲ့ပါတယ် ။ ကစားစရာနဲ့ခဏကစားပြီးနောက်ကောင်လေးက၎င်းကိုပိုင်ရှင်ထံပြန်ပေးခဲ့ပါတယ် ။သို့ပေမဲ့ ကားထဲကကောင်လေးဟာ အရုပ်ကိုမယူရန်ငြင်းဆန်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ကလေးကို လက်ခံရန. အတင်းအကျပ်ခိုင်းစေခဲ့ပါတယ် ။အိုးမဲ့အိမ်မဲ့ကောင်လေးဟာကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ လမ်းတစ်ဖက်ကမ်းကို အမြန်ပြေးလိုက်ပြီး သူရောင်းချနေတဲ့ အစားအစာအစုံလိုက်နဲ့ ကားထဲကကောင်လေးကို ပေးခဲ့ပါတယ် ။

ယောက်ျားလေးနှစ်ယောက်က သူတို့မျက်နှာပေါ်မှာတောက်ပတဲ့ အပြုံးတွေနဲ့တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ခဲ့ပါတယ် ။ဒီဗီဒီယိုကို ထိမိတဲ့အခိုက်အတန့်အတွင်းမှာ ဖြစ်ပျက်ခဲ့တာကို တစ်ယောက်ယောက်က မှတ်တမ်းတင်ခဲ့တာပါ ။

Zawgyi

အခုတစ္ေခါက္ေဖာ္ျပေပးမဲ့ ဗီဒီယိုေလးဟာ ကမာၻေပၚမွာ အေျခအေနမ်ားစြာက ဒီေလာကမွာ ေကာင္းမြန္တဲ့တန္ဖိုးရွိတဲ့လူေတြ ရွိေနေသးေၾကာင္း သက္ေသျပေနပါတယ္ ။ လတ္တေလာ လူမႈေရးကြန္ယက္က ဗြီဒီယိုတစ္ခုမွာ ေကာင္ေလးတစ္ေယာက္ဟာ လမ္းေပၚမွာ သူေတြ႕ျမင္ခဲ့ရတဲ့ အိုးမဲ့အိမ္မဲ့ေကာင္ေလးတစ္ေယာက္ကို သူ႔ရဲ႕ ကစားစရာအ႐ုပ္ ေပးေနတာကို ျပသခဲ့ပါတယ္ ။

ဗီဒီယိုထဲမွာ McLiez ဆိုသူက သူ႔ရဲ႕ Facebook အေကာင့္မွာ မွ်ေဝခဲ့ၿပီး အႀကိမ္ေပါင္း ၁ သန္းနီးပါး Like ရရွိခဲ့ၿပီး မတူညီတဲ့ ဆိုရွယ္မီဒီယာစာမ်က္ႏွာမွာလည္း အႀကိမ္ေပါင္း ၁၆၉၀၀၀ ေက်ာ္ မွ်ေဝခဲ့ၾကပါတယ္ ။ ဒီမိနစ္တစ္မိနစ္ဗီဒီယိုထဲမွာ အို႔မဲ့အိမ္မဲ့ကေလးငယ္တစ္ဦးဟာ ယာဥ္ရပ္ေနပုံရတဲ့ ကားတစ္စီးနား ခ်ဥ္းကပ္ေနတာကို ေတြ႕ရပါတယ္ ။ကားေနာက္ဘက္ထိုင္ခုံမွာ ထိုင္ေနတဲ့ေကာင္ေလးတစ္ေယာက္က ျပတင္းေပါက္မွ လွန္းၾကည့္ခဲ့ၿပီး အိုးအိမ္မဲ့တဲ့ေကာင္ေလး နဲ႔ စကားစေျပာခဲ့ပါတယ္ ။

အဲ့ဒီေနာက္ သူ႔မွာရွိေသာ ကားအ႐ုပ္ကို ေပးခဲ့ပါတယ္ ။ သူ႔ရဲ႕ လုပ္ရပ္ဟာ အိုးမဲ့အိမ္မဲ့ေကာင္ေလးကို ေပ်ာ္႐ႊင္ေစၿပီး လမ္းေပၚမ်ာ ကားအ႐ုပ္ေလး နဲ႔ ကစားေနခဲ့ပါတယ္ ။ ကစားစရာ နဲ႔ ခဏကစားၿပီးေနာက္ ေကာင္ေလးက ၎ကိုပိုင္ရွင္ထံျပန္ေပးခဲ့ပါတယ္ ။ သို႔ေပမဲ့ ကားထဲကေကာင္ေလးဟာ အ႐ုပ္ကို မယူရန္ျငင္းဆန္ခဲ့ၿပီး အိုးမဲ့အိမ္မဲ့ကေလးကို လက္ခံရန. အတင္းအက်ပ္ခိုင္းေစခဲ့ပါတယ္။အိုးမဲ့အိမ္မဲ့ေကာင္ေလးဟာ ေက်းဇူးတင္ေၾကာင္းျပသတဲ့အေနနဲ႔လမ္းတစ္ဖက္ကမ္းကို အျမန္ေျပးလိုက္ၿပီး သူေရာင္းခ်ေနတဲ့ အစားအစာအစုံလိုက္နဲ႔ ကားထဲကေကာင္ေလးကို ေပးခဲ့ပါတယ္ ။

ေယာက္်ားေလးႏွစ္ေယာက္က သူတို႔မ်က္ႏွာေပၚမွာေတာက္ပတဲ့ အၿပဳံးေတြနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ႏႈတ္ဆက္ခဲ့ပါတယ္ ။ ဒီဗီဒီယိုကို ထိမိတဲ့အခိုက္အတန႔္အတြင္းမွာ ျဖစ္ပ်က္ခဲ့တာကို တစ္ေယာက္ေယာက္က မွတ္တမ္းတင္ခဲ့တာပါ ။

crd