Uncategorized ဗဟုသုတ

မီးဖိုေခ်ာင္သုံး ေရျမႇဳပ္ဖတ္ႏွင့္ ဘက္တီးရီးယား အႏၲရာယ္

မီးဖိုေခ်ာင္သုံး ေရျမႇဳပ္ဖတ္ႏွင့္ ဘက္တီးရီးယား အႏၲရာယ္(အိမ္ရွင္မေတြေရာ အိမ္ရွင္ထီးေတြေရာ သိသင့္တယ္ေနာ္…)

မီးဖိုေခ်ာင္သုံး ေရျမႇဳပ္ဖတ္ႏွင့္ ဘက္တီးရီးယား အႏၲရာယ္.. အိမ္ရွင္မေတြ သတိမမူမိဘဲ အမွတ္တမဲ့ျဖစ္ေနတတ္တဲ့ Kitchen Spongesလို႔ ေခၚၾကတဲ့ အိုးခြက္၊ ပန္းကန္ေဆး ေရျမႇဳပ္ဖတ္၊ ေရဖတ္တိုက္အတုံးအဖတ္ႏွင့္ေဖာ့တုံးေလးမ်ားအေၾကာင္းကို အိမ္ရွင္မမ်ားႏွင့္အတူ စာဖတ္သူမ်ားအား သတိျပဳမိေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။ ပန္ကန္ေဆးေရျမႇဳပ္ဖတ္ဆိုတာ ဘက္တီးရီးယားေတြနဲ႔ အၿမဲျပည့္ေနတတ္တဲ့အရာပါ။

ေရျမႇဳပ္ဖတ္၊ ေဖာ့တုံးေလးမ်ားကို အိုးခြက္၊ ပန္းကန္ေဆး႐ုံတင္မဟုတ္ဘဲ တျခားမီးဖိုေခ်ာင္သန္႔ရွင္းေရး လုပ္ရာမွာလည္း အသုံးျပဳတတ္ၾကပါတယ္။အိုးခြက္၊ ပန္းကန္ေဆးသုံးနဲ႔ မီးဖိုေခ်ာင္သန္႔ရွင္းေရးသုံး ေရျမႇဳပ္ဖတ္ကို သက္သက္တစ္ခုစီထားသင့္ပါတယ္။အေရာင္ခြဲ၍ (သို႔) ေရျမႇဳပ္ဖတ္ အမ်ိဳးအစား မတူတာမ်ိဳးနဲ႔သီးျခားဆီ ခြဲသုံးသင့္ပါတယ္။ ေရျမႇဳပ္ဖတ္ကို ဘက္တီးရီးယားမတက္ေအာင္ တစ္ေန႔တာသုံးၿပီးလွ်င္ သံပုရာရည္၊ ေရေႏြးပူျဖင့္ ေဆးတာတို႔ ျပဳလုပ္လို႔ရပါတယ္။

ဒါေပမယ့္ သိပ္ေတာ့ မထူးျခားလွပါဘူး။ သုံးၿပီးသားေရျမႇဳပ္ဖတ္ေတြမွာ အႏၲရာယ္မ်ားလွတဲ့ ဘက္တီးရီးယားပိုးေတြ၊ အီးကိုလိုင္း (E.coli) ႏွင့္ အစာ အဆိပ္ျဖစ္ေစတတ္ေသာ ပိုးေတြဟာ အစားအစာ အဆိပ္သင့္တဲ့ အႏၲရာယ္မ်ိဳးမ်ားကို အလြယ္တကူက်ေရာက္တတ္ပါတယ္။အေမရိကန္ႏိုင္ငံ စိုက္ပ်ိဳးေမြးျမဴေရးသုေတသနဌာနရဲ႕ ေျပာၾကားခ်က္အရ ဒီလိုေရာဂါပိုးေတြကို သတ္ႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္းကေတာ့ မိုက္ခ႐ိုေဝ့ဖ္ထဲ (၁) မိနစ္ၾကာ အပူေပးလို႔ရသလို ပန္းကန္ေဆးစက္ထဲသို႔လည္း ထည့္ေဆးလို႔ရပါတယ္။

ဒီနည္းလမ္း ႏွစ္မ်ိဳးလုံးဟာ ေရျမႇဳပ္ဖတ္ေပၚက ဘက္တီးရီးယားပိုးေတြကို ၉၉.၉၉၉ ရာခိုင္ႏႈန္း ေသေစႏိုင္ပါတယ္။ အခုေနာက္ပိုင္းမွာ ပိုးသတ္ၿပီးသား ေရျမႇဳပ္ဖတ္ေတြကို အသုံးျပဳလာတာကိုေတြ႕ရပါတယ္။အဲဒီပိုးသတ္ၿပီးသား ေရျမႇဳပ္ဖတ္မွာ ထ႐ိုင္ကလိုဆန္ (Triclosan) ဆိုတဲ့ Chemical နဲ႔ ျပဳလုပ္ထားတာေၾကာင့္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဒါ့အျပင္ ပတ္ဝန္းက်င္ကိုလည္း ထိခိုက္ေစပါတယ္။

ဒီေရျမႇဳပ္ဖတ္နဲ႔ သုံးတဲ့ေရေတြ ျမစ္ထဲ၊ သမုဒၵရာထဲသာ ပါသြားမယ္ဆိုရင္ ပင္လယ္သတၱဝါေတြအတြက္ အႏၲရာယ္ မ်ားလွပါတယ္။ ႐ိုး႐ိုးေရျမႇဳပ္ဖတ္ေတြကမွ ပတ္ဝန္းက်င္ကို မထိခိုက္ႏိုင္ေစပါဘူး။ဒါ့ေၾကာင့္ သပြတ္သီးအေျခာက္ကို အေမရိကန္သဘာဝထိန္းသိမ္းေရးအဖြဲ႕မွ အသုံးျပဳဖို႔ တိုက္တြန္းထားပါတယ္။ အခုေနာက္ပိုင္း အိမ္ေတြမွာေတာင္ သပြတ္ပင္ကိုစိုက္ပ်ိဳးၿပီး သပြတ္သီးကို အစားထိုးအသုံးျပဳလာတာကို ေတြ႕ရပါတယ္။

မီးဖိုေခ်ာင္ႏွင့္ ပန္းကန္ေဆးတဲ့ေနရာကို အသုံးျပဳၿပီးတာနဲ႔ ေရေႏြးပူျဖင့္ေဆးေၾကာၿပီး သန္႔ရွင္းေအာင္ထားပါ။ ေရျမႇဳပ္ဖတ္ကိုလည္း သုံးၿပီးလွ်င္ ေရစင္ေအာင္ညႇစ္ၿပီးထားပါ။ေရျမႇဳပ္ဖတ္ ေရစိုေနလွ်င္ ဘက္တီးရီးယားပိုးေတြ လြယ္ကူစြာ ေပါက္ဖြားတိုးပြားႏိုင္ပါတယ္။ဝါးႏွင့္ျပဳလုပ္ထားတဲ့ ေရျမႇဳပ္ဖတ္၊ ေရျမႇဳပ္တုံးေလးမ်ားကို အခုခ်ိန္ခါမွာ လူသုံးမ်ားလာတာကိုလည္း ေတြ႕ရွိရပါတယ္။ ဝါးရဲ႕သဘာဝဟာ ဘက္တီးရီးယားနဲ႔ မႈိတက္တာကို ခုခံႏိုင္တဲ့ စြမ္းအားရွိတာေၾကာင့္ ျဖစ္ပါတယ္။

ေရျမႇဳပ္ဖတ္၊ ေရျမႇဳပ္တုံးေလးမ်ား အနံ႔အသက္ဆိုးတာကို ေပ်ာက္ေစခ်င္တယ္ဆိုရင္ေတာ့ Mrs. Clean USA ရဲ႕ ေျပာၾကားခ်က္အရ ေရပုံးထဲသို႔ေရျဖည့္ပါ။ ၿပီးလွ်င္ ၂/၃ အစြန္းခြၽတ္ေဆး (အေရာင္ခြၽတ္ေဆး) နဲ႔ေရာေမႊၿပီးေရျမႇဳပ္ဖတ္ကို မိနစ္ ၃၀ ေလာက္ထည့္စိမ္ထားလွ်င္ အနံဆိုးမ်ားေပ်ာက္ပါတယ္။ တခ်ိဳ႕မွာ ေရေႏြးနဲ႔ ရွာလကာရည္အေရာထဲမွာ ထည့္စိမ္ပါတယ္။ အဆင္ေျပတဲ့နည္းနဲ႔ လုပ္ၾကည့္လို႔ရပါတယ္။

ေရျမႇဳပ္ဖတ္ေလးကို ႏွစ္ရက္၊ သုံးရက္ တစ္ခါေလာက္ မိုက္ကလိုေဝ့ဖ္နဲ႔ခြက္ထဲေရထည့္ၿပီး ေရျမႇဳပ္ဖတ္ကိုထည့္ကာအပူျပင္းျပင္းျဖင့္ (သို႔) ေရေႏြးပူထဲမွာ ထည့္စိမ္တာတို႔လုပ္လို႔ရပါတယ္။ ေရျမႇဳပ္ဖတ္ကို သုံးၿပီးလွ်င္ ဆပ္ျပာျဖင့္ စင္ေအာင္ေဆးၿပီး ေရစင္ေအာင္ညႇစ္ထားပါ။ေရျမႇဳပ္ဖတ္တစ္ခုကို ဘယ္ေလာက္အခ်ိန္ထိ သုံးလို႔ရပါသလဲဆိုရင္ေတာ့ ကိုယ္သုံးတဲ့ေရျမႇဳပ္ဖတ္အမ်ိဳးအစားနဲ႔ အ႐ြယ္ေပၚမူတည္ပါတယ္။

ဂ႐ုတစိုက္နဲ႔ အသုံးျပဳမယ္ဆိုရင္ ေရျမႇဳပ္ဖတ္တစ္ခုရဲ႕သက္တမ္းက၂ ပတ္ ကေန ၈ ပတ္ ေလာက္ခံပါတယ္။ေရျမႇဳပ္ဖတ္ကို အေမႊးေတြအမွ်င္ေတြ အရမ္းဖြာေအာင္ထိ မသုံးပါႏွင့္။ အႏၲရာယ္မ်ားပါတယ္။ေရျမႇဳပ္ဖတ္ရဲ႕ အေမႊးအမွ်င္ေတြ အိုးခြက္ပန္းကန္ေဆးတဲ့အခါ ကပ္ပါသြားတတ္ပါတယ္။အခုအခါမွာ ေရျမႇဳပ္ဖတ္ေလးေတြကို အိမ္ရွင္မေတြနဲ႔အတူ အားလုံးသတိျပဳမိေစရန္အတြက္ ခ်စ္စရာ၊ ဆြဲေဆာင္စရာ ပုံစံအမ်ိဳးမ်ိဳး၊အ႐ြယ္အစားအမ်ိဳးမ်ိဳးနဲ႔ ကာလာစုံကို ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ ဝယ္ယူလို႔ ရေနပါၿပီ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ဘက်တီးရီးယား အန္တရာယ်(အိမ်ရှင်မတွေရော အိမ်ရှင်ထီးတွေရော သိသင့်တယ်နော်…)

မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့်ဘက်တီးရီးယားအန္တရာယ်..အိမ်ရှင်မတွေသတိမမူမိဘဲအမှတ်တမဲ့ဖြစ်နေတတ်တဲ့Kitchen Spongesလို့ ခေါ်ကြတဲ့ အိုးခွက်၊ ပန်းကန်ဆေး ရေမြှုပ်ဖတ်၊ရေဖတ်တိုက်အတုံးအဖတ်နှင့်ဖော့တုံးလေးများအကြောင်းကိုအိမ်ရှင်မများနှင့်အတူစာဖတ်သူများအားသတိပြုမိစေရန် ဖော်ပြပေးလိုက်ပါတယ်။ ပန်ကန်ဆေးရေမြှုပ်ဖတ်ဆိုတာ ဘက်တီးရီးယားတွေနဲ့ အမြဲပြည့်နေတတ်တဲ့အရာပါ။

ရေမြှုပ်ဖတ်၊ ဖော့တုံးလေးများကို အိုးခွက်၊ ပန်းကန်ဆေးရုံတင်မဟုတ်ဘဲ တခြားမီးဖိုချောင်သန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုတတ်ကြပါတယ်။ အိုးခွက်၊ ပန်းကန်ဆေးသုံးနဲ့ မီးဖိုချောင်သန့်ရှင်းရေးသုံး ရေမြှုပ်ဖတ်ကို သက်သက်တစ်ခုစီထားသင့်ပါတယ်။အရောင်ခွဲ၍ (သို့) ရေမြှုပ်ဖတ် အမျိုးအစား မတူတာမျိုးနဲ့ သီးခြားဆီ ခွဲသုံးသင့်ပါတယ်။ ရေမြှုပ်ဖတ်ကို ဘက်တီးရီးယားမတက်အောင် တစ်နေ့တာသုံးပြီးလျှင် သံပုရာရည်၊ရေနွေးပူဖြင့် ဆေးတာတို့ ပြုလုပ်လို့ရပါတယ်။

ဒါပေမယ့် သိပ်တော့ မထူးခြားလှပါဘူး။ သုံးပြီးသားရေမြှုပ်ဖတ်တွေမှာအန္တရာယ်များလှတဲ့ဘက်တီးရီးယားပိုးတွေ၊အီးကိုလိုင်း (E.coli) နှင့် အစာ အဆိပ်ဖြစ်စေတတ်သော ပိုးတွေဟာ အစားအစာ အဆိပ်သင့်တဲ့ အန္တရာယ်မျိုးများကို အလွယ်တကူ ကျရောက်တတ်ပါတယ်။အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးသုတေသနဌာနရဲ့ ပြောကြားချက်အရဒီလိုရောဂါပိုးတွေကိုသတ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ မိုက်ခရိုဝေ့ဖ်ထဲ(၁) မိနစ်ကြာအပူပေးလို့ရသလို ပန်းကန်ဆေးစက်ထဲသို့လည်း ထည့်ဆေးလို့ရပါတယ်။

ဒီနည်းလမ်း နှစ်မျိုးလုံးဟာ ရေမြှုပ်ဖတ်ပေါ်က ဘက်တီးရီးယားပိုးတွေကို ၉၉.၉၉၉ ရာခိုင်နှုန်း သေစေနိုင်ပါတယ်။ အခုနောက်ပိုင်းမှာပိုးသတ်ပြီးသား ရေမြှုပ်ဖတ်တွေကို အသုံးပြုလာတာကိုတွေ့ရပါတယ်။အဲဒီပိုးသတ်ပြီးသား ရေမြှုပ်ဖတ်မှာ ထရိုင်ကလိုဆန် (Triclosan)ဆိုတဲ့ Chemical နဲ့ ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါတယ်။

ဒီရေမြှုပ်ဖတ်နဲ့ သုံးတဲ့ရေတွေ မြစ်ထဲ၊ သမုဒ္ဒရာထဲသာ ပါသွားမယ်ဆိုရင် ပင်လယ်သတ္တဝါတွေအတွက် အန္တရာယ် များလှပါတယ်။ရိုးရိုးရေမြှုပ်ဖတ်တွေကမှ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်စေပါဘူး။ဒါ့ကြောင့် သပွတ်သီးအခြောက်ကိုအမေရိကန်သဘာဝထိန်းသိမ်းရေးအဖွဲ့မှ အသုံးပြုဖို့တိုက်တွန်းထားပါတယ်။ အခုနောက်ပိုင်း အိမ်တွေမှာတောင် သပွတ်ပင်ကိုစိုက်ပျိုးပြီး သပွတ်သီးကို အစားထိုးအသုံးပြုလာတာကို တွေ့ရပါတယ်။

မီးဖိုချောင်နှင့် ပန်းကန်ဆေးတဲ့နေရာကို အသုံးပြုပြီးတာနဲ့ ရေနွေးပူဖြင့်ဆေးကြောပြီး သန့်ရှင်းအောင်ထားပါ။ ရေမြှုပ်ဖတ်ကိုလည်းသုံးပြီးလျှင် ရေစင်အောင်ညှစ်ပြီးထားပါ။ရေမြှုပ်ဖတ် ရေစိုနေလျှင် ဘက်တီးရီးယားပိုးတွေ လွယ်ကူစွာ ပေါက်ဖွားတိုးပွားနိုင်ပါတယ်။ဝါးနှင့်ပြုလုပ်ထားတဲ့ ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများကို အခုချိန်ခါမှာ လူသုံးများလာတာကိုလည်း တွေ့ရှိရပါတယ်။ ဝါးရဲ့သဘာဝဟာ ဘက်တီးရီးယားနဲ့ မှိုတက်တာကို ခုခံနိုင်တဲ့ စွမ်းအားရှိတာကြောင့် ဖြစ်ပါတယ်။

ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများ အနံ့အသက်ဆိုးတာကို ပျောက်စေချင်တယ်ဆိုရင်တော့ Mrs. Clean USA ရဲ့ ပြောကြားချက်အရရေပုံးထဲသို့ရေဖြည့်ပါ။ ပြီးလျှင် ၂/၃ အစွန်းချွတ်ဆေး (အရောင်ချွတ်ဆေး)နဲ့ရောမွှေပြီးရေမြှုပ်ဖတ်ကို မိနစ် ၃၀လောက်ထည့်စိမ်ထားလျှင်အနံဆိုးများပျောက်ပါတယ်။ တချို့မှာ ရေနွေးနဲ့ ရှာလကာရည်အရောထဲမှာ ထည့်စိမ်ပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ လုပ်ကြည့်လို့ရပါတယ်။

ရေမြှုပ်ဖတ်လေးကို နှစ်ရက်၊ သုံးရက် တစ်ခါလောက် မိုက်ကလိုဝေ့ဖ်နဲ့ ခွက်ထဲရေထည့်ပြီး ရေမြှုပ်ဖတ်ကိုထည့်ကာ အပူပြင်းပြင်းဖြင့် (သို့) ရေနွေးပူထဲမှာ ထည့်စိမ်တာတို့ လုပ်လို့ရပါတယ်။ ရေမြှုပ်ဖတ်ကို သုံးပြီးလျှင် ဆပ်ပြာဖြင့် စင်အောင်ဆေးပြီး ရေစင်အောင်ညှစ်ထားပါ။ရေမြှုပ်ဖတ်တစ်ခုကို ဘယ်လောက်အချိန်ထိ သုံးလို့ရပါသလဲဆိုရင်တော့ ကိုယ်သုံးတဲ့ရေမြှုပ်ဖတ်အမျိုးအစားနဲ့ အရွယ်ပေါ်မူတည်ပါတယ်။

ဂရုတစိုက်နဲ့ အသုံးပြုမယ်ဆိုရင် ရေမြှုပ်ဖတ်တစ်ခုရဲ့ သက်တမ်းက၂ ပတ် ကနေ ၈ ပတ်လောက်ခံပါတယ်။ရေမြှုပ်ဖတ်ကို အမွှေးတွေအမျှင်တွေ အရမ်းဖွာအောင်ထိမသုံးပါနှင့်။အန္တရာယ်များပါတယ်။ရေမြှုပ်ဖတ်ရဲ့အမွှေးအမျှင်တွေအိုးခွက်ပန်းကန်ဆေးတဲ့အခါကပ်ပါသွားတတ်ပါတယ်။အခုအခါမှာရေမြှုပ်ဖတ်လေးတွေကို အိမ်ရှင်မတွေနဲ့အတူ အားလုံးသတိပြုမိစေရန်အတွက် ချစ်စရာ၊ ဆွဲဆောင်စရာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ကာလာစုံကို ဆိုင်တော်တော်များများမှာ ဝယ်ယူလို့ ရနေပါပြီ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။