ဗဟုသုတ

ရထားပေါ်တက်ကာ စာနာစိတ်မရှိတဲ့ လူတွေကို ပညာပေးခဲ့ကြတဲ့ ယောကျာ်းကိုယ်ဝန်သည်များ

ဒီဖြစ်ရပ်လေးကတော့ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က ရထားဘူတာတခုမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

၎င်းစီချွမ်ပြည်နယ်မှာပြေးဆွဲနေတဲ့ ရထားတွေဟာမှာဆိုရင်လည်း အချိန်တိုင်းလိုလိုခရီးသည်တွေနဲ့ပြည့်နေပြီးတချို့လူတွေဟာဆိုရင် လူကြီးသူမတွေ ကိုယ်ဝန်သည်တွေကိုတောင် ထိုင်စရာနေရာမပေးချင်ကြပါဘူး။

ါ့ကြောင့် ၎င်းအမျိုးသားတွေက ထိုသို့သောသူတွေကို ပညာပေးချင်လိုတဲ့စိတ်နဲ့ ကိုယ်ဝန်သည်တွေလို ပြုလုပ်လာပြီး ရထားပေါ်ကို တက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါ့အပြင် သူတို့ရဲ့အင်္ကျီတွေမှာလည်း ကိုယ်ဝန်သည်တွေကို စာနာထောက်ထားပေးကြဖို့ စာတွေကိုရိုက်နှိပ်လာခဲ့တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ လူအုပ်ကြားထဲတိုးဝှေ့ကာ ထိုင်စရာနေရာတောင်းဆိုပြီး ဝင်ထိုင်ကြတဲ့အခါမှာဆိုရင်လည်း တချို့သောသူတွေရဲ့ မျက်မှောင်ကြုတ်ပြီး ကြည့်တဲ့အကြည့်တွေကို ခံခဲ့ရပါတယ်။ဒီအမျိုးသားတွေ အခုလိုပြုလုပ်ရတဲ့အဓိက အကြောင်းရင်းကတော့ အများပြည်သူသုံးပို့ဆောင်ဆက်သွယ်ရေးတွေမှာကိုယ်ဝန်သည်တွေကို ဦးစားပေးဖို့ ၊ ကိုယ်ချင်းစားပေးကြဖို့ပဲဖြစ်ပါတယ်။

၎င်းအမျိုးသားတွေရဲ့လုပ်ရပ်ကို နားလည်သဘောပေါက်ကြတဲ့ ခရီးသွားပြည်သူတွေကတော့ ဓတ်ပုံတွေဝိုင်းရိုက်ကာကောင်းချီးပေးခဲ့ကြပြီးလူမှုကွန်ယက်ပေါ်မှာလည်း ပြန်လည်မျှဝေကာ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်သည်တွေကို စာနာထောက်ထားပေးကြဖို့ ဝိုင်းဝန်းတိုက်တွန်းပေးခဲ့ကြပါတယ်။

ပရိသတ်တွေလည်းဒီအမျိုးသားတွေရဲ့လုပ်ရပ်ကိုအတုယူပြီးဘတ်စ်ကားပေါ်မှာပဲဖြစ်ဖြစ်ရထားပေါ်မှာပဲဖြစ်ဖြစ်သက်ကြီးရွယ်အိုတွေ ၊ကိုယ်ဝန်သည်တွေနဲ့ ကြုံကြိုက်လာတဲ့အခါ စာနာထောက်ထားသောအားဖြင့် ထိုင်စရာနေရာလေးတစ်နေရာလောက် ဖယ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

crd