ဗဟုသုတ

႐ြာေျမကို ၀ယ္မယ္ဆို သိထားသင့္ေသာ အခ်က္မ်ား

႐ြာေျမကို ၀ယ္မယ္ဆို သိထားသင့္ေသာ အခ်က္မ်ား

႐ြာေျမဆိုသည္မွာ ေခတ္ကာလအဆက္ဆက္တြင္ လူအမ်ားေနထိုင္ရန္ သီးသန္႔သတ္မွတ္ထားေသာ ေျမအမ်ိဳးအစားမ်ားထဲမွ တစ္မ်ိဳးျဖစ္ပါသည္။

ပါမစ္ ဂရန္ တို႔ကဲသို႔ စာ႐ြက္စာတမ္းအေနႏွင့္ သီးျခား ပုံေသသတ္မွတ္ထားျခင္းမရွိေသာ္လည္း ေရွးအစဥ္အဆက္က ဘိုးဘြားမ်ားလက္ထက္မွ သတ္မွတ္လာခဲ့ေသာ နယ္နိမိတ္အတိုင္း မ်ိဳးဆက္ တဆက္ၿပီးတဆက္ ေနထိုင္လာခဲ့ၾကၿပီး စာခ်ဳပ္အေနႏွင့္ အေရာင္းအ၀ယ္ျပဳလုပ္ေလ့ ရွိၾကပါသည္။

႐ြာႏွင့္ ဆက္စပ္လ်က္ရွိေသာ ဧရိယာမ်ားမွာ တခါတေလတြင္ လယ္ေျမမ်ားျဖစ္ေနတတ္ၿပီး ကြၽဲႏြားလႊတ္ေက်ာင္းရန္ ခ်န္လွပ္ထားေသာ စားက်က္ေျမမ်ားလည္း ျဖစ္ေနတတ္ပါသည္။

ဥယ်ာဥ္ၿခံေျမမ်ားလည္း တဆက္တစပ္တည္း တည္ရွိေနသည္ကို ေတြ႕ျမင္ရဖူးပါသည္။

႐ြာေျမကို ၀ယ္ယူရာတြင္ သတိထားစရာအခ်က္အလက္မ်ားမွာ

(၁) ႐ြာေျမျဖစ္ေၾကာင္း သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမႈး၊ အနီးအပါးတြင္ေနထိုင္ေသာ႐ြာခံလူႀကီးမ်ား၊ ပါတ္၀န္းက်င္ရွိ ႐ြာေျမတြင္ေနထိုင္လာခဲ့ေသာ နယ္ခံ လူထုမ်ားအား ေမးျမန္းစုံစမ္းၿပီး ေနရာႏွင့္တကြ ဟုတ္မဟုတ္ ေသေသခ်ာခ်ာ သတိျပဳ ၀ယ္ယူသင့္ပါသည္။

(၂) အခ်ိဳ႕ ေျမကြက္ေရာင္းခ်သူမ်ားမွ လယ္ေျမအား ႐ြာေျမ၊ ဘိုးဘြားပိုင္ေျမသဖြယ္ စိတ္ပိုင္း ေရာင္းခ်တတ္ပါသည္။ ထိုေျမကြက္မ်ားကို ၀ယ္ယူမိသူမ်ားမွာ အိမ္ရာေဆာက္လုပ္ခြင့္မရ၊ အမည္ေပါက္ လဲေျပာင္းလဲမရသျဖင့္ အခက္အခဲႀကဳံ ေငြလဲဆုံး႐ူံးခဲ့ၾကရသည္ကို ၾကားသိ ခဲ့ဖူးပါသည္။

(၃) အခ်ိဳ႕က်ဴးေက်ာ္ေနထိုင္သူမ်ားမွာ သက္တမ္းရွည္ၾကာစာေ ေနထိုင္ခဲ့သျဖင့္ ႐ြာေျမျဖစ္သေယာင္ႏွင့္ေရာင္းခ်ေသာ္လည္း အမွန္တကယ္မွာ လယ္ေျမတြင္ေဆာက္လုပ္ထားေသာ အိမ္ကေလးမ်ားသာ ျဖစ္ေနတတ္ပါသည္။

(၄) ႐ြာေျမ ေရာင္းခ်ရန္ ကမ္းလွမ္းလာျခင္းကို ေသခ်ာစြာစီစစ္ရာမွ ဘုန္းေတာ္ႀကီးေက်ာင္းနယ္နိမိတ္ဧရိယာတြင္ ေနထိုင္ေနၾကေသာက်ဴးေက်ာ္အိမ္မ်ား ျဖစ္ေနသည္ကို ႀကဳံေတြ႕ခဲ့ပါသည္။

(၅) ႐ြာေျမကို၀ယ္ယူၿပီးပါက ၿခံခတ္ရန္ အလြန္အေရးႀကီးပါသည္။ ဧရိယာသတ္မွတ္ခ်က္မွာ ပါမစ္ ဂရန္ တို႔ကဲ့သို႔ အတိအက် မရွိတတ္ပဲ ခန္႔မွန္းသာအဆင့္ဆင့္ေရာင္းခ်ခဲ့ျခင္းသို႔မဟုတ္ ခန္႔မွန္းျဖင့္သာ ေနထိုင္ခဲ့ျခင္းတို႔ေၾကာင့္႐ြာခံမ်ားပင္တိက်စြာသိရန္ ခက္ခဲျခင္းမ်ားႀကဳံေတြ႕ရတတ္ပါသည္။ ၿခံမခတ္ပဲထားမိပါက ေနာင္ႏွစ္ေပါင္းမ်ားစြာမွ အ႐ူပ္အရွင္းမ်ား ရင္ဆိုင္ရတတ္ပါသည္။

အခ်ိဳ႕ေသာ သူမ်ားက သစ္ပင္မ်ားစိုက္ပ်ိဳးျခင္း ဝါးပင္မ်ားျဖင့္စိုက္ပ်ိဳးၿပီး ဧရိယာကိုပိုမိုေက်ာ္လြန္ေအာင္ ေဆာင္႐ြက္တတ္ျခင္းတို႔ေၾကာင့္ ပိုင္ဆိုင္မႈအျငင္းမပြားရေလေအာင္ စတင္၀ယ္ယူစဥ္ကတည္းက ၿခံခတ္ ထားသင့္ပါသည္။ လူတိုင္းမဟုတ္ပါ ႐ိုးသားေသာ နယ္ခံမ်ားစြာ ရွိပါသည္။

(၆) ႐ြာေျမမ်ားသည္ ဧရိယာအမ်ိဳးမ်ိဳးျဖင့္ ရွိေနႏိုင္ပါသည္။ 50’x60′ / 45’x90’/ 60’x120′ စသည္ျဖင့္ ျပန္လည္စိတ္ပိုင္းေရာင္းခ်ေသာ သူမ်ား၏ ဆႏၵအတိုင္း ဧရိယာသတ္မွတ္ခ်က္အတိုင္း ၀ယ္ယူရန္သာျဖစ္ပါသည္။

Credit-ဥပေဒေရးရာ

Unicode

ရွာမြေကို ဝယ်မယ်ဆို သိထားသင့်သော အချက်များ

ရွာမြေဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင် လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။

ပါမစ် ဂရန် တို့ကဲသို့ စာရွက်စာတမ်းအနေနှင့် သီးခြား ပုံသေသတ်မှတ်ထားခြင် းမရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သော နယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအဝယ်ပြုလုပ်လေ့ ရှိကြပါသည်။

ရွာနှင့် ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ကျွဲနွားလွှတ်ကျောင်းရန်ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်း တည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။

ရွာမြေကို ဝယ်ယူရာတွင် သတိထားစရာအချက်အလက်များမှာ

(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်ဝန်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများအား မေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု ဝယ်ယူသင့်ပါသည်။

(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ထိုမြေကွက်များကိုဝယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့်မရ၊ အမည်ပေါက် လဲပြောင်းလဲမရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကို ကြားသိ ခဲ့ဖူးပါသည်။

(၃) အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစာေ နေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင်နှင့် ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေတွင်ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။

(၄) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာစီစစ်ရာမှ ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြသောကျူးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည်။

(၅) ရွာမြေကိုဝယ်ယူပြီးပါက ခြံခတ်ရန် အလွန်အရေးကြီးပါသည်။ ဧရိယာသတ်မှတ်ချက်မှာပါမစ်ဂရန်တို့ကဲ့သို့အတိအကျ မရှိတတ်ပဲခန့်မှန်းသာ အဆင့်ဆင့်ရောင်းချခဲ့ခြင်းသို့မဟုတ် ခန့်မှန်းဖြင့်သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင်တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။ ခြံမခတ်ပဲထားမိပါကနောင်နှစ်ပေါင်းများစွာမှအရူပ်အရှင်းများရင်ဆိုင်ရတတ်ပါသည်။

အချို့သော သူများက သစ်ပင်များစိုက်ပျိုးခြင်း ဝါးပင်များဖြင့်စိုက်ပျိုးပြီး ဧရိယာကိုပိုမိုကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်းတို့ကြောင့် ပိုင်ဆိုင်မှုအငြင်းမပွားရလေအောင် စတင်ဝယ်ယူစဉ်ကတည်းက ခြံခတ် ထားသင့်ပါသည်။ လူတိုင်းမဟုတ်ပါ ရိုးသားသော နယ်ခံများစွာ ရှိပါသည်။

(၆) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့် ရှိနေနိုင်ပါသည်။ 50’x60′ / 45’x90’/ 60’x120′ စသည်ဖြင့် ပြန်လည်စိတ်ပိုင်းရောင်းချသောသူများ၏ ဆန္ဒအတိုင်း ဧရိယာသတ်မှတ်ချက်အတိုင်း ဝယ်ယူရန်သာဖြစ်ပါသည်။

Credit-ဥပဒေရေးရာ