ဗဟုသုတ

တစ်နေ့ကို ၂၅ မိနစ် လမ်းလျှောက်ခြင်းဟာ အသက် ၇ နှစ် ရှည်စေနိုင်

တစ်နေ့ကို ၂၅ မိနစ် ခန့် လမ်းလျှောက်ခြင်းဟာ ဘဝမှာ ၇ နှစ်စာ အသက်ရှည်သွား စေတယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။

သုတေသီတွေရဲ့ အဆိုအရတော့ အလွန်အကျွံ မဖြစ်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဟာလည်း အသက် ၅၀ ၊ ၆၀ ခန့် ရောက်တဲ့အခါမှာ နှလုံးရောဂါ နဲ့ သေဆုံး နိုင်တဲ့ အန္တရာယ်တွေရှိလာနိုင်တယ်လို့ သိရပါတယ်။

နှလုံးရောဂါဆိုင်ရာ ဥရောပလူ့အဖွဲ့အစည်း ဖြစ်တဲ့(ESC)မှာတနင်္ဂနွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနအသစ်အရ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းတွေ ကြန့်ကြာစေနိုင်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဂျာမနီ နိုင်ငံက ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ အသက် ၃၀ ကနေ ၆၀ ကြားရှိတဲ့ အမျိုးသား တွေနဲ့ အမျိုးသမီး တွေကို နေ့စဉ် လေ့ကျင့်ခန်း ပရိုဂရမ်တွေ လုပ်ဆောင်စေပြီး လေ့လာခဲ့တာဖြစ်ပါတယ်။

ထို လေ့လာမှု အတွက် ရွေးချယ်ခံရသူတွေဟာ အရင်တုန်းက ပုံမှန်လေ့ကျင့်ခန်း မလုပ်ကြသူတွေ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာ လေ့လာမှု က တစ်ဆင့် ထို ရွေးချယ်ခံထားရသူတွေရဲ့ သွေးထဲက အသက်အရွယ်ကြီးရင့်မှုကို ခြေရာခံကြည့်ခဲ့ပါတယ်။ ၆လအတွင်းမှာပဲDNA ကို ပြုပြင်ခြင်းမှာကူညီပေးနိုင်မယ့် ခန္ဓာကိုယ် ပြောင်းလဲမှု တွေ ဖြစ်ပေါ်လာပါတယ်။

ကျွမ်းကျင်သူတွေ ပြောကြတာကတော့ ၂၅ မိနစ် ခန့် လှုပ်လှုပ်ရှားရှား လမ်းလျှောက်ခြင်း (သို့) နေ့စဉ် အနှေးလမ်းလျှောက်ခြင်းတွေဟာ ကျန်းမာခြင်း နဲ့ ပျော်ရွှင်ခြင်း ရဲ့ အပိုနှစ်တွေကို ဝယ်ယူလိုက်နိုင်တယ်ဆိုတာပါပဲ။

နှလုံးရောဂါ ဆိုင်ရာ ပရော်ဖက်ဆာ တစ်ယောက် ဖြစ်တဲ့ Sanjay Sharma က ပြောပြခဲ့တာကတော့ “သင်ပုံမှန်ပဲ လေ့ကျင့်ခန်းလုပ်သွားမယ်ဆိုရင် သင့် အသက် ၅၀ ၊ ၆၀ လောက်ရောက်တဲ့အခါမှာ နှလုံးရောဂါ နဲ့ သေဆုံးဖို့ အခွင့်အရေးကို ၅၀ ရာခိုင်နှုန်း လျော့ကျသွားစေမှပြါ။ ဒါဟာ ကြီးမားတဲ့ ကောင်းကျိုးတစ်ခုပါပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ကျွမ်းကျင်သူတွေက လေကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ အသက်အရွယ်ကြီးရင့်ခြင်းကို ကြန့်ကြာစေတယ်ဆိုတာကိုလည်း လေ့လာမှု နဲ့ပြသခဲ့ကြပါတယ်။ မတူညီတဲ့ လေ့လာမှု တွေက ရှာဖွေတွေ့ရှိခဲ့တာကတော့ အသက် ၇၀ နှစ်မှာမှ လေ့ကျင့်ခန်း ပုံမှန် စလုပ်ခဲ့ကြသူတွေဟာ အသက် ၈၀ကျော်တဲ့အခါ ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ နှလုံးခုန်နှုန်းကို နှောင့်ယှက်ခံရမှု နဲ့ ပတ်သက်ပြီး ခံစား ကြုံတွေ့ရဖို့ နည်းပါးစေတယ်လို့ သိရပါတယ်။

ဒါဟာ အေရိုးဗစ် လေ့ကျင့်ခန်းတွေ ခွန်အားဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေဟာ အသက် အရွယ် ကြီးရင့်မှု နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ သက်ရောက်မှု တွေ ရှိစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အေရိုးဗစ် လို လေ့ကျင့်ခန်းတွေဟာ ကြွက်သားတိုးစေတဲ့ အလေးမခြင်း လို လေ့ကျင့်ခန်းမျိုးထက်စာရင် ကြီးရင့်လာတဲ့ DNA ကို ပြုပြင်ဖို့ ကူညီပေးနိုင်တဲ့အတွက် ပိုမို အသက်ရှည်စေတယ်လို့ သိရပါတယ်။

crd