ကျွန်တော်တို့လူသားအားလုံးဟာ ဘယ်လိုဘဲ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကြုံတွေ့နေရပါစေ အမှောင်ထဲကအလင်းတန်းကိုရှာဖို့ ကြိုးစားအားထုတ်နေကြရတာပါ။
လုံးဝမှောင်မဲနေတဲ့မိုးတိမ်တိုက်မှာတောင်ငွေရောင်အဆင်းမျက်နှာပြင်ရှိနေတတ်သလိုပေါ့။နိုဝင်ဘာ ၂ရက် ဒီတနင်္လာနေ့ကပြင်သစ်နိုင်ငံ Perpignan ဆေးရုံရှိ ရှည်လျားတဲ့တနေ့တာအလုပ်အပြီး ဝန်ထမ်းတစ်ဦးဟာ ဆေးရုံကားparkingက ကားတွေပေါ်ရဲ့လှပတဲ့ပန်းစည်းတွေကြောင့် အလုပ်မှာပင်ပန်းခဲ့ရသမျှ စိတ်အပန်းဖြေသွားခဲ့ရပါတယ်။
တကယ်တော့ Murielle Marenacဆိုတဲ့အမျိုးသမီးက အခုလိုခက်ခဲတဲ့အချိန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ရှေ့တန်းတိုက်စစ်မှူးတွေကိုအံ့အားသင့်သွားစေခဲ့တာပါ။Murielle Marenac ဟာပန်းအလှဆင်သူတစ်ဦးဖြစ်ပြီး Marcenac Fleurs လို့ ခေါ်တဲ့ပန်းဆိုင်ဖွင့်ထားတာပါ။ကံမကောင်းစွာနဲ့ COVID-19 အခြေအနေတစ်ခုလုံးကြောင့် သူမရဲ့ပန်းဆိုင်ကို ပိတ်ထားလိုက်ရတာပါ။
ရှုံးနိမ့်သွားတယ်လို့ခံစားနေမယ့်အစား အခြေအနေကို အကောင်းဆုံးဖြစ်သွားစေဖို့ သူမစဉ်းစားခဲ့ပြီးဆိုင်ပိတ်ထားလိုက်ရတော့မရောင်းရသေးတဲ့ပန်းတွေကို အလှဆင်ပြီး Perpignan ဆေးရုံရှိ ရှေ့တန်းကနေတိုက်ထုတ်ပေးနေတဲ့ကျန်းမာရေးလုပ်သားတွေကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
“အခုလိုအချိန်မှာ ငိုနေမယ့်အစား လူတွေကို ပြုံးပျော်စေရမယ်ဆိုတဲ့အတွေးနဲ့ ကျွန်မပန်းတွေကိုလည်းအလကားအဖြစ်မခံချင်တာနဲ့အခုလိုလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်၊သူတို့ ကျွန်မကို ကျေးဇူးတင်ခဲ့ကြတယ်၊သူတို့လည်း အဲ့လိုထောက်ပံ့မှုလေးတွေအများကြီးလိုအပ်နေတယ်”လို့ ၃၈နှစ်အရွယ် Marenac ကဆိုထားပါတယ်။
သူမ ဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်ဘဲ တခြားဒေသခံဆေးရုံတွေမှာလည်း မရောင်းရသေးတဲ့ပန်းတွေနဲ့ အခုလိုပြုလုပ်ပေးသွားအုံးမယ်လို့လည်းဆိုထားပါတယ်။
crd