ဗဟုသုတ

သမိုင်းထဲကမြန်မာမံမီ (သို ့) အမေရိကန်ရောက်ပုဂံခေတ်မှမင်းသားသီဟသူ၏ရုပ်အလောင်း

ဒီအကြောင်းကို ကျွန်တော်အလယ်တန်းကျောင်သား ဘဝတုန်းက မဂ္ဂဇင်းစာအုပ်တစ်အုပ်မှာ ဖတ်ဖူးကတည်းက နှမြောခြင်းကြီးစွာဖြစ်မိတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ ကျော်က မင်းသားတစ်ပါးကို မျက်မြင်တွေ့ရဖို့ဆိုတာ ယနေ့ခေတ်မှာ ဘယ်လိုမှမ ဖြစ်နိုင်တော့တဲ့ကိစ္စ။ ဒါပေမယ့် မြန်မာတွေမှာ ဒီအခွင့်အရေးရှိနေတယ်။ သို့သော်သမိုင်းထဲက မြန်မာမင်းသားရဲ့ အလောင်းကို မြန်မာတွေကြည့်ရှု့ခွင့်မရဘဲ အမေရိကန်က ကြည့်ရှု့ခွင့်ရနေတယ်။

ယနေ့ခေတ်လို အနေအထားမျိုးမှာ သံတမန်နည်းနဲ့ပဲဖြစ်ဖြစ်၊အခြားနည်းနဲ့ပဲဖြစ်ဖြစ် မြန်မာတွေအနေနဲ အမေရိကန်ဆီက ပြန်တောင်းသင့်တယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးပြန်လည်ထူထောင်ရေးအတွက်အမေရိကန်၏အကူအညီကိုနိုင်ငံတော်အစိုးရကလက်ခံပြီး ကြိုးပမ်းခဲ့ရာတွင်အမေရိကန်ပညာသည်များကိုလည်း အသုံးပြုခဲ့ရလေသည်။

ထိုပညာသည်အဖွဲ့တွင် ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရေးဆိုင်ရာပါရဂူကြီး တစ်ဦးလည်းပါဝင်ခဲ့သည်။ ယင်းပါရဂူကြီးသည် ၁၉၅ဝ ပြည်နှစ်နှင့် ၁၉၅၃ ခုနှစ်များအကြားတွင် ရှေးဒလမြို့ဟောင်း တွံတေးတောကြီးတန်း ဌက်အော်စန်းတောထဲတွင်ရှေးဟောင်းသုတေသနများပြုလုပ်ခဲ့သည်။

ရှေးဒလမြို့ဟောင်းနေရာကို တိုင်းထွာရန် ထက်ပညာရှိအမတ်ကြီးရာဇသင်္ကြန်၏ သချိုင်းဂူကိုရှာဖွေရန် အားသန်ခဲ့သည်။ ယင်းသို့သုတေသနပြုစဉ် ထူးခြားသည့် ရှာဖွေတွေ့ရှိချက်တစ်ခုတွေ့ရှိခဲ့သည်။ ပါရဂူကြီးသည် ပုဂံအိမ်ရှေ့မင်းသားသီဟသူ၏အလောင်းကို ရာဝင်စဉ်အိုးကြီးထဲတွင် မပုပ်မသိုးအောင်ဆေးရည်ဆီစိမ်ထားသည်ကို တွေ့လိုက်ရသည်။

သို့နှင့်ပါရဂူကြီး အမေရိကန်နိုင်ငံသို့အပြန်တွက် ယင်းသီဟသူ၏အလောင်းစိမ်ထားသည့်ရာဝင်အိုးကြီးကိုမကွဲမရှစေဘဲကောက်ရိုးကြိုးခွေများပတ်လျှက် သစ်သားဝက်ခြံသေတ္တာထဲထည့်ပြီးသင်္ဘောပေါ်သို့တင်ဆောင်သွားလေသည်။ထိုရာဝင်အိုးကြီးအားအလုပ်သမားများထမ်းယူပြီးသင်္ဘောကုန်းပတ်ပေါ် သို့တင်ဆောင် သည်ကို ဒလမြို့သူမြို့သားအတော်များများ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရသည်။ ယင်းအိုးကြီးကို သင်္ဘောပေါ်သို့ သယ်ဆောင်စဉ် အကောက်တော်ဌာနမှ ဖွင့်ကြည့်စစ်ဆေးခွင့် မရှိသည့်အတွက် စဉ်းစားစရာပင် အချက်တစ်ချက်ဖြစ်နေသည်။

၃။ နှစ်ပေါင်း ၇၀ဝ ကျော်ခန့်က ပုဂံပြည့်ရှင်မင်းတြား၏ သားတော်သီဟသူ၏ အလောင်းကို ရာဝင်အိုးနှင့် ဆီစိမ်ထားရာမှ အမေရိကန် စီးပွားရေးပါရဂူတစ်ဦးက ၁၉၅၀-၁၉၅၃ နှစ်အကြား တူးဖော်ကာ အမေရိကန်နိုင်ငံသို့ သယ်ဆောင်သွား၍ ပြတိုက်တစ်ခုတွင် ထားရှိကြောင်း စသဖြင့်အကျယ်တဝင့်ရေးသားဖော်ပြထားသည်။ ၎င်းရာဝင်အိုးကြီးကို သယ်ဆောင်သွားစဉ်ကိုယ်တွေ့မျက်မြင်ကြုံလိုက်ရသောမြန်မာအမျိုးသားတစ်ဦးသည်အမေရိကန်သို့တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်ကြည့်ရှုမိသည်။

ပြတိုက်တွင်ကမ္ဘာအရပ်ရပ်မှရှေးဟောင်းပစ္စည်းများဖြင့်သပ်သပ်ရပ်ရပ် ပြင်ဆင်ထားရှိလေသည်။ပြတိုက်၏တစ်ခုသောနေရာတွင်မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရာဝင်စဉ့်အိုးကြီးကိ တွေ့ရပြီး စဉ်အိုးကြီးယှဉ်လျက်နှင့် ကျောက်စားပွဲရှည်ကြီးပေါ်တွင် လေလုံမှန်ခေါင်းတစ်ခုရှိပြီး မှန်ခေါင်းထဲတွင်ဆီစိမ်ထားသော အသက်၂၀ ပင်မပြည့်သေးသော လုလင်ပျိုအလောင်းကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။

မှန်ခေါင်းတွင်မင်းသားသီဟသူ၊ပုဂံခေတ် မြန်မာနိုင်ငံ၁၂၅၄အေဒီဟူသောကမ္မည်းစာတန်းအင်္ဂလိပ်ဘာသာဖြင့်ရေးထိုးထားသည်ကိုတွေ့ရသဖြင့် အလောင်း၏ ရုပ်လက္ခဏာကိုအနီးကပ်လေ့လာကြည့်ရာ သျှောင်တစောင်းထုံး၊ နှုတ်ခမ်းမွေးရေးရေး ကိုယ်လုံးကိုယ်ပေါက် ထောင်ထောင်မောင်းမောင်း၊အသားဝါ၊ ခြင်္သေ့ရုပ်များ ဖော်ထားသော ငွေခြည်ဖောက်မည်းပုဆိုးနှင့် ထိုင်မသိမ်းအင်္ကျီ၊ ရွှေဆင်မြန်းထား၍ပိုးပဝါကိုလက်တွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်ကို တွေ့ရလေသည်။ ပါးရိုးများထလောက်အောင် အံကြိတ်ထားသည့် မျက်နှာအသွင်မျက်လုံးများမှာကား ပြူးကြောင်လျက်ရှိလေသည်။

၄။ ယင်းမြန်မာအမျိုးသားနှင့် အမေရိကန် ပါရဂူကြီးတို့ သီဟသူအလောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ပါရဂူကြီးက ၎င်းမင်းသားအလောင်းကို နှစ်ပေါင်း ၇၀ဝ ရာမှစ၍ ယနေ့တိုင် မပုပ်မသိုး မပျက်မစီ နောင်လည်းနှစ်ပေါင်း ရာနှင့်ထောင်နှင့်ချီ၍တာရှည်ခံဦးမည်ဖြစ်လေရာ မြန်မာ့နည်းဖြင့် ဆေးရည်စိမ်ထားပုံမှာ မှတ်သားစရာ အချက်တစ်ရပ်ပင်ဖြစ်ကြောင်း ချီးကျုးသည်။

တစ်ဖန်နောင်လူကြီးမင်းတို့ နိုင်ငံတွင် ထိုက်ထိုက်တနတန်ပြတိုက်ကြီး တည်ဆောက်ပြီးသောအခါယင်းသီဟသူအလောင်းကိုပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကတိပေးသွားသည်။ သီဟသူ၏ အလောင်းနှင့်ပတ်သက်၍ ကျွန်တော်တို့နိုင်ငံမှ ရာဇဝင်သုတေသီများ ရှေးဟောင်းသုတေသီများ သုတေသနပြုလုပ်ရန် စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟု ယူဆမိပါသည်။

မင်းသားသီဟသူဟာပုဂံဥဇနာမင်းရဲ့သားတော်ဖြစ်ပြီးအမျက်ဒေါသကြီးမှုကြောင့်အမတ်များရဲ့အဆုံးစီရင်ခြင်းကိုခံခဲ့ရသူပါ။ ဒီအကြောင်းကိုရေးခဲ့သူဟာ သတင်းစာ ဆရာကြီးဦးသိန်းမောင်ဖြစ်ပါတယ်။

၅။ တိုင်းသိပြည်သိ သတင်းစာဆရာကြီး တစ်ဦးအနေနဲ့ မဟုတ်တာကို တော့ရေးမည်မထင်ပါ။ ဒါပေမယ့် ဆိုးတာတစ်ခုကတော့ ဆရာကြီးရဲ့စာထဲမှာ မင်းသားသီဟသူရဲ့ မံမီဟာ အမေရိကန် ဘယ်မြို့၊ဘယ်ပြတိုက်ဆိုတာကို ဖော်ပြထားခြင်းမရှိတာပါပဲ။ ဖော်ပြထားခဲ့ရင်တော့ တစ်ခတ်တစ်ခါက မြန်မာတို့ရဲ့ဆေးရည်စိမ်မှု အတတ်ကို လေ့လာခွင့်ရကြမှာပါ တတ်ကျွမ်းနားလည်သူများအနေဖြင့် မှတ်တမ်းများကို ရှာဖွေပြီး ဖော်ထုတ်သင့်ပါတယ်လို့ အကြံပေးပါရစေ။

ရာဇသင်္ကြန်အမတ်ကြီးက တွံတေးတောကြီးတန်း တနေရာမှာဆင်ဖြူတော်ပေါ်တယ်ဆိုပြီး ကွမ်းတံတွေး မင်းသားလို့အမည်တွင်တဲ့ သီဟသူမင်းသားကို မျှားခေါ်ခဲ့ပြီး ဆင်ကျုံးထဲမှာ သတ်ခဲ့တာလို့ သိရ၏။ သတ်ရတဲ့ အကြောင်းရင်းကတော့ညီလာခံတစ်ခုမှာမင်းသားသီဟသူလာမယ့်လမ်းမှာအမတ်ကြီး ရာဇသင်္ကြန်က ပိတ်နေလို့ အမတ်ကြီးကို ကွမ်းတံတွေးနဲ့ထွေးလိုက်ပါတယ်။

လူပုံအလယ်မှာ ကြီးစွာသော အရှက်ရသွားတဲ့ အမတ်ကြီးက နားကျည်းစွာ အငြိုးအတေးထားပြီး သီဟသူမင်းသားရဲ့ ညီဖြစ်သူ မင်းခွေးချေးမင်းသား (နရသီဟပတေ့)က အမတ်ကြီးကို ဘုရင်ဖြစ်ခွင့် အကူအညီတောင်းရာမှဥပါယ်တံမျှယ်နဲ့တွံတေးတောကြီးတန်းဘက်မှာဆင်ဖြူတော်ပေါ်တယ်ဆိုပြီးဆင်ကျုံးထဲမှာ အသတ်ခံခဲ့ရတဲ့ သီဟသူမင်းသားပါ။

ပြန်လှည်မျှဝေပါသည်

crd/Khinmg San

Zawgyi

ဒီအေၾကာင္းကို ကြၽန္ေတာ္အလယ္တန္းေက်ာင္သား ဘဝတုန္းက မဂၢဇင္းစာအုပ္တစ္အုပ္မွာ ဖတ္ဖူးကတည္းက ႏွေျမာျခင္းႀကီးစြာျဖစ္မိတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀၀ ေက်ာ္က မင္းသားတစ္ပါးကို မ်က္ျမင္ေတြ႕ရဖို႔ဆိုတာ ယေန႔ေခတ္မွာ ဘယ္လိုမွမ ျဖစ္ႏိုင္ေတာ့တဲ့ကိစၥ။ ဒါေပမယ့္ ျမန္မာေတြမွာ ဒီအခြင့္အေရးရွိေနတယ္။ သို႔ေသာ္သမိုင္းထဲက ျမန္မာမင္းသားရဲ႕ အေလာင္းကို ျမန္မာေတြၾကည့္ရႈ႕ခြင့္မရဘဲ အေမရိကန္က ၾကည့္ရႈ႕ခြင့္ရေနတယ္။

ယေန႔ေခတ္လို အေနအထားမ်ိဳးမွာ သံတမန္နည္းနဲ႔ပဲျဖစ္ျဖစ္၊အျခားနည္းနဲ႔ပဲျဖစ္ျဖစ္ ျမန္မာေတြအေနနဲ အေမရိကန္ဆီက ျပန္ေတာင္းသင့္တယ္။ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ႀကီးျပန္လည္ထူေထာင္ေရးအတြက္ အေမရိကန္၏ အကူအညီကိုႏိုင္ငံေတာ္အစိုးရက လက္ခံၿပီး ႀကိဳးပမ္းခဲ့ရာတြင္ အေမရိကန္ပညာသည္မ်ားကိုလည္း အသုံးျပဳခဲ့ရေလသည္။

ထိုပညာသည္အဖြဲ႕တြင္ ေရွးေဟာင္းပစၥည္း ရွာေဖြတူးေဖာ္ေရးဆိုင္ရာပါရဂူႀကီး တစ္ဦးလည္းပါဝင္ခဲ့သည္။ ယင္းပါရဂူႀကီးသည္ ၁၉၅ဝ ျပည္ႏွစ္ႏွင့္ ၁၉၅၃ ခုႏွစ္မ်ားအၾကားတြင္ ေရွးဒလၿမိဳ႕ေဟာင္း တြံေတးေတာႀကီးတန္း ဌက္ေအာ္စန္းေတာထဲတြင္ေရွးေဟာင္းသုေတသနမ်ားျပဳလုပ္ခဲ့သည္။

ေရွးဒလၿမိဳ႕ေဟာင္းေနရာကို တိုင္းထြာရန္ ထက္ပညာရွိအမတ္ႀကီးရာဇသၾကၤန္၏ သခ်ိဳင္းဂူကိုရွာေဖြရန္ အားသန္ခဲ့သည္။ ယင္းသို႔သုေတသနျပဳစဥ္ ထူးျခားသည့္ ရွာေဖြေတြ႕ရွိခ်က္တစ္ခုေတြ႕ရွိခဲ့သည္။ ပါရဂူႀကီးသည္ ပုဂံအိမ္ေရွ႕မင္းသားသီဟသူ၏အေလာင္းကို ရာဝင္စဥ္အိုးႀကီးထဲတြင္ မပုပ္မသိုးေအာင္ေဆးရည္ဆီစိမ္ထားသည္ကို ေတြ႕လိုက္ရသည္။

သို႔ႏွင့္ပါရဂူႀကီး အေမရိကန္ႏိုင္ငံသို႔အျပန္တြက္ ယင္းသီဟသူ၏ အေလာင္းစိမ္ထားသည့္ ရာဝင္အိုးႀကီးကို မကြဲမရွေစဘဲေကာက္႐ိုးႀကိဳးေခြမ်ားပတ္လွ်က္သစ္သားဝက္ၿခံ ေသတၱာထဲထည့္ၿပီး သေဘၤာေပၚသို႔ တင္ေဆာင္သြားေလသည္။ ထိုရာဝင္အိုးႀကီးအား အလုပ္သမားမ်ား ထမ္းယူၿပီး သေဘၤာကုန္းပတ္ေပၚ သို႔တင္ေဆာင္သည္ကို ဒလၿမိဳ႕သူၿမိဳ႕သားအေတာ္မ်ားမ်ား မ်က္ျမင္ကိုယ္ေတြ႕ ျမင္လိုက္ၾကရသည္။ ယင္းအိုးႀကီးကို သေဘၤာေပၚသို႔ သယ္ေဆာင္စဥ္ အေကာက္ေတာ္ဌာနမွ ဖြင့္ၾကည့္စစ္ေဆးခြင့္ မရွိသည့္အတြက္ စဥ္းစားစရာပင္ အခ်က္တစ္ခ်က္ျဖစ္ေနသည္။

၃။ ႏွစ္ေပါင္း ၇၀ဝ ေက်ာ္ခန္႔ကပုဂံျပည့္ရွင္မင္းၾတား၏သားေတာ္သီဟသူ၏အေလာင္းကိုရာဝင္အိုးႏွင့္ဆီစိမ္ထားရာမွအေမရိကန္စီးပြားေရးပါရဂူတစ္ဦးက ၁၉၅၀ -၁၉၅၃ ႏွစ္အၾကား တူးေဖာ္ကာ အေမရိကန္ႏိုင္ငံသို႔ သယ္ေဆာင္သြား၍ ျပတိုက္တစ္ခုတြင္ထားရွိေၾကာင္းစသျဖင့္အက်ယ္တဝင့္ေရးသားေဖာ္ျပထားသည္။ ၎ရာဝင္အိုးႀကီးကို သယ္ေဆာင္သြားစဥ္ ကိုယ္ေတြ႕မ်က္ျမင္ႀကဳံလိုက္ရေသာ ျမန္မာအမ်ိဳးသားတစ္ဦးသည္ အေမရိကန္သို႔ တိုက္တိုက္ဆိုင္ဆိုင္ ဝင္ေရာက္ၾကည့္ရႈမိသည္။

ျပတိုက္တြင္ ကမာၻအရပ္ရပ္မွ ေရွးေဟာင္း ပစၥည္းမ်ားျဖင့္သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားရွိေလသည္။ ျပတိုက္၏ တစ္ခုေသာေနရာတြင္ ျမန္မာႏိုင္ငံမွသယ္ေဆာင္လာေသာ ရာဝင္စဥ့္အိုးႀကီးကိ ေတြ႕ရၿပီး စဥ္အိုးႀကီးယွဥ္လ်က္ႏွင့္ ေက်ာက္စားပြဲရွည္ႀကီးေပၚတြင္ ေလလုံမွန္ေခါင္းတစ္ခုရွိၿပီး မွန္ေခါင္းထဲတြင္ဆီစိမ္ထားေသာအသက္၂၀ ပင္မျပည့္ေသးေသာ လုလင္ပ်ိဳအေလာင္းကို ထင္ထင္ရွားရွား ေတြ႕ျမင္လိုက္ရသည္။

မွန္ေခါင္းတြင္ မင္းသားသီဟသူ၊ ပုဂံေခတ္ ျမန္မာႏိုင္ငံ ၁၂၅၄ ေအဒီဟူေသ ာကမၼည္းစာတန္း အဂၤလိပ္ဘာသာျဖင့္ေရးထိုးထားသည္ကို ေတြ႕ရသျဖင့္ အေလာင္း၏ ႐ုပ္လကၡဏာကိုအနီးကပ္ေလ့လာၾကည့္ရာ ေသွ်ာင္တေစာင္းထုံး၊ ႏႈတ္ခမ္းေမြးေရးေရးကိုယ္လုံးကိုယ္ေပါက္ ေထာင္ေထာင္ေမာင္းေမာင္း၊အသားဝါ၊ ျခေသၤ့႐ုပ္မ်ား ေဖာ္ထားေသာ ေငြျခည္ေဖာက္မည္းပုဆိုးႏွင့္ ထိုင္မသိမ္းအက်ႌ၊ ေ႐ႊဆင္ျမန္းထား၍ ပိုးပဝါကိုလက္တြင္က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္ကို ေတြ႕ရေလသည္။ ပါး႐ိုးမ်ားထေလာက္ေအာင္ အံႀကိတ္ထားသည့္ မ်က္ႏွာအသြင္မ်က္လုံးမ်ားမွာကား ျပဴးေၾကာင္လ်က္ရွိေလသည္။

၄။ ယင္းျမန္မာအမ်ိဳးသားႏွင့္ အေမရိကန္ ပါရဂူႀကီးတို႔ သီဟသူအေလာင္းႏွင့္ ပတ္သက္၍ ေဆြးေႏြးၾကရာတြင္ ပါရဂူႀကီးက ၎မင္းသားအေလာင္းကို ႏွစ္ေပါင္း ၇၀ဝ ရာမွစ၍ ယေန႔တိုင္ မပုပ္မသိုး မပ်က္မစီ ေနာင္လည္းႏွစ္ေပါင္း ရာႏွင့္ေထာင္ႏွင့္ခ်ီ၍ တာရွည္ခံဦးမည္ျဖစ္ေလရာ ျမန္မာ့နည္းျဖင့္ ေဆးရည္စိမ္ထားပုံမွာ မွတ္သားစရာ အခ်က္တစ္ရပ္ပင္ျဖစ္ေၾကာင္း ခ်ီးက်ဳးသည္။

တစ္ဖန္ေနာင္လူႀကီးမင္းတို႔ ႏိုင္ငံတြင္ ထိုက္ထိုက္တနတန္ျပတိုက္ႀကီး တည္ေဆာက္ၿပီးေသာအခါယင္းသီဟသူအေလာင္းကို ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ကတိေပးသြားသည္။ သီဟသူ၏ အေလာင္းႏွင့္ပတ္သက္၍ ကြၽန္ေတာ္တို႔ႏိုင္ငံမွ ရာဇဝင္သုေတသီမ်ား ေရွးေဟာင္းသုေတသီမ်ား သုေတသနျပဳလုပ္ရန္ စိတ္ဝင္စားဖြယ္ ေကာင္းလွသည္ဟု ယူဆမိပါသည္။

မင္းသားသီဟသူဟာ ပုဂံဥဇနာမင္းရဲ႕ သားေတာ္ျဖစ္ၿပီးအမ်က္ေဒါသႀကီးမႈေၾကာင့္ အမတ္မ်ားရဲ႕ အဆုံးစီရင္ျခင္းကို ခံခဲ့ရသူပါ။ ဒီအေၾကာင္းကို ေရးခဲ့သူဟာ သတင္းစာဆရာႀကီးဦးသိန္းေမာင္ျဖစ္ပါတယ္။

၅။ တိုင္းသိျပည္သိ သတင္းစာဆရာႀကီး တစ္ဦးအေနနဲ႔ မဟုတ္တာကို ေတာ့ေရးမည္မထင္ပါ။ ဒါေပမယ့္ ဆိုးတာတစ္ခုကေတာ့ ဆရာႀကီးရဲ႕စာထဲမွာ မင္းသားသီဟသူရဲ႕ မံမီဟာ အေမရိကန္ ဘယ္ၿမိဳ႕၊ဘယ္ျပတိုက္ဆိုတာကို ေဖာ္ျပထားျခင္းမရွိတာပါပဲ။ ေဖာ္ျပထားခဲ့ရင္ေတာ့ တစ္ခတ္တစ္ခါက ျမန္မာတို႔ရဲ႕ေဆးရည္စိမ္မႈ အတတ္ကို ေလ့လာခြင့္ရၾကမွာပါ တတ္ကြၽမ္းနားလည္သူမ်ားအေနျဖင့္ မွတ္တမ္းမ်ားကို ရွာေဖြၿပီး ေဖာ္ထုတ္သင့္ပါတယ္လို႔ အႀကံေပးပါရေစ။

ရာဇသၾကၤန္အမတ္ႀကီးက တြံေတးေတာႀကီးတန္း တေနရာမွာဆင္ျဖဴေတာ္ေပၚတယ္ဆိုၿပီး ကြမ္းတံေတြး မင္းသားလို႔အမည္တြင္တဲ့ သီဟသူမင္းသားကို မွ်ားေခၚခဲ့ၿပီး ဆင္က်ဳံးထဲမွာ သတ္ခဲ့တာလို႔ သိရ၏။ သတ္ရတဲ့ အေၾကာင္းရင္းကေတာ့ညီလာခံတစ္ခုမွာ မင္းသားသီဟသူ လာမယ့္လမ္းမွာ အမတ္ႀကီး ရာဇသၾကၤန္က ပိတ္ေနလို႔ အမတ္ႀကီးကို ကြမ္းတံေတြးနဲ႔ေထြးလိုက္ပါတယ္။

လူပုံအလယ္မွာ ႀကီးစြာေသာ အရွက္ရသြားတဲ့ အမတ္ႀကီးက နားက်ည္းစြာ အၿငိဳးအေတးထားၿပီး သီဟသူမင္းသားရဲ႕ ညီျဖစ္သူ မင္းေခြးေခ်းမင္းသား (နရသီဟပေတ့)က အမတ္ႀကီးကို ဘုရင္ျဖစ္ခြင့္ အကူအညီေတာင္းရာမွဥပါယ္တံမွ်ယ္နဲ႔ တြံေတးေတာႀကီးတန္းဘက္မွာ ဆင္ျဖဴေတာ္ေပၚတယ္ဆိုၿပီး ဆင္က်ဳံးထဲမွာ အသတ္ခံခဲ့ရတဲ့ သီဟသူမင္းသားပါ။

ျပန္လွည္မွ်ေဝပါသည္

crd/Khinmg San