Local News

အရမ်းကြီးမားတဲ့ ရေသတ္တဝါတကောင်အလောင်းကို အင်ဒိုနီးရှားကမ်းခြေ‌တွင်‌ေတွ့ရှိ

အရမ်းကြီးမားတဲ့ ရေသတ္တဝါတကောင်အလောင်းကို အင်ဒိုနီးရှားကမ်းခြေ‌တွင်‌ေတွ့ရှိရပါတယ်။ ထိုသတ္တဝါသည် မည်သည့်အကောင်ဖြစ်ကြောင်း ယခုထိ မသိရှိရသေးပါ။

အင်ဒိုနီရှားနိုင်ငံမာလူကူပြည်နယ်ရှိအဓိကကျွန်းကြီးဖြစ်တဲ့ဆီရမ်ကျွန်းတွင် သေဆုံးနေတာ ၃ ရက်ခန့်ရှိနေပြီဖြစ်တဲ့အမည်မသိပင်လယ်သတ္တဝါကြီး ပင်လယ် ကမ်းခြေမှာ ပေါ်လာခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။ ဒီပင်လယ်သတ္တဝါကြီးရဲ့ အရှည်ဟာ ၁၅ မီတာ ( ၄၉ ပေခန့် ) ရှိတဲ့အတွက် ပထမတော့ လှေကြီးတစ်စင်းနဲ့မှားခဲ့ကြတယ် လို့သိရပါတယ်။

ဂျာကာတာ ကမ္ဘာလုံးဆိုင်ရာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီပင်လယ် တိရစ္ဆာန်အသေကောင်ကြီးကို ဒေသခံ ၃၇ နှစ်အရွယ် အာဆူလ် တူနာကိုတာ( Asrul Tuanakota) က ဆီရမ်ကျွန်းမြောက်ဘက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်တယ် လို့ဖော်ပြခဲ့ပါတယ်။

ဒီသတ္တဝါကြီးကို ဘာကောင်မှန်း ဘယ်သူမှ တိတိကျကျမပြောနိုင်ခဲ့ဘဲ လူတစ်ချို့ကတော့ ဒီသတ္တဝါကြီးဟာ ဝေလငါးရဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလို့ပြောဆိုခဲ့ကြသလို့ တစ်ချို့ကလည်း ဒဏ္ဍာရီလာ ပြည်ကြီးငါးကြီးတစ်မျိုးဖြစ်တယ် လို့ပြောဆိုခဲ့ကြပါတယ်။

ဒေသခံတွေကတော့ အဏ္ဏဝါဆိုင်ရာကျွမ်းကျင်သူတွေကို လှမ်းခေါ်ပြီး သတ္တဝါအမျိုးအစားခွဲခြားပေးဖို့ အကူအညီတောင်းနေကြပြီးခွဲခြားပြီးသွားတာနဲ့ ဒီအသေ ကောင် ရဲ့ အနံ့အသက်က ဆိုးဝါးလွန်းတဲ့အတွက် ဖယ်ရှားပေးဖို့ အာဏာပိုင်အဖွဲ့များကို တိုက်တွန်းခဲ့ကြပါတယ်။

credit

Zawgyi

အရမ္းႀကီးမားတဲ့ ေရသတၱဝါတေကာင္အေလာင္းကို အင္ဒိုနီးရွားကမ္းေျခ‌တြင္‌ေတြ႕ရွိရပါတယ္။ ထိုသတၱဝါသည္ မည္သည့္အေကာင္ျဖစ္ေၾကာင္း ယခုထိ မသိရွိရေသးပါ။

အင္ဒိုနီရွားႏိုင္ငံ မာလူကူျပည္နယ္ရွိ အဓိကကြၽန္းႀကီးျဖစ္တဲ့ ဆီရမ္ကြၽန္းတြင္ ေသဆုံးေနတာ ၃ ရက္ခန႔္ရွိေနၿပီျဖစ္တဲ့ အမည္မသိပင္လယ္သတၱဝါႀကီး ပင္လယ္ကမ္းေျခမွာ ေပၚလာခဲ့တာကိုေတြ႕ရွိခဲ့ပါတယ္။ဒီပင္လယ္သတၱဝါႀကီးရဲ႕ အရွည္ဟာ ၁၅ မီတာ ( ၄၉ ေပခန႔္ ) ရွိတဲ့အတြက္ ပထမေတာ့ ေလွႀကီးတစ္စင္းနဲ႔မွားခဲ့ၾကတယ္ လို႔သိရပါတယ္။

ဂ်ာကာတာ ကမာၻလုံးဆိုင္ရာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဒီပင္လယ္တိရစာၦန္အေသေကာင္ႀကီးကို ေဒသခံ ၃၇ ႏွစ္အ႐ြယ္ အာဆူလ္တူနာကိုတာ( Asrul Tuanakota) က ဆီရမ္ကြၽန္းေျမာက္ဘက္ပိုင္းမွာ ေတြ႕ရွိခဲ့တာျဖစ္တယ္ လို႔ေဖာ္ျပခဲ့ပါတယ္။ဒီသတၱဝါႀကီးကို ဘာေကာင္မွန္းဘယ္သူမွ တိတိက်က်မေျပာႏိုင္ခဲ့ဘဲ လူတစ္ခ်ိဳ႕ကေတာ့ ဒီသတၱဝါႀကီးဟာ ေဝလငါးရဲ႕ ခႏၶာကိုယ္ႀကီး တစ္ခုလို႔ေျပာဆိုခဲ့ၾကသလို႔ တစ္ခ်ိဳ႕ကလည္း ဒ႑ာရီလာ ျပည္ႀကီးငါးႀကီးတစ္မ်ိဳးျဖစ္တယ္ လို႔ေျပာဆိုခဲ့ၾကပါတယ္။

ေဒသခံေတြကေတာ့ အဏၰဝါဆိုင္ရာ ကြၽမ္းက်င္သူေတြကို လွမ္းေခၚၿပီး သတၱဝါအမ်ိဳးအစား ခြဲျခားေပးဖို႔ အကူအညီေတာင္းေနၾကၿပီး ခြဲျခားၿပီးသြားတာနဲ႔ ဒီအေသေကာင္ရဲ႕ အနံ႔အသက္က ဆိုးဝါးလြန္းတဲ့အတြက္ ဖယ္ရွားေပးဖို႔ အာဏာပိုင္အဖြဲ႕မ်ားကို တိုက္တြန္းခဲ့ၾကပါတယ္။

credit