Local News

မွေးရာပါဆွံ့အနားမကြားအပြင် မျက်စိပါမမြင်သောကြောင့် အိမ်ထဲပစ္စည်းတွေကို စားစရာထင်ပြီး ကိုက်စားနေတဲ့ကလေးငယ်

မွေးရာပါဆွံ့အနားမကြား ဖြစ်နေသည့်အပြင် မျက်လုံးနှစ်ဖက်လုံး မမြင်ရသည့်အတွက် အိမ်ထဲက သတ္တုပစ္စည်းများနှင့် သစ်သားတွေကို စားစရာထင်ပြီး အမြဲကိုက်စားနေတတ်သည့် သနားစရာကလေးငယ်။

မိမိတို့လူသားများအတွက်သာမက လူသားတစ်ယောက်လို ပြည့်စုံစွာဖြင့် မွေးဖွားလာနိုင်ခဲ့ခြင်းဟာ အလွန်ပင် ပျော်ရွင်ဖွယ်ရာကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

အချို့လူသားများသည် မွေးရာပါအားနည်းချက်များကြောင့် လူ့လောကကြီးထဲတွင် အခြားသူများအား မျှော်လင့်အားကိုးစွာဖြင့် ရှင်သန်နေကြရတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။

ဗီယက်နမ်နိုင်ငံ TraVinh ခရိုင်တွင် ကလေးငယ်တစ်ဦးဟာ ကိုယ်ဝန် ၆ လဖြင့် မွေးဖွားလာခဲ့ရပြီး ဆွံ့အနားမကြားသည့်အပြင်မျက်လုံးနှစ်ဖက်လုံးဟာလည်း မမြင်ရဘဲ နေထိုင်ခဲ့ရပါတယ်။ ကလေးကို မိခင်ကကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားရာမှ မအောင်မြင်ဘဲ လမစေ့ခင် မွေးဖွားခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့်လည်း ကလေးဟာ ချို့တဲ့မွေးရာပါဆွံ့အနားမကြားအပြင် မျက်စိပါမမြင်သောကြောင့်အိမ်ထဲပစ္စည်းတွေကိုစားစရာထင်ပြီးတွေ့ရာပစ္စည်းတွေကို ကိုက်စားနေတတ်ပါတယ်။

ကလေးရဲ့အဖြစ်ဟာ အလွန်သနားစရာကောင်းပါတယ်။ မိခင်တွေလဲ မိမိသားသမီးလေးတွေကို ဂရုစိုက်ကြပါနော်။

crd

Zawgyi







crd