Local News

သံဝင်းတံခါးအောက်မှာ 2 ရက်ခန့်ခေါင်းညပ်နေခဲ့ပြီး ကူကယ်ရာမဲ့ခဲ့တဲ့ ခွေးလေး

သံဝင်းတံခါးအောက်မှာ 2 ရက်ခန့်ခေါင်းညပ်နေခဲ့ပြီး ကူကယ်ရာမဲ့ခဲ့တဲ့ ခွေးလေး

ကူကယ်ရာမဲ့နေပြီး 2 ရက်လောက် သံတံခါးအောက်မှာ ခေါင်းညပ်နေတဲ့ ခွေးလေးရဲ့အဖြစ်ကအတော်သနားဖို့ကောင်းလွန်းလှပါတယ်။ခေါင်းညပ်နေတဲ့ခွေးလေးကို အနီးအနားဝန်းကျင်ကခေါက်ဆွဲရောင်းတဲ့အဒေါ်ကြီးကတွေ့ရှိခဲ့တာပါ ။အစပိုင်းမှာတော့အိမ်နီးချင်းရဲ့ ခွေးလေးလို့ထင်ခဲ့ပေမဲ့လည်း နေ့ရော ၊ညပါ အော်ဟစ်အကူအညီတောင်းခံနေခဲ့လို့ နောက်ဆုံး အဒေါ်ကကြီးက ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ရတာပါ ။

အိမ်ပိုင်ရှင်ကလည်း အိမ်မှာမရှိဘဲ နိုင်ငံခြားမှာ 2 နှစ်ခန့်သွားရောက် အလုပ်လုပ်ကိုင်နေကြသူတွေပါ ။ ခွေးလေးကို သနားလွန်းတဲ့အဆုံး ဝင်းတံခါးပျက်စီးပါက ခေါက်ဆွဲသည်အဒေါ်ကြီးကပဲ တာဝန်ယူပေးမည်ဖြစ်ကြောင်း နှင့် ခွေးလေးကိုသာ ကယ်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ လွတ်မြောက်သွားတဲ့အချိန်မှာတော့ ခွေးလေးဟာ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ် ။ မွန်မြတ်တဲ့စိတ်ထားရှိတဲ့ အဒေါ်ကြီကိုပဲ ချီးကျူးဂုဏ်ပြုရမှာပါပဲလေ ။

#3

#4