တောင်အာဖရိကရှိ ခြင်္သေ့သန့်ရှင်းရာဌာနက ရှားပါးတဲ့ဒီအဖြူရောင်ခြင်္သေ့ကြီးကတော့ သူ့ရဲ့အထင်ကြီးစရာကောင်းတဲ့ဆံပင်ပုံစံကို ဂုဏ်ယူနေပုံပါဘဲ။
အသက်၆နှစ်အရွယ် Moya အမည်ရှိတဲ့ အဆိုပါခြင်္သေ့ဖြူကြီးဟာ Narnia ဇာတ်ကားထဲက Aslan နဲ့ Lion King ထဲက Mufasa တို့ကတောင် အရှက်ရသွားစေမယ့် သန်စွမ်းပြီးကြည့်ကောင်းတဲ့သူ့ရဲ့ဆံပင်ပုံစံကို ထုတ်ကြွားခဲ့ပါတယ်။
တကယ်တော့ Moya ရဲ့ ပုံတွေကို Los Angelesနိုင်ငံမှာ နေထိုင်ပြီး Simon Needhamအမည်ရှိတဲ့ ဗြိတိန်ဓာတ်ပုံဆရာတစ်ဦးက သူ့ကိုပထမဆုံးအကြိမ် တွေ့တွေ့ချင်း တအံ့တဩနဲ့အမိအရရိုက်ကူးပေးထားခဲ့တာပါ။
”ကျွန်တော်က တိရိစ္ဆာန်လေးတွေကို ချစ်တယ်၊ဒါပေမဲ့ ရင်သပ်ရှုမောစရာကောင်းတဲ့ သူ့ရဲ့အမွှေးတွေကို တွေ့တွေ့ချင်း ကျွန်တော်ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတယ်”လို့ Simonက ဆိုထားပါတယ်။
Simonက သူရိုက်ပေးလိုက်တဲ့Moyaရဲ့ဓာတ်ပုံတွေဟာ အဆိုပါခြင်္သေ့သန့်ရှင်းရာဌာနနဲ့တောရိုင်းရှိခြင်္သေ့တွေရဲ့အခြေအနေကိုပိုမိုသိရှိလာစေဖို့ အထောက်အကူပြုနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုထားပါသေးတယ်။
crd