ဗဟုသုတ

ကားသူခိုးတွေကို လှည့်စားဖို့ ဝယ်ထားတဲ့ကားအသစ်ကြီးကို သံချေးတွေနဲ့ဖုံးအုပ်ပစ်ခဲ့တဲ့ ကားပိုင်ရှင်

လူတွေဟာ ကားသူခိုးတွေကို လှည့်စားဖို့ သူတို့ရဲ့ကားကိုသံချေးနဲ့ဖုံးအုပ်ပစ်လိုက်တဲ့အထိ လုပ်ရဲကြတယ်ဆိုတော့ တော်ယုံတန်ယုံစကေးမဟုတ်ပါဘူး။

ဒီကားပိုင်ရှင်လိုပေါ့။ ဒီ Volkswagen T5 Sportline ကားပိုင်ရှင်တစ်ယောက်ဟာ ကားသူခိုးတွေထံမှ ကာကွယ်ဖို့ သူ့ရဲ့ Van ကားအသစ်ကို သံချေးတွေနဲ့ဖုံးအုပ်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။Clyde Wraps အမည်ရှိ UK အခြေစိုက်ဗီနိုင်းဆွဲတဲ့ဆိုင်ရဲ့အကူအညီဖြင့် ကားရာဇဝင်သားတွေရဲ့ခိုးယူခြင်းမှကာကွယ်ဖို့ သူ့ရဲ့ကားတစ်စီးလုံးကို သံချေး၊ အက်ကြောင်း၊ခြစ်ရာတွေ နဲ့ ကားတံခါးပေါက်တွေအဆုံး စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ကားအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။

“သူ့ရဲ့ Van ကားက လူအုပ်ထဲမှ ာထင်ရှားနေခဲ့တာကြောင့် သံချေးတွေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာကို မေးမြန်းဖို့ ရဲ က သူ့ကို ၃ ရက်လောက်ခေါ်သွားခဲ့တဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြရင်း ကျွန်တော်တို့ရဲ့ဖောက်သည်က အရမ်းပျော်နေခဲ့တယ်”လို့ Clyde Wrapsဆိုင်က သူတို့ဝက်ဆိုက်မှာ ပြောပြခဲ့ပါသေးတယ်။

ဒီတော့ ဘယ်သူတွေက Disneyရဲ့ Cars ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့Rusty Cornfuel ဆိုတဲ့ဇာတ်ကောင်နဲ့တူတဲ့အဆိုပါကားကို ခိုးယူပြီးထောင်အကျခံချင်ပါသလဲ။ဒါပေမဲ့ ပြောင်လက်နေတဲ့ကားအသစ်စက်စက်ကိုစီးရတဲ့feelingက ဘယ်အရာနဲ့မှမလဲနိုင်တာကို အဲ့ကားပိုင်ရှင်ကိုတော့ မလေးစားဘဲမနေနိုင်တော့ပါဘူး။

crd