ဗဟုသုတ

မနက်ခင်းကော်ဖီပူပူလေးနဲ့တောတောင်ရှုခင်းအလှကိုခံစားကြည့်ရှုနိုင်ဖို့ ချောက်ကမ်းပါးဘေးမှာဆောက်လုပ်ထားတဲ့တည်းခိုခန်း (ရုပ်သံ)

Colombia နိုင်ငံ Antioquiaမြို့ရဲ့ Abejorral ကျေးလက်ဒေသရှိဧရာမကျောက်ဆောင်တုံးကြီးပေါ်က ကော်ဖီရှုခင်းလို့လူသိများတဲ့ La Casa en el Aire (‘The House in the air’) အမည်ရှိသစ်သားဖြင့်တည်ဆောက်ထားပြီးအမိုးဖြူနဲ့ပြုလုပ်ထားတဲ့အိမ်ဟာ မြေပြင်အထက်မီတာ ၃၀ ခန့်မှာရှိတဲ့ချောက်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။

La Casa en el Aire ကို သံမဏိဝါယာကြိုးတွေနဲ့ ချိတ်ဆက်ထားပြီး ချောက်ကမ်းပါးကို ဆန့်ကျင်ထားတဲ့ ရှည်လျားတဲ့ သစ်သားတိုင်ကြီးတစ်ခုနဲ့ တည် ဆောက် ထားတာပါ။La Casa en el Aire ဟာ မြေမျက်နှာပြင်အထက်မီတာ ၂၀ ခန့်၊ ပင်လယ်ရေမျက်နှာပြင်အထက်မီတာ ၂၅၀၀ ခန့်မှာတည်ရှိတာပါ။

ချောက်ကမ်းပါးမျက်နှာပြင်တစ်လျှောက်ကိုဆွဲထားတဲ့တံတားမှ ခရီးသည်တွေကို တောင်ပေါ်တောင်အောက် သယ်ဆောင်နိုင်ဖို့အတွက် ခိုင်ခံ့တဲ့သံကြိုးဆွဲယာဉ်ကိုပါ ချိတ်ဆက်ထားပါတယ်။

La Casa en el Aire အိမ်ကို Nilton Lópezအမည်ရှိတဲ့တောင်တက်သမားတစ်ဦးက တီထွင်ဆောက်လုပ်ပေးခဲ့တာပါ။ Niltonက ဒီထူးဆန်းတဲ့တည်း ခိုခန်းကိုတည်ဆောက်ရခြင်းက သူ့ရဲ့အိမ်မက်ဟောင်းကိုအကောင်အထည်ဖော်နိုင်ဖို့လို့ဆိုထားပါတယ်။

သူ့တီထွင်မှုက ရေရှည်တည်တံ့နေပြီးလျှပ်စစ်ဓာတ်အားကိုနေရောင်ခြည်စွမ်းအင်ဖြင့်ထုတ်လုပ်နိုင်ခြင်း နဲ့ အမှိုက်အားလုံးကိုလည်းစုဆောင်းပြီး Medellin သို့ပို့ဆောင်နိုင်ခြင်းတို့ကြောင့် သူအတော်လေး စိတ်ချမ်းသာနေရပါတယ်တဲ့။

ဧရာမကျောက်တုံးကြီးပေါ်ကတည်ဆောက်ထားတဲ့အခန်းမှာ အနားယူ၊တည်းခိုနိုင်တဲ့အပြင် La Casa en el Aire ရဲ့ခရီးသွားဧည့်သည်တွေအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့လှုပ်ရှားမှုတွေလည်း ပါဝင်ပြီး အခန်းထဲကနေ ခုန်ထွက်တာ ဒါမှမဟုတ်အခန်းအထက်ကသံမဏိကြိုးတွေပေါ်မှာ တပ်ထားတဲ့ပုခက်ထဲမှာ တစ်ညတာအိပ်စက်နိုင်တာပါဘဲ။

La Casa en el Aire က Abejorralကျေးလက်ဒေသရဲ့ဝေးလံတဲ့နေရာမှာတည်ရှိပြီး အစားအစာကိုအလွယ်တကူမရရှိနိုင်တဲ့အတွက်ကြောင့် အကယ်လို့ သွားရောက်လည်ပတ်ချင်ရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကြာရှည်ခံအစားအစာတွေ (ခြောက်သွေ့တဲ့ပေါင်မုန့်၊ cookies စတာတွေ)အပြင် ရေ ၅ လီတာဘူးကိုလည်းယူလာဖို့ တိုက်တွန်းထားပါသေးတယ်။

crd