ဗဟုသုတ

ပြင်းထန်တဲ့ငလျင်လှုပ်ခတ်နေတုန်း customerနှစ်ဦးကို အလျင်အမြန် ကာကွယ်ပေးခဲ့တဲ့ စတိုးဆိုင်ဝန်ထမ်းရဲ့လုပ်ရပ်

တောင်ကိုရီးယားနိုင်ငံရှိ နိုဝင်ဘာ၁၅ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ ၅.၄ ပြင်းအားရှိတဲ့ငလျင်လှုပ်ခတ်မှုမှာ Pohang မြို့ရှိစတိုးဆိုင်တစ်ခုရဲ့ဝန်ထမ်းတစ်ဦးဟာကြောက် လန့်တုန်လှုပ်နေတဲ့ဧည့်သည်နှစ်ဦးအား ကိုယ်ကျိုးစွန့်ကာကွယ်ပေးခဲ့ပါတယ်။

ညနေ ၂:၃၀ ဝန်းကျင် ငလျင်လှုပ်စဉ်ကာလအတွင်း တောင်ဘက်ဆိပ်ကမ်းမြို့ Pohang ရှိ စတိုးဆိုင်ရဲ့ CCTV ဗီဒီယိုဖိုင်ကို Channel A News မှထုတ်လွှင့်ပြသပေးခဲ့တာပါ။ငလျင်ပြင်းထန်စွာတုန်လှုပ်နေစဉ်အတွင်း စားသုံးသူတွေနှင့် ဝန်ထမ်းတွေက စားပွဲခုံနှင့်စာရေးခုံတွေအောက်မှာပုန်းအောင်းနေခဲ့ကြချိန်မှာတော့ ကောင်တာရှိအမျိုးသမီးဖောက်သည်နှစ်ဦးကိုကူညီခဲ့တဲ့ ရဲရင့်တဲ့စတိုးဆိုင်ဝန်ထမ်းတစ်ဦးဟာ အင်တာနက်အသုံးပြုသူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

အဆောက်အဦးတွေ ပျက်စီးလာနိုင်ခြေရှိပြီး သူတို့ရဲ့ဦးခေါင်းပေါ်ကို ကျလာတာကြောင့် သူတို့ကိုအန္တရာယ်ကနေ ကာကွယ်ပေးဖို့အတွက် အဆိုပါဝန်ထမ်းဟာ သူ့ရှေ့မှာရှိတဲ့ကုန်စုံခြင်းတောင်းကိုချက်ချင်းဆုပ်ကိုင်ပြီးအမျိုးသမီးနှစ်တို့ရဲ့ခေါင်းနှစ်လုံးကိုအမြန်အဆန်ဖုံးအုပ်ပေးခဲ့ပါတယ်။

လူတော်တော်များများဟာ သူရဲကောင်းလုပ်ရပ်တွေအတွက် အဆိုပါဝန်ထမ်းကို ကောင်းမွန်တဲ့စကားတွေ ချီးကျူးပြောဆိုခဲ့ကြပါတယ်။အချို့လူအများစုက သူတို့ရဲ့ကိုယ်ပိုင်လုံခြုံမှုကိုပထမဥဦးစားပေး ကာကွယ်တတ်ကြပေမဲ့ ဒီဝန်ထမ်းကတော့ ကိုယ်ကျိုးမငဲ့ဘဲ ဧည့်သည်တွေကို အကောင်းဆုံးကာကွယ်ပေးခဲ့တာပါ။

ငလျင်ကြီးလှုပ်ခတ်တုန်ခါမှုက တိုင်းပြည်ရဲ့မြို့တော်ဆိုးလ်ကို အနည်းငယ်ထိမှန်ခဲ့ကြောင်း South China Morning Post မှဖော်ပြခဲ့ပါတယ်။ဒီငလျင်ဟာ သူ့တို့နိုင်ငံရဲ့ဒုတိယအင်အားအကြီးဆုံး ငလျင်ဖြစ်ကြောင်း ဆိုထားပါတယ်။၂၀၁၆ ခုနှစ်၊စက်တင်ဘာလမှာ ပြင်းအား ၅.၈ ပြင်းအားတုန်ခါမှုကြောင့် အရှေ့တောင်ဘက်မြို့တော် Gyeongju ကိုပါ ထိခိုက်စေခဲ့ပါသေးတယ်။ကံကောင်းထောက်မစွာနဲ့ ငလျင်လှုပ်ခတ်မှုက ပြင်းထန်ခဲ့ပေမဲ့လည်း ထိခိုက်သေဆုံးမှုမရှိခဲ့ရပါဘူး။

crd