News

အစားစားသည့်အခါ နှာခေါင်းကို အုပ်ပေးထားမည့် နှာခေါင်းစည်းကို တောင်ကိုရီးယား တီထွင်ထုတ်လုပ်

အစားစားသည့်အခါ နှာခေါင်းကို အုပ်ပေးထားမည့် နှာခေါင်းစည်းကို တောင်ကိုရီးယား တီထွင်ထုတ်လုပ်

တောင်ကိုရီးယားကုမ္ပဏီတစ်ခုမှ အစာစားတဲ့အခါ နှာခေါင်းအထိရောက်အောင် ဖုံးအုပ်ထားနိုင်တဲ့ကော့စ် (Kosk) ဆိုတဲ့ နှာခေါင်းစည်းကိုတီထွင်ထုတ်လုပ်လိုက်ပါတယ်။ ဒီနှာခေါင်းစည်းတွေကို အတ်မန်ကုမ္ပဏီက ထုတ်လုပ်လိုက်တာဖြစ်ပြီး ကော့စ် ၁၀ခုပါတဲ့ဗူးတစ်ဗူးကို ၈ ဒေါ်လာကျော် (မြန်မာငွေ ၁၆,၀၀၀ ကျပ်) ဖြင့် တောင်ကိုရီးယားဝက်ဘ်ဆိုက်တစ်ခုကနေ မှာယူလို့ရပါတယ်။

kosk ဆိုတဲ့နာမည်ကို mask နဲ့ ko ဆိုတဲ့ စကားလုံးတွေကိုပေါင်းစပ်ထားတာဖြစ်ပြီး ko ဆိုတာက ကိုရီးယားဘာသာမှာ နှာခေါင်းလို့ အဓိပ္ပာယ်ရပါတယ်။ နှာခေါင်းစည်းတပ်ဆင်ရာမှာ နှာခေါင်းအထိ သေချာမတပ်ဆင်တဲ့သူတွေအတွက် ရည်ရွယ်ကာ ကော့စ်နှာခေါင်းစည်းတွေကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကော့စ်နှာခေါင်းစည်းဒီဇိုင်းဟာ ပါးစပ်ကနေ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်နိုင်တယ်လို့ အွန်လိုင်းကနေ ဝေဖန်မှုတွေရှိသလို စားသောက်ဖို့သွားတဲ့အခါကျရင်တော့ သက်တောင့်သက်သာရှိစေမှာဖြစ်တယ်လို့လည်း အားပေးပြောကြားနေကြကြောင်း ဖော်ပြထားပါတယ်။

သုတေသနပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ နှာခေါင်းစည်းအသစ်အဆန်းကိုတီထွင်တာဟာဒါပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၂၁ မတ်လကမက္ကဆီကိုသုတေသီတို့က နှာခေါင်းတစ်ခုတည်းကိုပဲဖုံးအုပ်တဲ့ နှာခေါင်းစည်းကို ဖန်တီးခဲ့ကြသေးတယ်လို့ ရိုက်တာနဲ့ ဂျေရုဆလန်ပို့စ်တို့က ဖော်ပြခဲ့ကြပါတယ်။

ကော့စ်နှာခေါင်းစည်းလေးကိုပုံမှန်နှာခေါင်းစည်းအောက်မှာထားပြီးဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဒါမှသာ အစားစားတဲ့အခါကို ဗစ်ရောဂါဝင်ရောက်နိုင်တဲ့ နှာခေါင် းပေါက်ကို ကာကွယ်ပေးထားမှာဖြစ်ပါတယ်။

Crd

zawgyi

အစားစားသည့္အခါ ႏွာေခါင္းကို အုပ္ေပးထားမည့္ ႏွာေခါင္းစည္းကို ေတာင္ကိုရီးယား တီထြင္ထုတ္လုပ္

ေတာင္ကိုရီးယားကုမၸဏီတစ္ခုမွ အစာစားတဲ့အခါ ႏွာေခါင္းအထိေရာက္ေအာင္ ဖုံးအုပ္ထားႏိုင္တဲ့ ေကာ့စ္ (Kosk) ဆိုတဲ့ ႏွာေခါင္းစည္းကို တီထြင္ထုတ္လုပ္လိုက္ပါတယ္။ ဒီႏွာေခါင္းစည္းေတြကို အတ္မန္ကုမၸဏီက ထုတ္လုပ္လိုက္တာျဖစ္ၿပီး ေကာ့စ္ ၁၀ ခုပါတဲ့ဗူးတစ္ဗူးကို ၈ ေဒၚလာေက်ာ္ (ျမန္မာေငြ ၁၆,၀၀၀ က်ပ္) ျဖင့္ ေတာင္ကိုရီးယားဝက္ဘ္ဆိုက္တစ္ခုကေန မွာယူလို႔ရပါတယ္။

kosk ဆိုတဲ့နာမည္ကို mask နဲ႔ ko ဆိုတဲ့ စကားလုံးေတြကိုေပါင္းစပ္ထားတာျဖစ္ၿပီး ko ဆိုတာက ကိုရီးယားဘာသာမွာ ႏွာေခါင္းလို႔ အဓိပၸာယ္ရပါတယ္။ ႏွာေခါင္းစည္းတပ္ဆင္ရာမွာ ႏွာေခါင္းအထိ ေသခ်ာမတပ္ဆင္တဲ့သူေတြအတြက္ ရည္႐ြယ္ကာ ေကာ့စ္ႏွာေခါင္းစည္းေတြကို ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ေကာ့စ္ႏွာေခါင္းစည္းဒီဇိုင္းဟာ ပါးစပ္ကေန ကို႐ိုနာဗိုင္းရပ္စ္ ဝင္ေရာက္ႏိုင္တယ္လို႔ အြန္လိုင္းကေန ေဝဖန္မႈေတြရွိသလို စားေသာက္ဖို႔သြားတဲ့အခါက်ရင္ေတာ့ သက္ေတာင့္သက္သာရွိေစမွာျဖစ္တယ္လို႔လည္း အားေပးေျပာၾကားေနၾကေၾကာင္း ေဖာ္ျပထားပါတယ္။

သုေတသနပညာရွင္ေတြနဲ႔ ဒီဇိုင္နာေတြ ႏွာေခါင္းစည္းအသစ္အဆန္းကို တီထြင္တာဟာ ဒါပထမဆုံးေတာ့ မဟုတ္ပါဘူး။ ၂၀၂၁ မတ္လက မကၠဆီကိုသုေတသီတို႔က ႏွာေခါင္းတစ္ခုတည္းကိုပဲဖုံးအုပ္တဲ့ ႏွာေခါင္းစည္းကို ဖန္တီးခဲ့ၾကေသးတယ္လို႔ ႐ိုက္တာနဲ႔ ေဂ်႐ုဆလန္ပို႔စ္တို႔က ေဖာ္ျပခဲ့ၾကပါတယ္။

ေကာ့စ္ႏွာေခါင္းစည္းေလးကို ပုံမွန္ႏွာေခါင္းစည္းေအာက္မွာထားၿပီး ဝတ္ဆင္ရမွာျဖစ္ပါတယ္။ ဒါမွသာ အစားစားတဲ့အခါ ကိုဗစ္ေရာဂါ ဝင္ေရာက္ႏိုင္တဲ့ ႏွာေခါင္းေပါက္ကို ကာကြယ္ေပးထားမွာျဖစ္ပါတယ္။

Crd