News

” အင်တာပိုက ငြင်း ၊ တ..ရုတ်က နောက်ဆုတ် ၊ PDF က အားကောင်းလာတဲ့ နွေဦးတော်လှန်ရေး “

ဒီနေ့အတွက် ထူးခြားတဲ့ သတင်းနှစ်ပုဒ်ကတော့

” နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို ( INTERPOL ) ကို ပြည်တွင်းမတည်ငြိမ်မှု့တွေ အကူအညီပေးဖို့ စစ်ကောင်စီရဲ့ တောင်းခံမှု့ကို ပယ်ချခံလိုက်ရပါတယ် ။. ”
” နောက်သတင်းကတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖိအားပေးဖို့ ၊ တရုတ်အစိုးရကို တောင်းခံလိုက်ပါတယ် ။ ”

အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်မှု့တွေ တိုးပွားနေတဲ့ မြန်မာ့တော်လှန်ရေးသမားတွေကို နှိမ်နင်းတဲ့နေရာမှာ နိုင်ငံတကာရဲတပ်ဖွဲ့က အကူအညီပေးဖို့ကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က တောင်းခံခဲ့ပါတယ် ။ သို့ပေမယ့် နိုင်ငံတကာရဲတပ်ဖွဲ့ ( INTERPOL ) ငြင်းဆန်လိုက်ပါတယ် ။ အင်တာပိုက မည်သည့်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမဆို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာပါ ။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ကုလအရာရှိများနဲ့ နိုင်ငံတကာသံအမတ်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တုန်းက အကူအညီတောင်းခံခဲ့တာပါ ။ ဒီအထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ကိုလည်း အကူအညီတောင်းခံခဲ့ပါတယ် ။ ဝဏ္ဏမောင်လွင်က တော်လှန်ရေးသမားတွေကို ကျောင်း ၊ ဆေးရုံ ၊ တံတားနဲ့ ပြည်သူ့အိုးအိမ်တွေကို ဖျက်စီးတဲ့ အကြမ်းဖက်သမားများအဖြစ် စွပ်စွဲခဲ့ပါတယ် ။ ကုလသမဂ္ဂ ၊ အာဆီယံအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ၊ အာဆီယံရဲချုပ်များနဲ့ အင်တာပိုရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ တောင်းဆိုခဲ့တာပါ ။

သို့ပေမယ့် NUG အစိုးရကတော့ စစ်ရာဇဝတ်မှု့တွေအတွက် ဥပဒေကြောင်းအရ အရေးယူပေးဖို့ နိုင်ငံတကာတရားရုံးကို တောင်းဆိုထားပါတယ် ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ပြည်သူ ၁၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ် ။

တဆက်တည်းမှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာစစ်တပ်ကို ဖိအားပေးဖို့ တရတ်အစိုးရကို တောင်းဆိုလိုက်ပါတယ် ။ ဒေါ်ဇင်မာအောင်က လက်နက်ကူညီစရာမလိုပဲ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု့တွေကို မထောက်ခံဖို့ကိုသာ တောင်းဆိုထားတာပါ ။ ပြည်တွင်း တော်လှန်ရေးဟာ ပြည်သူတွေဘက်က အားသာနေတဲ့အတွက် တရုတ်အစိုးရအနေနဲ့ အိမ်နီးခြင်းကောင်းပီသစွာ မြန်မာပြည်သူတွေဘက်မှာရပ်တည်ပေးဖို့ တောင်းဆိုတာပါ ။ တရုတ်ရဲ့ အခြေအနေက NUG နဲ့ ဆက်ဆံရေးမှာ သိသိသာသာ အပေါင်းလက္ခဏာ ဆောင်လာတယ်လို့ ဒေါ်ဇင်မာအောင်က ပြောကြားထားပါတယ် ။

သုံးသပ်ရရင် ….၊

MRTV နဲ့ မြဝတီရုပ်မြင်သံကြားလို ပြောချင်ရာပြောလို့ရမယ်အထင်နဲ့ နိုင်ငံတကာကို ဗြောင်လိမ်လိုက်ပါတယ် ။ အင်တာပိုကတော့ ပြည်တွင်းရေး ဝင်မစွက်ဘူးလို့ ငြင်းပယ်လိုက်ပါတယ် ။ တရုတ်ကတော့ အိမ်နီးခြင်းဖြစ်တဲ့အတွက် များများမျှော်လင့်လို့မရပေမယ့် စစ်ကောင်စီကို မထောက်ခံဖို့တော့ တောင်းဆိုသင့်ပါတယ် ။ တရုတ်ရဲ့အခြေအနေဟာ သိသိသာသာ ဝင်ပါတာ မတွေ့ရတော့ပါဘူး ။ NUG အနိုင်ရတဲ့အခါ မိတ်မပျက်အောင် ခပ်တန်းတန်းလုပ်လာတယ်လို့ ခန့်မှန်းရပါတယ် ။

ကမ္ဘာကြီးထဲမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ကင်းကွာနေလို့မရပါဘူး ။ သာဓက ပြရရင် ထိုင်းနိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့ပါဘူး ။ ဘယ်နိုင်ငံရဲ့လက်အောက်ကိုမှ မရောက်ခဲ့ပါဘူး ။ ထိုင်းနိုင်ငံသမိုင်းမှာ မြန်မာရဲ့ ကျုးကျော်စစ်ကိုပဲ ကာကွယ်ခဲ့ရပါတယ် ။ ဆိုလိုတာက ထိုင်းဘုရင် ၊ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ ကမ္ဘာကြီးနဲ့ အဆင်ပြေအောင် နေထိုင်ပါတယ် ။ ဒါဟာ ပြည်တွင်းရေးအတွက် အရေးကြီးပါတယ် ။ ထိုင်းကလေးငယ်တွေ ဂူထဲမှာပိတ်မိတော့ ကမ္ဘာကြီးတစ်ခုလုံး စိုးရိမ်ကြ ၊ ကူညီကြပါတယ် ။ ဒါဟာ ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်တွေရဲ့ ပေါင်းသင်းဆက်ဆံရေး ပြယုဘ်ပါ ။ ယူကရိန်းအရေးမှာ နေတိုးအဖွဲ့ဝင်တွေ စည်းလုံးကြပါတယ် ။

မြန်မာမှာ အာဏာသိမ်းတော့ နိုင်ငံတကာရဲ့ စတိတ်မန့်တွေနဲ့ပဲ ကျေနပ်နေရပါတယ် ။ ဘယ်နေ့ကူညီမလဲလို့ မျှော်တော်ဇောနဲ့ စောင့်ကြည့်နေမိတဲ့ စာရေးသူဟာ ဒေါက်တာဆာဆာကို အရမ်း ကိုယ်ချင်းစာမိပါတယ် ။ PDF လူငယ်တွေသာ သတ္တိမရှိခဲ့ရင် ဒီတော်လှန်ရေးဟာ ဒီအဆင့်အထိ ရောက်လာဖို့ မလွယ်ပါဘူး ။

သို့့ပေမယ့် ဒီလိုမကူညီလို့ ” နိုင်ငံတကာကို သောက်ဂရုမစိုက်ဘူး ” ဆိုရင်တော့ မှားပါမယ် ။ ခေတ်အဆက်ဆက်မှာ ဒီလိုနေခဲ့ကြလို့ တကယ်ဖြစ်တဲ့အခါ ကိုယ့်အားကိုယ်ကိုးနေရတာပါ ။

ဒီအခြေအနေတွေကို နားလည်ထားတဲ့ ဒေါ်ဇင်မာအောင်ဟာ တရုတ်ကို မိတ်ဆွေအဖြစ်နဲ့ ရပ်တည်ပေးဖို့ တရားဝင် ကမ်းလှမ်းလိုက်တယ်လို့ မြင်ပါတယ် ။ NUG နဲ့ ကမ္ဘာကြီးရဲ့ ဆက်ဆံရေးကလည်း အဆင်ပြေနေပါတယ် ။မြန် မာ့အရေးမှာ မြောက်ကိုရီးယားက ဝင်မပါသလို ၊ ရုရှားကလည်း သူ့ပြဿနာနဲ့သူ နေ့လား ညလား ဆိုသလိုပါပဲ ။ တရုတ်ကတော့ မသိမသာလေး နောက်ဆုပ်နေပါတယ် ။

ဟွန်ဆန်ကတော့ အလိမ်ခံထိလို့ အသံထွက်မလာတော့ပါဘူး ။ ဒီထက်အကောင်းဆုံးကတော့ တော်လှန်ရေးပြည်သူတွေကို အင်တာပိုရဲအဖွဲ့ ၊ ကုလ ၊ အာဆီယံ ၊ အီးယူအဖွဲ့တွေက အကြမ်းဖက်သမားလို့ လုံးဝ မသတ်မှတ်ပါဘူး ။ PDF တွေက အတောင်စုံလာပါတယ် ။ နေရာစုံအုံကြွတဲ့နေ့မှာ ငရုပ်ကျဉ်ပွေ့ကလည်း PDF လက်နက်ပါဘဲ ။

ဘကြီးအောင် LA

၁၀ ဖေဖော်ဝါရီ ၊ ၂၀၂၂