ဗဟုသုတ

“ရေကန်တစ်ခုက ဖော်ပြလိုက်တဲ့ လူအများစုရဲ့ ဆင်းရဲရခြင်းအကြောင်းတရား”

ဒါကြောင့်_ဆင်းရဲကြပါသည်။

ကျေးရွာ တစ်ရွာအတွက် ရေကန်လုပ်ဖို့ . . .အလှူရှင်က ငွေလှူပြီး ရွာကို အပ်ပါတယ် . . .

တရွာလုံးက စွမ်းအင်မလိုပဲ သုံးနိုင်အောင် . . .ရွာထိပ်က အမြင့်ဆုံးနေရာမှာ . . .ရေကန်တည်ထား ပေးခဲ့ပါတယ်။

ရေကန်ပြီးတော့ ရွာကလူတွေက . . .ရေသယ်ရတာ အဆင်ပြေအောင် . . .အိမ်တွေ ကိုယ်စီ ကိုယ်စီ ရေရရှိရေး . . .လုပ်ကြမည်ဆိုပြီး . . .အတူတူလုပ်ဖို့ ဆွေးနွေးပါတယ်။

ဇာတ်လမ်းက စပါပြီ !ရေကန်နဲ့ နီးသူတွေက ပိုက်လိုင်း သိပ်မဝေးလို့ . . ငွေကို အချိုးကျ မထည့်နိုင်ဘူး တဲ့။

ရေကန်နဲ့ ဝေးနေတဲ့ သူတွေကလည်း . . .အကွာအဝေးအတိုင်း အချိုးချလိုက်ရင် . . .သူတို့သုံးရမဲ့ ရေက ငါးမူးပိုက်က လာတဲ့ရေဖြစ်လို့ . . .ကုန်ကျစရိတ် တွက်ကြည့်ပြီး . . .ကျသင့်ငွေများနေတော့ သဘောမတူကြပြန်ဘူး တဲ့။

ဒီတော့ ဘယ်လိုမှ ညှိမရတော့ . . .ရွာဦး ကျောင်းဘုန်းကြီးကို လျှောက်ထားတယ်။ဘုန်းကြီးက ဝင်ရောက်ညှိနှိုင်းပေးသော်လည်းမရ . .

နောက်ဆုံး ညှိပေးလို့ မရတော့တဲ့ အဆုံးမှာ . . ” မောင်ရင်တို့ သဘော လုပ်ချင်တာလုပ်တော့ ” ဆိုပြီးဝင်မပါတော့ပါဘူး တဲ့။

ဒီတော့မှ ပုံပါ မြင်ရသည့်အတိုင်း . . .ရေကန်ကို ငါးမူးပိုက်များ ဝိုင်းဖောက် ရေသွယ်ပြီး . . .ကိုယ့်အိမ်လိုင်း ကိုယ့်ဘာသာကို . . .သွယ်ယူ သုံးကြပါတော့တယ် တဲ့။

တစ်လခန့် အကြာမှာတော့ . . .တစ်ဦးနဲ့တစ်ဦး စကားများကြ ရန်ဖြစ်ကြ . . .တုတ်ဓါးဆွဲပြီး တွယ်တော့မယ်ဖြစ်နဲ့ . . .ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရောက်ကုန်ရောတဲ့။

သူများ အိမ်ရှေ့ကနေ ရေဖြတ်ဆွဲတော့ . . .ရေပိုက်ကို ခွဲပစ်လို့ ရေက မရ . . .ကိုယ့်ရေ မရတော့ ဘယ်သူ့လိုင်းမှန်းမသိ . . .ဖြတ်ဆက်ပြီး သွယ်ပါလေရော . . .

အဲဒီတော့ မူလ ပိုက်ပိုင်ရှင်ဆီ ရေက မရောက် . . .နောက်ဆုံးတော့ . . .ဘယ်ပိုက်က ဘယ်သူ့ဟာမှန်း မသိ . .ဦးသူ ကိုယ့်ဟာလုပ်ပြီး ရေရအောင် ကြံကြရင်းနဲ့ . . .တရွာလုံးနီးပါး ရန်ဖြစ် စကားများကြကာ . . .

တစ်ဦးနဲ့တစ်ဦး . . .တစ်အိမ်နဲ့ တစ်အိမ် . . .ရန်သူကြီးတွေလို ရန်စောင်နေကြသတဲ့လေ !

အလှူရှင် သာဓုခေါ်နိုင်ပါစေ . . .။

မိတ်ဆွေတစ်ဦးရဲ့ပြန်လည်မျှဝေမှုလေး ရှယ်လာပါသည်။

အတ္တတွေကို ရှေ့တန်းတင်ကြ အချင်းချင်း နားလည်မပေးနိုင်ကြ ကိုယ့်အတွက်သာ ကိုယ်ကြည့်ကြပြီး စည်းလုံးမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် မကုန်သင့်တဲ့ငွေတွေ ကုန်ရ၊ လုပ်ထားသမျှ အကျိုးမခံစားရ၊ အချင်းချင်းရန်စောင်နေကြတာနဲ့ အချိန်မကုန်သင့်ပဲကုန် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ကြရ…ဒါတွေဟာ ဆင်းရဲခြင်း အကြောင်းတရားတွေပဲ ဖြစ်ပါတယ်