ဗဟုသုတ

ပေ ၈၀ အမြင့်ရှိတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်ရင်း လေထဲမှာ လက်ထပ်ပွဲကျင်းပခဲ့တဲ့ ချစ်သူစုံတွဲ (ရုပ်သံ)

အသက်၃၇နှစ်အရွယ်Chris Bullအမည်ရှိတဲ့အမျိုးသားနဲ့အသက်၂၅နှစ်အရွယ် Phoebe Bakerအမည်ရှိတဲ့ အမျိုးသမီးတို့ဟာ မြေပြင်ပေါ်မှပေ ၈၀အမြင့်ရှိတဲ့ကြိုးတစ်ချောင်းပေါ်လမ်းလျှောက်ရင်းလေထဲမှာလက်ထပ်ထိမ်းမြားတဲ့ သူတို့လူမျိုးရဲ့အစဉ်အလာတစ်ခုကို ပြန်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ တရားဝင်မင်္ဂလာဆောင်ဝတ်စုံတွေကို ဝတ်ဆင်ထားပြီး ပေ၂၅၀ရှည်လျားတဲ့ဝိုင်ယာကြိုးရဲ့ဆန့်ကျင်ဘက်အဆုံးတစ်ဖက်ဆီမှ မျက်နှာချင်းဆိုင်လမ်းလျှောက်လာကာ ကြိုးရဲ့အလယ်မှာ ကတိကဝတ်သစ္စာပြုပြီးလက်ထပ်ခဲ့ကြပါတယ်။

အဆိုပါပွဲကို England နိုင်ငံ Somerest ဒေသမှာပြုလုပ်ကျင်းပခဲ့ပြီး သူတို့ကိုစိုးရိမ်တကြီးနဲ့မော့ကြည့်နေကြတဲ့ ဧည့်သည်အယောက် ၁၀၀ ကျော်ကိုအပေါ် စီး ကနေစိတ်ဝင်တစားနဲ့ကြည့်ခဲ့ရကြောင်း သူတို့နှစ်ဦးကဆိုထားပါတယ်။သူတို့နှစ်ဦးဟာ ဆပ်ကပ်လောကမှာ တွေ့ဆုံခဲ့ကြတာပါ။

Chrisဟာ ၁၂နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ပရော်ဖက်ရှင်နယ် ကြိုးတန်းပေါ်လမ်းလျှောက်သူတစ်ဦးဖြစ်ပြီး Phoebe Bakerကတော့ ဝတ်စုံဒီဇိုင်နာတစ်ဦးပါ။

Chrisရဲ့အိမ်မက်က အကယ်လို့ လက်ထပ်ဖြစ်ခဲ့ရင် ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်ချင်တာပါ။Chrisက “ငါ့ကို သဘောတူပေးမယ့်ဇနီးရှာတွေ့လိမ့်မယ်လို့ ဘယ်တော့မှမထင်ထားဘူး Phoebeကို မြန်မာပြည်မှာ လက်ထပ်ခွင့်တောင်းခဲ့တယ် ငါသူ့နဲ့ပထမဆုံးစပြောတဲ့စကားက ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်တာကအရမ်းမိုက်တယ်လို့ ပြောတော့ သူကဘယ်လိုတောင်မိုက်မဲတာလဲလို့ပြောခဲ့ပေမဲ့ ငါ့အတွက် သူကြိုးတန်းပေါ်တက်မယ်လို့ပြောခဲ့တယ်”လို့ ပြောပြခဲ့ပါတယ်။

အဆိုပါအခမ်းအနားက တရားမဝင်ပေမဲ့ သူတို့နှစ်ဦးဟာ အဆိုပါလက်ထပ်ပွဲမတိုင်မီကတည်းက တရားဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။လက်စွပ်ဆရာအဖြစ် Chrisရဲ့သူငယ်ချင်းက အောက်ကမြေပြင်ပေါ်ကနေ လူတိုင်းကြားနိုင်မယ့်အော်လန်ဖြင့် သစ္စာစကားတစ်ချို့တိုင်တည်ပေးပြီး သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲလည်း ဘေးကင်းလုံခြုံစွာ ပြီးဆုံးသွားခဲ့ပါတယ်။

အဆိုပါ ကြိုးတန်းပေါ်လမ်းလျှောက်ရင်း လက်ထပ်ထိမ်းမြားခြင်းဟာ ပြင်သစ်နိုင်ငံမှ ာ၁၉၅၄ ခုနှစ်ကတည်းက ရှိခဲ့ပြီး လူအများက အဆိုပါလက်ထပ်ပွဲဟာအိမ် ထောင်ရေးတည်မြဲအောင်ပြုလုပ်ဖို့ ခက်ခဲတဲ့အခက်အခဲတွေဖော်ပြပေးတယ်လို့ဆိုထားကြောင်း သတင်းတစ်ခုကဖော်ပြထားပါတယ်။

၁၉၅၉ခုနှစ် မတ်လ၂၂ရက်နေ့က ပြင်သစ်နိုင်ငံက စုံတွဲတစ်တွဲဟာ အဆိုပါကဲ့သို့ ကြိုးတန်းပေါ်လမ်းလျှောက်ရင်းလက်ထပ်ထိမ်းမြားခဲ့ကြပါသေးတယ်။

crd