ဗဟုသုတ

အိပ်ယာပြောင်းအိပ်တဲ့အခါ အိပ်မပျော်တော့တဲ့ သူတစ်ယောက်ဆိုရင် ဒီစာကို မဖြစ်မနေဖတ်လိုက်ပါ

သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာဘဲဖြစ်ဖြစ် ၊အရမ်းကိုကောင်းလှပါတယ်ဆိုတဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးမှာဘဲ အိပ်ရအိပ်ရဘာလို့များအိမ်မှာကျန်ခဲ့တဲ့ အိပ်ယာကိုဘဲ မက်မောတောင့်တနေရတာလည်း ဆိုတဲ့မေးခွန်းကိုယ့်ကိုကိုယ်ပြန်မေးကြည့်ကြဖူးမယ်ထင်ပါတယ်။ မေးပါ။အမေးရှိရင် အဖြေရှိပါတယ်။ ဒီမေးခွန်းအတွက်အဖြေသိပ္ပံပညာမှာ ရှိပါတယ်။

BrownUniversity ရဲ့ စမ်းသပ်လေ့လာသူတွေကနေပြီးတော့ လူတစ်ယောက်ဟာမရင်းနှီးတဲ့နေရာ တစ်နေရာမှာ အိပ်ရတဲ့အခါသူ့ရဲ့ ဦးနှောက်ထဲမှာဘာတွေဖြစ်နေသလည်းဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကျန်းမာရေးကောင်းတဲ့ လူ၃၅ယောက်နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ အချိန်တွင်းမှာ သူတို့တွေရဲ့ဦးနှောက်လုပ် ဆောင် ချက်ကို တိုင်းတာခဲ့ပါတယ်။

ဒီလိုတိုင်းတာခဲ့ရာမှာတော့ပထမညမှာတင်ဘဲဦးနှောက်ရဲ့ ညာဘက် အခြမ်းဟာ အိပ်ပျော်နေစဉ်မှာဘဲ ဘယ်ဘက်အခြမ်းက နိုးထနေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီလို အိပ်နေစဉ် အတွင်းမှာ ဦးနှောက်တစ်ခြမ်းနိုးထနေတဲ့ ဖြစ်စဉ်ကို အခြားသော တိရစ္ဆာန်တွေဖြစ်တဲ့ဝေလငါး၊လင်းပိုင်နှင့် ဌက်တွေမှာလည်း တွေ့ရှိရပါတယ်။”

ပတ်ဝန်းကျင်ဟာကျွန်တော်တို့အတွက် အသစ်ဖြစ်နေတာကြောင့် စနစ်ကို ကျွန်တော်တို့စောင့်ကြည့်စစ်ဆေးမှသာပတ်ဝန်းကျင်ကို မြင်နိုင်မှာဖြစ်ပြီးတော့ ထူးဆန်းမှု့တစ်စုံတစ်ရာရှိရင်လည်း ရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်” လို့ Brown University ရဲ့လေ့လာရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ MasakoTamaki ကပြောပါတယ်။အိပ်နေတဲ့အချိန်မှာပျော့ကွက်အများဆုံးဖြစ်တာကြောင့် ဦးနှောက်ဟာ ကျွန်တော်တို့ ကိုရုတ်တရက်ကာကွယ်ဖို့အတွက် နိုးနိုးကြားကြားရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာသူတွေ အဖြေမပေးနိုင်သေးတဲ့မေးခွန်းတွေအမြောက်အများရှိနေပြီးတော့ ဥပမာပြောရရင် ဒီလို အကျိုးသက်ရောက်မှု့ဟာဘာလို့များ ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းမှာဘဲဖြစ်နေပြီးတော့ ညာဘက်အခြမ်းမှာမဖြစ်ရတာလည်းဆိုတဲ့ မေးခွန်းမျိုးပါဘဲ။

ဒီလိုမညီမျှတဲ့ဖြစ်ရပ်မျိုးကို ပထမဦးဆုံးညမှာဘဲတွေ့ရှိရတာဖြစ်ပါတယ်။ သင်ရဲ့ အိပ်ယာထဲမှာ မဟုတ်လို့ အိပ်မပျော်ဘူးဆိုရင်အဲ့ဒီအချက်ဟာ သင့်ရဲ့စိတ်ထဲမှာဘဲ ထားရမယ့် တစ်စုံတစ်ရာသော အချက်ဘဲဖြစ်ပါတယ်။

crd