News

“ငါ့ကောင်လေးတစ်ကိုယ်လုံးကို ကျည်ကာကစလို့ လက်နက်အဆုံး ငါ့လက်ငါ့ခြေနဲ့ ငါကိုယ်တိုင်ဆင်ပေးမယ်”ဆိုတဲ့ ကောင်မလေး

“ငါ့ကောင်လေးတစ်ကိုယ်လုံးကို ကျည်ကာကစလို့ လက်နက်အဆုံး ငါ့လက်ငါ့ခြေနဲ့ ငါကိုယ်တိုင်ဆင်ပေးမယ်”

သူ ထောင်ထဲမှာ ခြောက်လကြာ နေခဲ့ရပြီးတဲ့နောက် အပြင်ထွက်လာလာချင်း ခရစ္စမတ်နေ့မှာ တောထဲသွားဖို့ ဆုံးဖြတ်ပြီးထဲက အဲ့ဒီသန္နိဌာန်ကို ငါချထားနှင့်ခဲ့ပြီးသား။

ပန်းချီတွေရောင်းခဲ့ရာကနေ ရထားတာကို သူ့အတွက် လက်နက်ဝယ်ဖို့ စု‌ဆောင်းပေးနေတာပါပဲ။

လက်နက်က အဓိကပေမယ့် အရေးပေါ်သွားရခါနီးတိုင်း သူများဆီက vest ပြေးငှားရ၊ equipment ပြေးငှားရနဲ့ ပြေးလွှားနေရတဲ့ သူ့ကိုငါ မကြည့်ရက်နိုင်တော့လို့ လောလောဆယ် သူ လိုအပ်နေတာတွေကို လက်နက်ဖိုးထဲကနေ အရင်ဖြည့်ဆည်းပေးထားလိုက်ရတာပဲ။

တတ်နိုင်မယ်ဆိုရင်တော့ Valentine’s Day လက်ဆောင်အနေနဲ့ အမ်၁၆ အသစ်စက်စက်တစ်လက်ကို ဘတ်ခနဲ ဝယ်ပေးလိုက်ချင်တာပေါ့။။

သူ့အတွက် တိုက်ပွဲဝင်ဖို့ လိုအပ်သမျှကို ဦးစားပေး တပ်ဆင်ပေးပြီးရင်တော့ ပါရမီဖြည့်ဖက်တစ်ယောက်ရဲ့ ဝတ္တရားဟာ ကျေလောက်ပြီလို့ ငါထင်ရဲ့။ ငါ့ကိုယ်ငါ တစ်ထစ်လျှော့ချထားတဲ့ ခိုလှုံအဆင့်မှာပဲ စာဖတ်လိုက်၊ ဂီတာတီးလိုက်နဲ့ တခြားတပ်သားမိသားစုဝင်တွေလို အေးအေးလူလူ နေဖြစ်တော့မယ်။

သူ့မယ် မရှိလို့ ကင်းစောင့်ခါနီးတိုင်း လိုက်ငှားနေရတဲ့ဟာလေး 

🤍

သူအလိုချင်နေဆုံးအရာ 

🤍

ဝဲသာထူတာ၊ စကွင်းကဲလည်း ဂရုစိုက်တတ်တဲ့သူမို့လို့ 🤍

V-Day အမီ စစ်ကြောင်းက‌နေ ပြန်ရောက်လာနိုင်မှာ မဟုတ်လို့ အတူတူ မရှိနိုင်ကြမယ့်အတူတူ ပို့စ်ပဲ စောစောတင်ထားလိုက်ပြီ :3

စစ်ဖြစ်လာရင် သူကတိုက်မယ်၊ ငါကကျည်ဖိုးရှာမယ်။ စစ်ရေးငြိမ်နေရင် ငါတို့နှစ်ယောက် ကြက်သုံးကောင် ထပ်မွေးမယ်။ ငါ့ခေါင်းထဲကို အုန်းဆီတောင်မှ မထည့်တော့ဘူး။

တော်လှန်ရေးနဲ့သူ ဘယ်ဟာပိုအရေးကြီးလဲ မေးရင် ‘တော်လှန်ရေးဟာ နိုင်ငံအတွက်ဖြစ်ပြီး သူကတော့ ငါ့ကမ္ဘာဖြစ်တယ်’… ဒီလောက်ပါပဲ။