News

“လည်ပင်းမှာ တာယာကွင်းစွပ်မိပြီး (၅)နှစ်ကြာ ဒုက္ခရောက်နေတဲ့ မိကျောင်းကြီးကို ဖမ်းဆီးပြီး ကယ်တင်ခဲ့ကြသူများ(ရုပ်သံ)”

လွန်ခဲ့တဲ့ ၂ နှစ်က ကျနော် post တင်ဖူးတဲ့ မိကျောင်းကြီးဟာ လည်ပင်းမှာစွပ်နေတဲ့တာယာကွင်းကလွတ်မြောက်သွားပါပြီ။

အဲ့ဒီတုန်းက အင်ဒိုနီးရှားအစိုးရက ဆူလာဝေစီကျွန်း Palu city နားရှိ (၁၇) ပေရှည်တဲ့မိကျောင်းကြီးလည်ပင်းမှာ ရာဘာတာယာစွပ်နေတာကိုတွေ့ရလို့ ဖြုတ်ပေးနိုင်သူကို ဆုချီးမြှင့်မယ်လို့ ကြေညာချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမိကျောင်းကြီးလည်ပင်းမှာ တာယာကွင်းစွပ်နေတာ ၅ နှစ်ရှိပါပြီ။ မိကျောင်းခိုးဖမ်းတဲ့အဖွဲ့တစ်ဖွဲ့က တာယာကွင်းစွပ်ပြီးဖမ်းဖို့ကြိုးစားခဲ့တယ်လို့ ယူဆထားကြပါတယ်။

ဩစတေးလျမှ တီဗီမင်းသား မိကျောင်းဖမ်းသူတစ်ယောက်လည်း ဒီမိကျောင်းကြီးကိုဖမ်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အခုတော့ Titi တီတီအမည်ရှိ အသက် ၃၄ နှစ်ရှိငှက်ရောင်းသမားတစ်ယောက်က ကြိုးစားဖမ်းခဲ့ရာမှာ အောင်မြင်သွားတာဖြစ်ပါတယ်။

တီတီဟာ ကြက်တွေနဲ့မျှားပြီး မိကျောင်းကြီးကို ကြိုးတွေနဲ့ဖမ်းဖို့ ၃ ပတ်ကြိုးစားခဲ့တာဖြစ်ပါတယ်။

တီတီကပထမအကြိမ်ဖမ်းရာမှာ ကြိုးမခိုင်လို့မအောင်မြင်ခဲ့ပဲ နောက်ဆုံးသင်္ဘောဆွဲတဲ့ Tagging boat ကနိုင်လွန်ကြိုးကိုသုံးမှအောင်မြင်ခဲ့ပါတယ်။

တီတီကမိကျောင်းကြီးကို ကြိုးနဲ့ဖမ်းအပြီးမှာ လူပေါင်းတစ်ဒါဇင်လောက်က ဝင်ကူပြီးမိကျောင်းကြီးရဲ့လည်ပင်းကတာယာကိုဖြတ်ထုတ်ခဲ့တာဖြစ်ပါတယ်။

တီတီက မိကျောင်းကြီးကမယုံနိုင်လောက်အောင် လေးလံလွန်းလို့ သူခြေကုန်လက်ပန်းကျနေပြီမို့ ကျန်တဲ့လူတွေဝိုင်းကယ်ပါစေလို့ ထိုင်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော့်အနေနဲ့ တိရိစ္ဆာန်တစ်ကောင် ကာလကြာရှည်စွာ ခံစားနေရတဲ့ဒုက္ခကိုမကြည့်နိုင်လို့ အခုလိုကြိုးစားကယ်ခဲ့တာ” လို့ တီတီကဆိုပါတယ်။

မိကျောင်းကြီးကို တာယာကွင်းဖြုတ်ပြီးပြီးချင်း ရေထဲပြန်လွှတ်ပေးခဲ့ပါတယ်။

တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင်က အခုလိုတီတီရဲ့ ရဲစွမ်းသတ္တိနဲ့ကြိုးပမ်းမှုအတွက် ဆုထိုက်ထိုက်တန်တန်ချီးမြှင့်မယ်လို့ဆိုပါတယ်။

“တချို့အလုပ်တွေဟာ အန္တရာယ်များသလို ဝန်ကြီးမားလှတဲ့အတွက် ရဲစွမ်းသတ္တိရှိရုံတင်မကပဲ ဇွဲရှိရှိနဲ့ အလျော့မပေးပဲ ကြိုးပမ်းဖို့လိုပါတယ်။”

ရုပ်သံကြည့်ရန် (၁)

ရုပ်သံကြည့်ရန် (၂)

“အန္တရာယ်များတဲ့ အလုပ်တစ်ခုခုစတင်ချိန်မှာ ရပ်ကြည့်နေတဲ့သူတွေများပေမယ့် တကယ့်အောင်မြင်မှုရလုလုမှာ ဝင်ပါမယ့်သူတွေရှိစမြဲပါ။ ဒီလူတွေလည်း လိုအပ်ပါတယ်။”

Richard Myo Thant

9-February -2022