Local News

အတိတ်ဘဝက ချစ်သူတွေဖြစ်တယ်ဆိုတဲ့ မိဘများရဲ့ယုံကြည်မှုကြောင့် အချင်းချင်း လက်ထပ်ထိမ်းမြားခဲ့ကြရတဲ့ အသက် ၅နှစ်အရွယ် အမွှာနှစ်ဦး

ထိုင်းနိုင်ငံမှ ၅နှစ်အရွယ် အမွှာနှစ်ယောက်ဟာ အတိတ်ဘဝမှာ ချစ်သူများဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကို ဖြည့်ဆည်းရန်အတွက် အချင်းချင်းလက်ထပ်ခြင်းခံခဲ့ရပါတယ်။အဆိုပါကောင်လေးနှင့် အစ်မဖြစ်သူတို့ဟာမတ်လ ၄ရက်နေ့က ထိုင်းနိုင်ငံ Nakhon Si Thammarat ပြည်နယ်ရှိ၎င်းတို့ရဲ့နေအိမ်မှာ လက် ထပ်ခဲ့ကြပါတယ်။

The Sun သတင်းအရ ၎င်းတို့ရဲ့မိဘများကအဆိုပါအမွှာနှစ်ယောက်ဟာအတိတ်ဘဝမှယခင်ဆက်သွယ်မှုကြောင့်အတူတကွမွေးဖွားလာခဲ့ကြတယ်လို့ ယုံကြည်ခဲ့ကြပြီး အဆိုပါအမွှာဟာ သူတို့ရဲ့ဆက်ဆံရေးမပြတ်သွားခင်က သူတို့ဟာ ချစ်သူစုံတွဲများဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ထို့အပြင် မိဘများကအဆိုပါအမွှာတို့ဟာသူတို့ရဲ့ယခင်ဘဝကဆက်ဆံရေးမှကံမကောင်းမှုများကြောင့်သူတို့ရဲ့ယခုဘဝမှာကံဆိုးမှုများမကျရောက်လာစေရန်အတွက် သူတို့နှစ်ဦးအား အမြတ်ဆုံးသောအချိန်မှာ လက်ထပ်ထိမ်းမြားပေးရန် လိုအပ်ကြောင်း အခိုင်အမာပြောဆိုခဲ့ကြပါတယ်။မိတ်ဆွေများနှင့်မိသားစုများတက်ရောက်ခဲ့သည့် ၎င်းမင်္ဂလာဆောင်အခမ်းအနားမှာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကကောင်လေးနှင့်ကောင်မလေးအားကောင်းချီးပေးခဲ့ပြီးနောက်ရိုးရာထိုင်းအခမ်းအနားများအနေဖြင့် တေးဂီတ ၊ အကပွဲများကျင်းပခဲ့ကြပါတယ်။

ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ လက်ဖွဲ့ပစ္စည်းများကိုတော့ မိသားစုရဲ့ဆွေမျိုးသားချင်းများကလက်ဖွဲ့ပေးခဲ့ကြပါတယ်။“ အကယ်လို့ခင်ဗျားတို့ရဲ့ကလေးတွေက ကျား၊မ မတူတဲ့အမွှာအဖြစ် မွေးဖွားလာခဲ့ရင် သူတို့ကို လက်ထပ်ပေးရမယ် သို့မဟုတ်ရင် သူတို့ထဲက တစ်ယောက်က သူ့ရဲ့နောင်လာမယ့်ဘဝမှာ အမြဲနားမကျန်းဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ် ၊

ကျွန်တော်တို့က ကလေးတွေဘေးကင်းလုံခြုံအောင်လုပ်ဖို့အတွက်သာ လုပ်နေတာပါ ၊ သူတို့ကိုမဖျားနာစေချင်ဘူး ၊ဒီယုံကြည်ချက်ကိုလိုက်နာမယ်ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး” လို့ ဖခင်ဖြစ်သူက ဂုဏ်ယူစွာ ရှင်းပြခဲ့ပါတယ်။ထို့အပြင် မိခင်ဖြစ်သူကလည်း “ အမွှာမွေးရတာ အရမ်းကံကောင်းတယ် ၊ ဒါပေမဲ့ သူတို့ရဲ့အရင်ဘဝကနေ တစ်ခုခုက သူတို့နောက်ကိုလိုက်နေမှာကို ကျွန်မ စိုးရိမ်မိတယ် ၊

ကျွန်မတို့ရဲ့ယုံကြည်ချက်ကသူတို့ရဲ့အရင်ဘဝကကံကိုရှင်းလင်းပစ်ဖို့ သူတို့ကိုလက်ထပ်ပေးရမှာပါဘဲ”လို့ဆိုခဲ့ပါတယ်။၎င်းအမွှာအတွက်မင်္ဂလာရှိတဲ့လက်ထပ်ပွဲကို ကျင်းပပေးခဲ့ကြသော်လည်း သူတို့ရဲ့လက်ထပ်ခြင်းကို တရားဝင် အသိအမှတ်ပြုခြင်းမရှိဘဲ အခမ်းအနားရည်ရွယ်ချက်များအဖြစ်သာ ပြုလုပ်ခဲ့ကြပါတယ်။

crd