ဗဟုသုတ

အိပ်စက်နေရင်း အခြားသူတွေထံမှ အနှောက်အယှက်များခံယူကာ ၇နာရီအတွင်း ဒေါ်လာ ၁၆,၀၀၀ အထိ ဝင်ငွေရှာနိုင်ခဲ့တဲ့ အမျိုးသား(ရုပ်သံ)

အိပ်စက်နေရင်း အခြားသူတွေထံမှ အနှောက်အယှက်များခံယူကာ ၇နာရီအတွင်း ဒေါ်လာ ၁၆,၀၀၀ အထိ ဝင်ငွေရှာနိုင်ခဲ့တဲ့ အမျိုးသား(ရုပ်သံ)

သင်အိပ်ပျော်နေတဲ့နေရာမှာ bug တွေကို ထားပြီး ဆူညံသံတွေကြား အိပ်ပျော်တတ်ပါသလား။ကောင်းပါပြီ ၊ အမျိုးသားတစ်ဦးဟာ အဲ့ဒီလို ဖြစ်အောင်လုပ်ခဲ့ပြီး သူလုပ်ခဲ့သမျှအားလုံးဟာအိပ်နေရင်းအင်တာနက်ပေါ်မှာ liveလွှင့်ထားပစ်လိုက်တာပါဘဲ။Twitch streamerတစ်ဦးဖြစ်တဲ့အဆိုပါအမျိုးသား Asia Andyဟာ တစ်ညတွင်းချင်း ဒေါ်လာ ၁၆,၀၀၀ ရရှိခဲ့ပြီး သူ့ရဲ့ကြည့်ရှုသူများအား သူ့ကိုနှိုးရန် ခွင့်ပြုခဲ့ပါတယ်။

အစီရင်ခံစာများအရ Andyဟာ သူ့ရဲ့ ပရိသတ်များအား ခွေးဟောင်ခြင်းနှင့် ကျယ်လောင်တဲ့ဆူညံသံအမျိုးမျိုးမှတစ်ဆင့် အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်သည့်အခြားနည်းလမ်းများစွာကို ပေးကာ ဝင်ငွေရှာခဲ့ပါတယ်။ YouTube မှာ subscribers ပေါင်း ၁ သန်းကျော်ရှိတဲ့ Andy ဟာ နောက်ပိုင်းမှာ ၎င်းနှင့် ပတ်သက်တဲ့ဗွီဒီယိုတစ်ခုတင်ခဲ့ပါတယ်။

သူ့ရဲ့ follower များက တေးဂီတဖွင့်ပြခြင်း ၊ မက်ဆေ့ခ်ျပို့ခြင်း ၊ နှိုးစက်များကို ကျယ်လောင်စွာ ဖွင့်ကြပုံကို တွေ့မြင်ရပါတယ်။၎င်းကို တိုက်ရိုက် live လွှင့်နေစဉ်အတွင်း စာသားမှ စကားပြောအသိအမှတ်ပြုခြင်းစနစ်ဖြင့် ပြောင်းလဲပြုလုပ်နိုင်ပါတယ်။ယခင်က Andy ဟာ Uber မောင်းသူတစ်ဦးဖြစ်ပြီး တစ်နာရီလျှင် ဒေါ်လာ ၁၆ သာရရှိခဲ့ပါတယ်။

ယခုသူဟာ ၇ နာရီအတွင်း ဒေါ်လာ ၁,၆၀၀ရရှိခဲ့ပါတယ်။ထုံးစံအတိုင်း Los Angeles မြို့မှအသက် ၂၆နှစ်အရွယ် Andy ဟာအချိန်နည်းနည်းလေးနဲ့ ဝင်ငွေအများကြီးရှာနိုင်တဲ့အလုပ်ကို တွေ့လိုက်ရတဲ့အခါ သူ့ရဲ့အံ့အားသင့်မှုနှင့် ကျေးဇူးတင်ကြောင်းတို့က ပြောမပြနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။

“ ဘုရားသခင်ကို ကျေးဇူးအရမ်းတင်တယ် ၊ You guys … ဒေါ်လာ ၁၆,၀၀၀ ?.. ငါ Uber တစ်နာရီစာမောင်းမှ ဒေါ်လာ ၁၆ဘဲရတာ ငါ Uber မောင်းလေ့ရှိတယ်၊ အဲ့တာနဲ့ ကျောင်းတက်နေရတာ ၊ အခုတော့မင်းတို့ကငါ့ရဲ့ဘဝကိုကယ်တင်ပေးလိုက်ပြီ ဒါအတော်လေးရူးသွပ်စရာဘဲ ”လို့ Andy က မှတ်ချက်ပေးခဲ့ပါတယ်။များသောအားဖြင့် gamerတွေဟာ onlineမှ ဗီဒီယိုဂိမ်းများကို live-streaming အတွက် အသုံးပြုကြပြီး Twitch ဟာအခြားအရာများအတွက်လည်း လူကြိုက်များပါတယ်။

တကယ်တမ်း Asian Andy ဟာ platform အား အသုံးပြုနေစဉ်အတွင်း ၎င်းအိပ်စက်ခြင်းအစီအစဉ်ကို ပထမဆုံးစတင်ခဲ့သူမဟုတ်ပါဘူး။၂၀၁၇ခုနှစ်မှာ Twitch Influencer တစ်ဦးဖြစ်တဲ့ Ice Poseidon က အိပ်နေရင်း ၈နာရီအတွင်း ဒေါ်လာ ၅,၀၀၀ အထိ ဝင်ငွေရှာခဲ့ပါသေးတယ်။

crd