ဗဟုသုတ

အသက် (၁၅၀) လောက်အထိ နေချင်တဲ့ မိုက်ကယ်ဂျက်ဆင်က ပြခဲ့တဲ့ သံဝေဂတရား

အသက် (၁၅၀) လောက်အထိ နေချင်တဲ့ မိုက်ကယ်ဂျက်ဆင်က ပြခဲ့တဲ့သံဝေဂတရား

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေခြေမအဆုံ းသူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန်(၁၂)ယောက်ထိသူခန့်ထားခဲ့တယ်။သူနေ့စဉ်စားမယ့်အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။

သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။သူ့ရဲ့အိပ်ယာမှာအောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ အစိတ်အပိုင်းအမျိုးမျိုးကိုလှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင် အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။

ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့်သူ မအောင်မြင်ခဲ့ပါဘူး (၂၀၀၉)ခုနှစ် ၊ ဇွန်လ(၂၅)ရက် သူ့အသက်(၅၀)နှစ် အရွယ်မှာတော့မိုက်ကယ်ဂျက်ဆင် ရဲ့နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။မိသားစုဆရာ ဝန်(၁၂)ယောက် အပါအဝင် အခြားသောဆရာဝန်ကြီးများစွာဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာမိုက်ကယ်ဂျက်ဆင် ကို မကယ်တင်နိုင်ခဲ့ကြဘူး။

(၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။
မိုက်ကယ်ဂျက်ဆင်ရဲ့ဈာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(03:15)မှာ လူမှုကွန်ယက်ဝက်ဆိုက်တွေဟာလုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က ဂူးဂဲ မှာ မိုက်ကယ်ဂျက်ဆင်နာမည်ကိုတစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။

ဒါပေမယ့် နေ့မအားညမနား လိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာကျွန်တော်တို့နာမည်ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။ ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား “စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။

ချမ်းသာတာက ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။

ZAWGYI

အသက် (၁၅၀) လောက်အထိ နေချင်တဲ့ မိုက်ကယ်ဂျက်ဆင်က ပြခဲ့တဲ့ သံဝေဂတရား မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့်ဆံဖျားကနေခြေမအဆုံးသူ့ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ဖို့မိသားစုဆရာဝန်(၁၂)ယောက်ထိသူခန့်ထားခဲ့တယ်။ သူနေ့စဉ်စားမယ့်အစား အသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။

သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။သူ့ရဲ့အိပ်ယာမှာအောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ အစိတ်အပိုင်းအမျိုးမျိုးကိုလှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင် အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။

ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး (၂၀၀၉)ခုနှစ် ၊ဇွန်လ(၂၅)ရက် သူ့အသက်(၅၀)နှစ်အရွယ်မှာတော့မိုက်ကယ်ဂျက်ဆင်ရဲ့ နှလုံးဟာလုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာ ဝန် (၁၂)ယောက် အပါအဝင် အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင် ကို မကယ်တင်နိုင်ခဲ့ကြဘူး။

(၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။မိုက်ကယ်ဂျက်ဆင်ရဲ့ဈာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(03:15)မှာ လူမှုကွန်ယက်ဝက်ဆိုက်တွေဟာလုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က ဂူးဂဲ မှာ မိုက်ကယ်ဂျက်ဆင် နာမည်ကိုတစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါကိုမှားတယ်လို့လည်း ပြောလို့မရပါဘူး။ ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကမ္ဘာတစ်ခုဖြစ်လာတာကြောင့် ကျွန်တော်တို့ဟာ အဲဒီနောက်ကိုလိုက်ကြရမှာပဲ။ ဒါပေမယ့် နေ့မအားညမနား လိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။

ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ဒါကြောင့်ကျွန်တော်တို့ဟာကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။ ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား “စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။

ချမ်းသာတာက ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီးစိတ်မချမ်းသာရတာကသာပြဿနာဖြစ်ပါတယ်။ကျွန်တော်တို့ကကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။

crd