ဗဟုသုတ

ခြေချောင်းသေးသေးနဲ့ အမွေးလုံးလုံးလေးမို့ လူတိုင်းက သိုးလို့ထင်နေခဲ့တဲ့ ခွေးလေး

အခုတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ သခင်ရဲ့ပြင်ဆင်ခြယ်သပေးမှုကြောင့် သိုးတစ်ကောင်နဲ့တူနေသလို ဘောလုံးနဲ့ လည်း တူနေလို့ Instagram မှာ လူပြောများပြီး လူချစ်လူခင်များနေပါတယ်။

ဒီခွေးလေးက sesame လို့ခေါ်ပြီး ဂျပန်နိုင်ငံမှာနေထိုင်တာပါ။ခွေးလေးရဲ့ဓာတ်ပုံတွေကိုသခင်ဖြစ်သူကမျှဝေပေးလိုက်ပြီးတဲ့နောက်မှာ လူအများက “ဟယ် သူက ဖျံ လား ၊ သိုး လား ၊ ခွေးလား ” ၊ “ ခွေးနဲ့သိုးနဲ့ စပ်ထားတာလား” ၊ “ ချစ်စရာလေး ဟယ်” စတဲ့ ချစ်မဆုံးတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

လူတစ်ယောက်က “ သူက ဒီဖျံနဲ့တူတယ်” ဆိုပြီး ဝကတ်နေတဲ့ ဖျံပုံလေးနဲ့ နောက်ပြောင်ထားပါသေးတယ်။ တစ်ကယ်လည်း ခွေးလေးရဲ့ပုံစံက ဖျံနဲ့တူသလို သိုးနဲ့လည်းတူနေလို့ ချစ်ဖို့အရမ်းကောင်းနေပါတယ်။

#4

#5

#6

#7

#8

#9

#10

#11

crd