Local News

Tissue ရောင်းရင်း ဗိုက်ဆာနေပုံရတဲ့ မသန်စွမ်းသူတစ်ဦးအား ကိုယ်တိုင် အစာခွံကျွေးပေးနေခဲ့တဲ့ အမျိုးသား

Tissue ရောင်းရင်း ဗိုက်ဆာနေပုံရတဲ့ မသန်စွမ်းသူတစ်ဦးအား ကိုယ်တိုင် အစာခွံကျွေးပေးနေခဲ့တဲ့ အမျိုးသား

ကျွန်တော်တို့အများစုဟာ အပြင်သို့ ညစာထွက်စားဖြစ်တဲ့အခါ အချင်းချင်းစကားလက်ဆုံပြောနေချိန်တုန်းမှာပဲ ကျွန်တော်တို့ရဲ့အစားအစာတွေကို စားရင်းပြောရင်းနဲ့ အချိန်ကုန်သွားကြရပါတယ်။ထို့နောက်ကျွန်တော်တို့ဟာ များသောအားဖြင့် ကျွန်တော်တို့ရဲ့အစားအစာများကို ပြီးအောင် စားဖို့လုပ်ကြပြီးပြီးတာနဲ့ ငွေရှင်းကာ ဆိုင်ကနေ ထွက်ခွါသွားတတ်ကြပါတယ်။

သို့ပေမဲ့ စင်္ကာပူနိုင်ငံရှိ Bedok မြို့တွင်ညစာစားရန်အပြင်ထွက်ခဲ့ကြတဲ့သူငယ်ချင်းအုပ်စုတစ်စုအတွက်မသန်စွမ်းသူတစ်ဦးဟာအစာစားရန်အခက်တွေ့နေသည်ကိုသတိပြုမိစေခဲ့သောကြောင့် ၎င်းတို့အုပ်စုထဲမှတစ်ယောက်ကအဆိုပါ မသန်စွမ်းသူအားကူညီကျွေးမွေးပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။၎င်းကြင်နာတဲ့လုပ်ရပ်တစ်ခုကို Instagram ရှိ @sgfollowsall acc က တင်ပေးထားပြီး ၎င်း post ဟာ လက်ရှိမှာ ကြည့်ရှုသူပေါင်း 105,000 ကျော် အထိရှိနေပါတယ်။

တင်ထားတဲ့caption အရအဆိုပါမသန်စွမ်းသူဟာ tissue ရောင်းချသူဖြစ်ပြီးထိုအချိန်မှာ၎င်းသူငယ်ချင်းအုပ်စုဟာSimpang Bedok ရှိ အစားအသောက်စင်တာမှာ ရှိနေခဲ့ကြပါတယ်။Tissue ရောင်းတဲ့မသန်စွမ်းသူအား အစာကျွေးပေးခဲ့သူမှာ အသက် ၂၄ နှစ်အရွယ် Khairul Anwar အမည်ရှိအမျိုးသားဖြစ်ပြီး Khairul နှင့်သူငယ်ချင်းများက အဆိုပါ tissue ရောင်းသမားက သူများအစာစားနေတာကို ကြည့်နေခဲ့ပုံအရ သူ အတော်လေး ဗိုက်ဆာနေခဲ့ပုံပါဘဲ လို့ MS News သို့ ပြောကြားခဲ့ပါတယ်။

ထို့ကြောင့် Khairul တို့ဟာ အဆိုပါ tissue ရောင်းသမားအား အစာအစားဝယ်ကျွေးခဲ့ကြပြီး အဆိုပါ tissue ရောင်းသမားဟာ အစာစားဖို့ လုပ်တော့မယ့်အချိန်မှာ သူဟာ အစာယူစားဖို့ ခက်ခဲနေခဲ့သည်ကို Khairul က ရိပ်မိသွားခဲ့ပါတယ်။ထို့နောက်Khairul ကအကူအညီလိုအပ်လားလို့မေးခဲ့ပေမဲ့ထို tissue ရောင်းသမားက သူ့ကို ကြည့်ပြီး စကားပြန်မဖြေခဲ့ပါဘူး။ထိုသူဟာ ကိုယ်တိုင် အစာစားဖို့ ခက်ခဲရုံသာမက စကားလည်း မပြောနိုင်တာကြောင့် သူဟာ အခြားသူအား အထိမ်းအမှတ်ပြုနိုင်ဖို့ ခေါင်းညိတ်ခြင်းနှင့် ပြန်ပြံးပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်ပါတယ်။

ထို့နောက် ထိုသူဟာ တစ်ယောက်တည်းရှိနေခဲ့တာကြောင့် Khairul က သူ့နှင့်အတူ စားသောက်ရန် ဆုံးဖြတ်ချက်ချကာ သူ့ရှေ့မှာသွားထိုင်ခဲ့ပြီး အစားပါ ခွံကျွေးပေးခဲ့ပါတယ်။ကြင်နာတတ်တဲ့ Khairul ရဲ့လုပ်ရပ်ဟာ Instagram အသုံးပြုသူများထံမှ အပြုသဘောဆောင်တဲ့မှတ်ချက်များစွာကို ရရှိခဲ့ရပါတယ်။လူအချို့ကလည်း အပျက်သဘောဆောင်တဲ့မှတ်ချက်များကို ပေးခဲ့ကြပေမဲ့ ကြင်နာတတ်တဲ့ Khairul ရဲ့လုပ်ရပ်က ၎င်းမှတ်ချက်တွေကို ပျေက်ကွယ်သွားစေခဲ့ပါတယ်။

သူရဲကောင်းများအားလုံးဟာ ဝတ်စုံတွေမဝတ်ထားတတ်ကြပေမဲ့ သူတို့မှာ နွေးထွေးကြင်နာတဲ့နှလုံးသားတစ်စုံရှိနေပါတယ်။Khairul ရဲ့လုပ်ရပ်ဟာ လူအများရဲ့နှသားကို ထိမိစေခဲ့တာကြောင့် လတ်တလောမှာတော့ Khairul ဟာ social media ပေါ်မှာ လူပြောများနေပါတယ်။

crd