Local News

ခိုလှုံရာနေရာလေးရဖို့ ဖြတ်သွားဖြတ်လာတွေကို လက်ကမ်းပြီး ခေါ်သွားဖို့အကူအညီတောင်းနေခဲ့တဲ့ ခွေးလေး

Speck လို့ခေါ်တဲ့ ဒီခွေးလေးဟာ Bullock County Humane Society မှာရှိတဲ့ သူ့ရဲ့လှောင်အိမ်ထဲမှာနေခဲ့တုန်းကလှောင်အိမ်ရှေ့ဖြတ်လျှောက်သွားသူတိုင်းကို လက်လေးထုတ်ရင်း အချစ်ခံရဖို့နှုတ်ဆက်တတ်ပါတယ်။Speck က ဂေဟာ မှာ နေခဲ့တာ တစ်နှစ်ကြာပြီဆိုပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို အိမ်ခေါ်မွေးစားဖို့ အမြဲတောင်းတနေခဲ့ပါတယ်။

သူဟာ အဲ့လိုလုပ်ဖို့လည်း အရှုံမပေးခဲ့ပါဘူး။Speck ဟာ တစ်စုံတစ်ယောက်က သူ့လှောင်အိမ်ရှေ့ရောက်လာရင် သံတံခါးကြားမျက်နှာနဲ့လက်လေးထုတ်တတ်လို့ မြင်သူတိုင်းက သူ့ရဲ့ချစ်စရာကောင်းမှု၊ နွေးထွေးမှုတွေကို ရှောင်ဖယ်လို့မရအောင် ဖြစ်နေခဲ့ရပါတယ်။

Speck ဟာ ခွေးကြီးတွေ ၊ကြောင်တွေ နဲ့ အရုပ်တွေထပ် လူတွေရဲ့အာရုံစိုက်မှုကို ပိုနှစ်သက်သလိုလူတွေနဲ့အကြည့်ချင်းစုံတဲ့အခါအခြားဘယ်အရာကိုမှ အရေးမစိုက်တတ်တော့ပါဘူး။Speck က သူနဲ့တွေ့ဆုံလိုက်တဲ့သူတိုင်းကို သူ့အချစ်တွေနဲ့ လွှမ်းမိုးစေတတ်ပြီး အကယ်လို့ သူ့လှောင်အိမ်ထိုင်ချလိုက်ရင် သင့်လက်ကို လှမ်းထိတတ်ပါသေးတယ်။

ထို့ကြောင့် အဆိုပါဂေဟာကလည်း သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အကျင့်ကို ကမ္ဘာကို ချပြဖို့ရိုက်ကူးခဲ့ပြီး social mediaပေါ်မျှဝေပေးခဲ့ပြီးနောက်လူအများက Speck လေးကို ချစ်မဆုံးဖြစ်ခဲ့ကြပါတယ်။အဆိုပါဗီဒီယိုဟာ Speck လေးရဲ့ဘဝကို ပြောင်းလဲပစ်ဖို့ အချိန် ၃ ရက်သာကြာခဲ့ပြီး ဂေဟာရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ Speck ကို မွေးစားမယ့် မိသားစုဆီမှ အဆက်အသွယ်ရခဲ့ပါတော့တယ်။

Speck ဟာ နောက်ဆုံး သူနဲ့ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အံ့ဩစရာကောင်းတဲ့လယ်ကွင်းကျယ်ပတ်ပတ်လည်မှာသူ့မောင်နှမအသစ်တွေနဲ့ ပြေးလွှားရင်း မိသားစုအသစ်နဲ့ ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

crd