ဗဟုသုတ

လမ်းမကြီးပေါ်က ချိုင့်ခွက်ကို ကိုယ်ပိုင်လုပ်အားနဲ့ ပြုပြင်မွမ်းမံနေခဲ့တဲ့ အဘိုးအို

လမ်းမကြီးပေါ်က ချိုင့်ခွက်ကို ကိုယ်ပိုင်လုပ်အားနဲ့ ပြုပြင်မွမ်းမံနေခဲ့တဲ့ အဘိုးအို

ဒီတစ်ခေါက်ဖော်ပြမဲ့ အဘိုးအိုရဲ့စိတ်ဓာတ်ကတော့ အတော်လေးကို လေးစားဖွယ်ရာကောင်းလွန်းလှပါတယ် ။ လမ်းမကြီးပေါ်က ပျက်စီးနေတဲ့ချိုင့်ခွက်လေးကို ကိုယ်ပိုင်လုပ်အားနဲ့ ပြုပြင်ခဲ့တဲ့အပြင် လိုအပ်တဲ့ပစ္စည်းများကိုလည်း စက်ဘီးလေးနဲ့ သယ်လာခဲ့တာပါ ။

ထို့နောက် ပြုပြင်ထားတဲ့ နေရာလေး မခြောက်သေးခင် ကားတွေဖြတ်သန်းသွားလာလို့ ပျက်စီးမှာကြောက်ပြီးကိုယ်တိုင်ဘေးလေးမှာထိုင်စောင့်နေခဲ့ပါသေးတယ် ။

ဖြတ်သန်းသွားလာသူများက အဘိုးအိုရဲ့မွန်မြတ်လှတဲ့ လုပ်ရပ်တွေကိုတွေ့ရှိပြီး ဓာတ်ပုံရိုက်ယူကာ social media ပေါ်မှာ ဝေမျှခဲ့ကြပါတယ် ။ ကြည့်လိုက်တာနဲ့ ရင်ထဲကိုလှုပ်ခတ်သွားစေမဲ့ မြင်ကွင်းလေးတစ်ခုပါပဲလေ ။